DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် စစ်ကောင်စီက နေရာ ၁၅ ခုထက်မနည်း CCTV တပ်ဆင်
DVB
·
December 20, 2021
မုံရွာမြို့တွင် စစ်ကောင်စီက နေရာ ၁၅ ခုထက်မနည်း CCTV တပ်ဆင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာ ၁၉ ရက်ကစပြီး ဒီဇင်ဘာ ၂၀ ရက်အထိ CCTV ကင်မရာတွေ တပ်ဆင်နေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အရင်က မီးပွိုင့်တွေမှာသာ တပ်ဆင်ခဲ့ပြီး အခုက မီးပွိုင့်နေရာမဟုတ်တဲ့နေရာတွေပါ တပ်ဆင်လာတာကြောင့် ဒေသခံတွေ ခရီးသွားလာရေးမှာ လွတ်လပ်မှုမရှိမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ဒေသခံတစ်ဦးက “ဒီလို CCTV တပ်ဆင်တာက အရင်က မီးပွိုင့်တွေမှာသာ မြင်ဖူးတာ။ ဒီလိုတပ်ဆင်လာတာဟာ ကျနော်တို့ အမြင်ကတော့ ပြည်သူလူထုက သူတို့ကို မထောက်ခံတာရယ်၊ သတင်းအချက်လက်တွေ မပေးကြတာရယ်ကြောင့် အခုလိုလုပ်လာတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက CCTV ကင်မရာတွေကို ပြည်ထောင်စုလမ်းနဲ့ လမင်းစတိုးရှေ့၊ ဘိုးဘွားရိပ်သာ အနီး၊ ဇောတိက မီးပွိုင့်အနီး၊ မြို့လယ် မီးပွိုင့်အနီး၊ မုံရွာတက္ကသိုလ်တောင်အဝင်မုခ်ပေါက်အနီး၊ ဗိုလ်ချုပ်လမ်းနဲ့မုံရွာပြည်သူ့ ဆေးရုံကြီးအဝင်မုခ်၊ ဘောလုံးကွင်းအပေါက်အနီး၊ ချင်တွင်းတံတားအဆင်း သုံးမြောင့်ချွန်း၊ မုံရွာဘူတာလမ်းအဆုံးနဲ့ ပြည်ထောင်စုလမ်းဆုံက စပါယ်ရှယ် လက်ဖက်ရည်ဆိုင်ရှေ့၊ စီးပွားရေးဘဏ်နား၊ ကားလေးကွင်း ၀င်ပေါက်တွေ၊ ကားလေးကွင်းထိပ် ကုန်စည်ဒိုင်လမ်းတွေ တပ်ထားတယ်လို့ ဆိုပါတယ်။

နောက်ပြီး ပြည်ထောင်စုလမ်း ကားလေးကွင်း မရောက်ခင် မီးပွိုင့်ထပ်မံ တပ်ဆင်ခဲ့ပြီး မုံရွာ မြစန္ဒာခန်းမနားက ကျေးလက်လမ်း (ဆောက်လုပ်ရေးရုံး) နားမှာလည်း CCTV ၇ လုံး တပ်ထားပါတယ်။ 

နောက်ထပ်ဇလုပ်အဝိုင်းအပတ်အနီးမှာလည်း တပ်ဆင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို CCTVတွေ ထပ်တိုးတပ်ဆင်ရတဲ့ အကြောင်းအရင်းကို စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရက သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013