DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှုအတွက် အရေးပါသည့် စီစီတီဗွီ Hard Disk ကို ပညာရှင်များ စတင်စစ်ဆေး
DVB
·
December 17, 2019
ဗစ်တိုးရီးယားအမှုအတွက် အရေးပါသည့် စီစီတီဗွီ Hard Disk ကို ပညာရှင်များ စတင်စစ်ဆေး
Donate to DVB

ဗစ်တိုးရီးယားအမှုအတွက် မူကြိုကျောင်းရဲ့  စီစီတီဗွီမှတ်တမ်းကို ပညာရှင်တွေရဲ့ အကူအညီနဲ့ နှစ်ဖက်ရှေ့နေတွေက ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်က နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ စတင်စစ်ဆေးနေပါတယ်။

စစ်ဆေးတဲ့ ရလဒ်တွေကို စုစည်းပြီး တရားရုံးထံကို တင်ပြသွားမယ်လို့  တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

“ဒီ Harddisk ပါတဲ့ DVR စက်ကြီးကို ပညာရှင်တွေနဲ့ ဒီကနေ့ ဖွင့်ပြီးတော့မှ စပြီးတော့ ဖော်ထုတ်စစ်ဆေးတဲ့ကိစ္စကို စပြီးတော့ ဆောင်ရွက်မှာ။ အားလုံးကတော့ ပညာရှင်တွေ အကုန်လုံးက ဒီမှာတော်တော်များများစုံနေပါပြီ။ သူတို့အသင့်ပါလာတဲ့ စက်ကိရိယာတွေလည်း ရှိတယ်။ အဲဒါတွေနဲ့ ရုံးတော်မှာရှိတဲ့ Hard disk ပါတဲ့ DVR စက်ကို ရုံးကနေ ထုတ်မယ်။ ရုံးတော်ကနေ ထုတ်ပေးမယ်။ ထုတ်ပြီးရင် အားလုံးက အဲဒီဟာကို ဒီနေ့စပြီးတော့ ဖွင့်မယ်ပေါ့။ အချိန်ကာလ ဘယ်လောက်ကြာမယ် ဆိုတာကိုတော့ ပညာရှင်တွေကမှ ပိုပြီးတော့သိရမယ်ပေါ့။ ကျမတို့က နှစ်ဖက်ရှေ့နေတွေ အားလုံး ဆုံမယ်။ ဥပဒေအရာရှိတွေ ဆုံမယ်။ ပြီးကျတော့ ဒီပညာရှင်တွေ အားလုံးဆုံပြီးတော့ ဒီဟာကြီးကို ဖွင့်မယ်ပေါ့”လို့  ဒေါ်ရွက်နုအောင်က ပြောပါတယ်။

အခုလို စီစီတီဗွီကို စစ်ဆေးမှု အဖြေရဲ့ရလဒ်တွေက အမှုအတွက်  ခိုင်မာတဲ့ အချက်အလက်တွေ ရလာနိုင်တယ်လို့ ရှေ့နေ ဒေါ်ရွက်နုအောင်က သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။

“ဒီဟာကို ဖွင့်လိုက်ခြင်းအားဖြင့် ဒီအမှုမှာ သက်သေအထောက်အထားတွေပေါ့။ ဒီဟာ ရှိသလား၊ မရှိဘူးလား ဆိုတဲ့ အ‌ဖြေပေါ် မူတည်ပြီးတော့ ကျမတို့ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ အများကြီး ဖြစ်လာလိမ့်မယ်။ ပြီးတော့ ခိုင်မာတဲ့ အချက်အလက်တွေလည်း ရလာလိမ့်မယ်။ အားလုံး ရှင်းရှင်းလင်းလင်းပေါ့၊ သိရမယ့်အ‌ခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်”

မနက်ဖြန် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ အမှုနဲ့ ပတ်သက်ပြီး အများစိတ်ဝင်စားနေတဲ့ Wisdom Hill မူကြိုကျောင်းက ဆရာမနှင်းနုကို စစ်ဆေးဖို့ အစီအစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013