အင်းလေးကန်ရေရှည်တည်တံ့ဖို့အတွက် အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေမူကြမ်းကို ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် စတုတ္ထနေ့ ပုံမှန်အစည်းအဝေးမှာ ဥပဒေ မူကြမ်းကော်မတီက ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုလိုက်တာလို့ ညောင်ရွှေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။
ဥပဒေမူကြမ်းအတည်ပြုပြီး ဥပဒေ ထွက်လာတဲ့အခါ အင်းလေးကန်ရေရှည်တည့်တံ့ရေးအတွက် ပိုမိုလုပ်ဆောင်လာနိုင်မယ်လို့ ဆိုပါတယ်။
အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တင်သွင်းပြီး အခန်း ၁၀ ခန်း၊ ပုဒ်မ ၂၃ ခုနဲ့ အတည်ပြုလိုက်ပါတယ်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လေးရက်အတွင်း ဥပဒေမူကြမ်း လေးခုကို အတည်ပြုနိုင်ခဲ့ပါတယ်။
ခွန်ရာဇာ










