DVB Logo
Home
မြန်မာသတင်း
ကညင်ချောင်း စီးပွားရေးဇုန်တွင် ဆိပ်ခံတံတား ၆ ခု ထပ်မံတိုးချဲ့တည်ဆောက်
DVB
·
December 8, 2019
ကညင်ချောင်း စီးပွားရေးဇုန်တွင် ဆိပ်ခံတံတား ၆ ခု ထပ်မံတိုးချဲ့တည်ဆောက်
Donate to DVB

ကုန်စည်တွေ ဘင်္ဂလားဒေ့ရှ်ဘက် အချိန်မီတင်ပို့နိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုန်မှာ ဆိပ်ခံတံတား ၆ ခု ထပ်မတိုးချဲ့တည်ဆောက်နေတယ်လို့ မောင်တောကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောင်းသူဈေးကွက် ဖော်ဆောင်နိုင်ဖို့ ကညင်ချောင်းစီးပွားရေးဇုန်အား မောင်တောမြို့နဲ့ ၄ မိုင်လောက်အကွာမှာ အကောင်ထည်ဖော်တည်ဆောက်နေတာပါ။

ကညင်ချောင်းစီးပွားရေးဇုန်မှာ ဆိပ်ခံတံတားတခု တည်ဆောက်ထားပြီး ဖြစ်ပြီး နောက်ထပ် ၆ ခုကို နိုဝင်ဘာ ၁ ရက်နေ့က စတင်တည်ဆောက်နေတာဖြစ်ပြီး ကုန်စည်တွေ ဘင်္ဂလားဒေ့ရှ်ဘက် အချိန်မီတင်ပို့နိုင်အောင် အခုလို တည်ဆောက်တာလို့ ကညင်ချောင်းစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မှု ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မောင်တောကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်း ပြောပါတယ်။

"မောင်တောဆိပ်ကမ်း အခုအသုံးပြုနေတဲ့ Jetty (ဆိပ်ခံတံတား) က ကားအစီး ၂၀-၃၀ ရပ်မယ့်နေရာ မရှိဘူး။ ပစ္စည်းထားမယ့်နေရာမရှိဘူး။ ကညင်ချောင်းစီးပွားရေးဇုန်မှာ နောက်ထပ်ကုန်ပစ္စည်း အတင်အချလုပ်ဖို့ jetty ၅ စင်း၊ လူသွားလာဖို့ jetty ၁ စင်း၊ ၆ စင်း ထပ်မံတည်ဆောက်နေပါတယ်။ ၂၄ နာရီ ကုန်စည်အတင်အချ လုပ်နိုင်အောင်၊ ကြက်သွန်နီကားတစီး ကုန်ချဖို့ ရပ်စောင့်နေရတယ်ဆိုတာ မရှိရအောင်လို့ဖြစ်ပါတယ်။ ကြက်သွန်နီ တခုတည်း မဟုတ်ဘူး အခြားကုန်တွေဖြစ်တဲ့ ချင်းစိမ်းလည်း ဒီအတိုင်းပါပဲ။ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကို ကြည့်လိုက်ရင် မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းတွေ ဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့် အချိန်မီတင်ပို့နိုင်အောင် တည်ဆောက်ရတာ ဖြစ်တယ်။"  

လက်ရှိမှာ ကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက်မှုအပိုင်း ၉ ခုဖြစ်တဲ့ ဇုန်ဧက ၅၀ မြေဖို့ခြင်းလုပ်ငန်း၊ ၃.၃၅ မိုင်အား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ ကုန်သိုလှောင်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ လုံခြုံရေးကင်းစခန်း တည်ဆောက်ခြင်းလုပ်ငန်း၊ ရေချိုးခန်း အိမ်သာဆောက်လုပ်တာ၊ ခြံစည်းရိုး ကာရံတာ၊ ရေရရှိရေးနဲ့ လျှပ်စစ်မီးသွယ်တာတွေ ပြီးစီးနေပြီး ၂၀၂၀ ဖေဖော်ဝါရီလမှာ ဖွင့်လှစ်လည်ပတ်နိုင်မယ်လို့ သိရပါတယ်။

အခုလို ဆိပ်ခံတံတားတွေ တည်ဆောက်တဲ့အပေါ် ကုန်သည်ပွဲစားတဦးဖြစ်တဲ့ မာမတ်တိုဖိလ်က “ပထမက လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်တင်ကုန်ချ ချောမွေ့ပြီးတော ရန်ကုန်က ဆင်းလာတဲ့ ကုန်ကားတစီး အချိန်စောင့်ဆိုင်းမူ မရှိစေဖို့၊ ဒုတိယအချက်က "ဂုံတင်" ကုန်ပစ္စည်းတွေ သိုလှောင်ထားမယ့် "ဂုံတင်"ကို ဒီရေအတက်အကျမှာ ရေမတက်နိုင်အောင် စံချိန်မီလုပ်ပေးရမယ်၊ တတိယအချက်က လုံခြုံရေးပိုင်းပါ။ ကုန်တွေက သိန်းပေါင်း သန်းပေါင်းများစွာ တန်ဖိုးရှိတယ်။ ဒါကို တာဝန်ယူပေးရမယ်။ ဒါဆို အဆင်ပြေပါတယ်။ ကညင်ချောင်းမှာက အမြဲတမ်း ရေတွေရှိတယ်။ မော်တော်ဘုတ်တွေက အချိန်မရွေး ၂၄ နာရီ သွားလာနိုင်မယ်။ ဒါကြောင့်  မောင်တောဆိပ်ကမ်းထက် များစွာအဆင်ပြေပါမယ်" လို့ ပြောပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန်အား ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၆၀၀၀ နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ငွေကျပ်သိန်း ၄၀၀၀ စုစုပေါင်း ကျပ်သိန်း ၁၀၀၀၀ အကုန်အကျခံကာ ကညင်ချောင်းရေနက်စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နတ်မြစ်အလင်းတန်းကုမ္ပဏီတို့က နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီ ကညင်ချောင်းစီးပွားရေးဇုန်အဖြစ်တို တိုးချဲ့အကောင်အထည်ဖော်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့က ချပေးတဲ့ နိုင်ငံတော်ဘဏ္ဍာငွေ သိန်းပေါင်း ၂၅၀၀၀ နဲ့ ပုဂ္ဂလိကဘက်က သိန်းပေါင်း ၁၃၄၀၀ စုစုပေါင်း သိန်းပေါင်း ၃၈၄၀၀ နဲ့ အကောင်အထည် ဖော်ဆောင်တည်ဆောက်နေတာလို့ သိရပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013