DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
December 15, 2019
ရင်ဖွင့်စာ
Donate to DVB

အနံ့ဆိုးများထွက်နေတဲ့ သာယာဝတီ ကွက်သစ်ရပ်ကွက်က ကြက်ခြံ အရေးယူပေးပါ

ကျမကတော့ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကွက်သစ်ရပ်ကွက် အောင်မင်္ဂလာလမ်းကပါ။ ပြောချင်တာကတော့ ကျမတို့အိမ်ဘေးမှာ ကြက်အကောင်ရေ ၅၀၀ ခန့်ရှိတဲ့ ကြက်ခြံရှိပါတယ်။ အဲ့ကြက်ခြံက အနံ့ဆိုးတွေ ထွက်နေလို့ သက်ဆိုင်ရာလူကြီးတွေကိုလည်း အဆင့်ဆင့်တိုင်ကြားထားပါတယ်။ တိုင်ကြားထားတာလည်း ၁ လတောင်ကျော်နေပါပြီ။ လာစစ်ပြီး ကြက်ခြံက မနံဘူးဟု ပြောပြီးပြန်သွားပါတယ်။ ပြီးတော့ ကြက်အကောင် ၅၀၀ ဟာ စီးပွားဖြစ်မွေးမြူတာမဟုတ်လို့ အရေးယူလို့မရဘူးလို့လည်း တိမွေးကု တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲ့ဒါကို တာဝန်ရှိသူများ သိအောင်ပြောပြပေးစေချင်ပါတယ်။ အဲ့ကြက်ခြံရဲ့ အနံဆိုးကိုနေ့စဉ် ရှူရှိုက်နေရခြင်းကြောင့် ကလေး သူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်/ရောဂါသည်တွေ ဒုက္ခရောက်နေရပါတယ်။

–စန္ဒာမျိုးလွင်

စဉ့်ကူးမြို့နယ်က သိမ်းဆည်းမြေ ပြန်ပေးပါ

ကျနော်တို့က သိမ်းဆည်းခံလယ်သမားတွေပါ။ စဉ့်ကူးမြို့နယ်၊ ရွှေပြည်အုပ်စု၊ စျေးကုန်းညောင်ကုန်းက ဘိုးဘွားပိုင် ဓားမဦးချမြေများကို ၁၃၈၀/၈၁ခုနှစ်က မြို့နယ်စုပေါင်းသမဆိုပြီး တောင်သူ လယ်သမားများကို ပြန်လည်မညှိနှိုင်းဘဲ သိမ်းဆည်းထားပါတယ်။ တောင်သူများမှလည်း အကြမ်းမဖက်ဘဲ အေးဆေးစွာ တောင်းဆိုနေတာကို ဖြေရှင်းပေးခြင်းမရှိသေးလို့ နိုင်ငံတော်သမ္မတကြီးနှင့် အတိုင်ပင်ခံ သိစေချင်ပြီး ဖြေရှင်းပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

–ကိုဆွေ

အရေးယူမခံရသည့် လောင်းကစားဒိုင်များကြောင့် ဘဝပျက်သူများနေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့နဲ့ အနီးနားရွာတွေမှာ လောင်းကစားနှစ်လုံး/သုံးလုံးနှင့် ဖဲဝိုင်းများ အကြီးအကျယ်လုပ်နေကြ၍ ဘဝပျက်သူ များနေကြောင်း၊ အရက်ပုန်းဆိုင်များလည်း လိုင်စင်စည်းမျဉ်းများနှင့်မညီစွာ ရောင်းသောဆိုင် များနေကြောင်း မည်သူမျှအရေးမယူ မဖမ်းဆီးကြောင်း တင်ပြပါသည်။

–အမည်မဖော်လိုသူတဦး

မီတာခ ကောက်ခံမှုများ သေချာစိစစ်ပေးပါ

ဒဂုံတောင်ပိုင်း သစ်ဆိုင်ကွေ့မီတာရုံးမှာ လူမနေတဲ့ အိမ်အတွက် မီတာဆောင်တဲ့အခါ ထိန်းသိမ်းစောင့်ရှောက်ခ ၅၀၀လို့ စာရွက်မှာ ရေးထားပြီး လူမနေလို့ ၆ လစာဆောင်ထားချင်လို့ပါဆိုတော့ တလ ၁၅၀၀ ဆောင်ရပါမယ်တဲ့။ ပြည်သူတွေအတွက် ဘယ်လိုလုပ်လုပ် အခက်ခဲချည်းပါပဲရှင်။ စာရွက်မရလို့ နောက်ကျပြန်ရင်လည်း နောက်ကျကြေး ၃၀၀၀ ပေးရပါတယ်။ သင်္ဃန်းကျွန်းမီတာရုံးမှာလည်း နောက်ကျတဲ့လအတွက် စာရွက်ရှာခိုင်းရင်လည်း ရှာခ ၁၀၀၀  ထပ်ပေးရပါတယ်။ သက်ဆိုင်ရာလူကြီးမင်းများ သိအောင် ဖတ်ပြပေးပါဦးနော်။

မော်လမြိုင် ကျောက်တန်းရပ်တောင်ပိုင်း၌ မူးယစ်ဆေးများ ပေါ်ပေါ်ထင်ထင် ရောင်းချနေ

မော်လမြိုင်မြို့ ကျောက်တန်းရပ်တောင်ပိုင်း(ကျောက်တန်း စက်မှုဇုန်နှင့်ကပ်လျက်) မှာ တရားမဝင်မူးယစ် ဆေးဝါးများ ပေါ်ပေါ်ထင်ထင် အရောင်းဝယ် ပြုလုပ်နေကြပါသဖြင့် ရပ်ကွက်နေပြည်သူများ စိတ်ဒုက္ခရောက်လျက်ရှိပါသည်။ သက်ဆိုင်ရာကို တိုင်ကြားဖို့ဆိုရာမှာလည်း အဆိုပါမူးယစ်ရောင်းဝယ်သူများရဲ့ ရန်ကို ကြောက်နေကြသဖြင့် ဘယ်သူမှမတိုင်ကြားရဲပါ။ ကျောက်တန်းရပ်ကွက် တနေရာမှာ လူငယ် ၂ ဦး လွတ်လွတ်လပ်လပ် ဆေးသုံးနေကြတဲ့ ဗွီဒီယိုဖိုင်တခုလည်း ထွက်ပေါ်နေပါသည်။ သို့ဖြစ်ပါကြောင့် ယခုလို မူးယစ်ရောင်းဝယ်သူများကို အရေးယူနိုင်ရန် DVB မှတဆင့် မော်လမြိုင် ဝန်ကြီးချုပ်နှင့် မော်လမြိုင်မူးယစ်ဖမ်းဆီးတဲ့ ရဲအဖွဲ့များအား အသိပေးလိုက်ရပါသည်။ 

–မွန်မလေး 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013