DVB Logo
Home
မြန်မာသတင်း
အလှမယ် ဝိုင်းလေး သီဆိုသည့် Frozen 2 ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
December 18, 2019
အလှမယ် ဝိုင်းလေး သီဆိုသည့် Frozen 2 ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

အလှမယ် အဆိုတော် ဝိုင်းလေး ပြန်လည်သီဆိုထားတဲ့ Frozen 2 ရုပ်ရှင်ဇာတ်ဝင်တေး ရုပ်သံဟာ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

‘Into the unknown’ အမည်ရတဲ့ ဒီသီချင်းဟာ နောက်ဆုံးထွက် နာမည်ကျော် ဒစ္စနေးရုပ်ရှင် Frozen 2 ထဲမှာ ပါဝင်ခဲ့ပြီး အမျိုးသမီး အဆိုတော် ၂ ယောက်ဖြစ်တဲ့ Idina Menzel နဲ့ Aurora တို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။

Frozen 2 ရုပ်ရှင်ကိုတော့ နာမည်ကျော် Walt Disney Studios က တင်ဆက်လိုက်တာ ဖြစ်ပြီး အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ Chris Buck နဲ့ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Jennifer Lee တို့က ပြန်လည်ရိုက်ကူးပုံဖော်ပေးထားကြတာပါ။

ဒီကားဟာ ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အော်စကာရုပ်ရှင်ထူးချွန်ဆုရ Frozen ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဘုရင်မ Elsa ၊ မင်းသမီး Anna ၊ မင်းသား Kristoff ၊ နှင်းလူသား Olaf ၊ ဒရယ်ဖိုကြီး Sven စတဲ့ ဇာတ်ကောင်တွေ ပါဝင်မှာဖြစ်ပြီး ရှေ့ရုပ်ရှင်ကားထဲက အဖြစ်အပျက်တွေအပြီး ၃ နှစ်လောက် ကြာသွားပြီးတဲ့နောက် ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ မတူညီတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးထားခဲ့တာပါ။

ဒီရုပ်ရှင်ကားထဲမှာ သရုပ်ဆောင် မင်းသမီး မင်းသားတွေ ဖြစ်ကြတဲ့ Idina Menzel ၊ Kristen Bell ၊ Jonathan Groff နဲ့ Josh Gad တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ Box Office မှာ သီတင်းပတ် ၃ ပတ်ဆက်တိုက် ရုံတင်ဝင်ငွေ ထိပ်ဆုံးနေရာကနေ ရပ်တည်နိုင်ခဲ့ပြီး ဒီကားထဲက ဇာတ်ဝင်သီချင်းတွေဟာလည်း ပရိသတ်တွေ နှစ်ခြိုက်အားပေးခဲ့ကြတဲ့ သီချင်းတွေ ဖြစ်ခဲ့တာပါ။

ခုလတ်တလော ဝိုင်းလေးရဲ့ သီဆိုဟန်နဲ့ ‘Into the unknown’သီချင်းမှာလည်း သူ့ရဲ့ ကိုယ်ပိုင်ဟန်၊ စတိုင်နဲ့ သီဆိုထားခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် ဝိုင်းလေးဟာ ၂၀၁၄ ခုနှစ် Miss World Myanmar အလှမယ်ဆုကို ရရှိခဲ့သူဖြစ်ပြီး နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ အိပ်မက်ဆုံရာ Season 4 မှာ Second Runner Up ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

ဝိုင်းလေးရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ ‘Selfie’ကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ‘Wyne’အမည်နဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ်ကို ထွက်ရှိထားခဲ့ပါတယ်။

ခုလတ်တလော Cover Song အနေနဲ့ သီဆိုထားခဲ့တဲ့ သီချင်းရုပ်သံကိုတော့ ပရိသတ်တွေက ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြပြီး ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013