DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် သယံဇာတခွဲဝေမှု မူဝါဒတစောင် ၂၁ ရာစုပင်လုံညီလာခံ၌ တင်သွင်းမည်
DVB
·
December 22, 2019
ရခိုင်ပြည်နယ် သယံဇာတခွဲဝေမှု မူဝါဒတစောင် ၂၁ ရာစုပင်လုံညီလာခံ၌ တင်သွင်းမည်
Donate to DVB

ရခိုင်ပြည်နယ်အတွက် သုတေသန အခြေခံထားတဲ့ သယံဇာတခွဲဝေမှုဆိုင်ရာ မူဝါဒတစောင်ကို လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တင်သွင်းသွားဖို့ ရှိနေပါတယ်။

ဒီလိုတင်သွင်းဖို့အတွက် ရခိုင်ပြည်နယ် ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံ အခြေခံမူများဆိုင်ရာ အကြံပြုဆွေးနွေးပွဲကို စစ်တွေမြို့ အာရိယာန်ခန်းမမှာ  ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိကျင်းပပြီး ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စတဲ့ လူပုဂ္ဂိုလ် ၇၀ ကျော်ရဲ့ သဘောထားရယူခဲ့တာပါ။

ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်အတွက် ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက် ခွဲဝေသုံးစွဲမှု တနှစ်ကို ကျပ်ငွေ ၁၄၀ ဘီလီယံ ခွဲဝေပေးနေပေမယ့် ရခိုင်ပြည်နယ်က ရရှိနေတဲ့ သယံဇာတတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါးနေသလို လယ်ယာကဏ္ဍနဲ့  စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ အလွန်နည်းပါးနေတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုတွေထဲမှာ သယံဇာတခွဲယူတဲ့အခါ အခွန်အာဏာတွေ ပြည်နယ်အစိုးရက ဘယ်လို တာဝန်ယူမလဲ၊ ပြည်ထောင်စုအစိုးရကရော ဘယ်လို တာဝန်ယူမလဲ ဆိုတဲ့ အချက်လက်တွေလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေ အများအားဖြင့်လုပ်ဆောင်နေ တာတွေ့ရပြီး ဒေသဖွံ့ဖြိုးရေးတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးအပိုင်းတွေကို လုပ်ဆောင်မှု နည်းပါးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍကို ပြည်ထောင်စုက စီမံခန့်ခွဲပြီး အဲဒီကဏ္ဍကို  ပြည်နယ်အစိုးရက စီမံခန့်ခွဲမှုရပါက ပိုမိုတိုးတက်ဖွံ့ဖြိုးလာမယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။ 

သုတေသနကို အခြေခံတဲ့ မူဝါဒတစောင် ထွက်ရှိလာဖို့ ရခိုင် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုမှာ လုပ်ဆောင်နေတာဖြစ်ပြီး ဒီစာစောင်တွေကို လာမယ့် ၂၁ ပင်လုံညီလာခံမှာ တင်သွားဖို့အတွက် ငြိမ်းဖောင်ဒေးရှင်း သုတေသနနဲ့ မူဝါဒရေးရာအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013