DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
December 8, 2019
ရင်ဖွင့်စာ
Donate to DVB

မြန်မာ့ဂုဏ်ရည်လမ်းက စျေးသည်တွေ ဘယ်တော့ ဖယ်ရှားရှင်းလင်းပေးမလဲ

မြန်မာ့ဂုဏ်ရည်လမ်းက စျေးသည်တွေ ဘယ်တော့ ဖယ်ရှားရှင်းလင်းရေး လုပ်ပေးမလဲ သိချင်ပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပေးစေလိုပါတယ်။ စျေးသည်တွေရဲ့ အချိန်မတော် အော်ဟစ်ရန်ဖြစ်သံ၊ ဆူညံသံ၊ အမှိုက်ပြဿနာ၊ ခုဆို အုပ်စုဖွဲ့ပြီး စည်ပင်၊ ရပ်ကွက်လူကြီးတွေကို အပိုင်ပေါင်း လူဝါးဝလာကြပါတယ်။ ရပ်ကွက်မှာ သူတို့ကိုပဲ ရင်တထိတ်ထိတ်နဲ့ ကြောက်နေရပါတယ်။

–သူရ

ဆောင်းဘောက်သံကြောင့် နားမခံနိုင်ဖြစ်နေတဲ့ သနပ္ပင်မြို့နယ် မင်းရွာစံပြကျေးရွာ

ကျနော်ကတော့ ပဲခူတိုင်းဒေသကြီး သနပ္ပင်မြို့နယ် မင်းရွာစံပြကျေးရွာကပါ။ ကျနော်တို့ ကျေးရွာမှာ မင်္ဂလာဆောင်တွေမှာ ညဘက် ဆောင်းဘောက်တွေ ဖွင့်တာ နားမခံနိုင်အောင်ဘဲ၊ ကျောင်းသူ/ ကျောင်းသားများမှာလည်း စာမေးပွဲနီးနေသော်လည်း စာကျက်မရ ဖြစ်နေပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆောင်းဘောက်တွေ ထောင်ထားသဖြင့် မည်သူ့ကို တိုင်ရမလဲဆိုတာ မသိ ဖြစ်နေပါတယ်။ ဒီဗွီဘီကတဆင့် အထက်လူကြီးများသိစေရန် ကြေညာပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ 

–Bar Mi Thon

အေအေးဆေးဆေး အပန်းဖြေမရ ဖြစ်နေတဲ့ ရတနာပွင့်လှကန်တော်ကြီး

မကွေးတိုင်း တောင်တွင်းကြီးမြို့ရဲ့ ကြက်သရေဆောင် ရတနာပွင့်လှကန်တော်ကြီးရဲ့ အခြေအနေတရပ်ပါ။ ကန်ပါတ်လည်တွင် လေညင်းခံသူ၊ အေးချမ်းစွာ အနားယူအပန်းဖြေသူ၊ ကျန်းမာရေးအရ လမ်းလျှောက်သူ မှန်သမျှဟာ အရက်သမား၊ ဆေးသမားတွေရဲ့ ရန်ကို ကြောက်နေရတာ တပိုင်း။ ရန်ပွဲများ နေ့ညမပြတ် ဖြစ်ပွားနေတာက တပိုင်းကြောင့်   ရဲဝန်ထမ်းများရဲ့ ကာကွယ်မှုကလည်း ဟန်ပြသာ ဖြစ်နေပါသောကြောင့် တိကျမှန်ကန်စွာ အရေးတယူ ဆောင်ရွက်ပေးဖို့ အထက်လူကြီးမင်းများ သိစေရန် ပြောကြားပေးပါခင်ဗျာ။

–Kosit T di

ထမံသီတိုက်နယ်ဆေးရုံ ဆရာဝန် မရှိတာကြောင့် လူနာများ အခက်ကြုံ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ထမံသီတိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိသောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခွဲမွေးမှဖြစ်မယ့် ကိုယ်ဝန်ဆောင်တွေအတွက် ဆရာဝန် လိုအပ်နေပါတယ်။ တာဝန်ရှိသူများ သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

–ဂျာဆိုင်း ဂျာဆိုင်း

ပဲနွယ်ကုန်းမြို့ အော်တိုကြိုးဖုန်းများ ပြင်ပေးပါ

ကျနော်ကတော့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ကပါ။ အော်တိုကြိုး ဖုန်းများ ပျက်နေတာကြာပါပြီခင်ဗျာ။ လတိုင်းပုံမှန် ထိန်းသိမ်းစောင့်ရှောက်ခ ဆောင်ထားပါလျက်နဲ့ အိတ်ချိန်းကြိုး ဖုန်းရုံးကို ဆက်သွယ်ပြောတော့လည်း ဖုန်းအလိုင်းမင်းကို လွှတ်ပေးမယ်ပြောပြီး မလာပါဘူး။ ၃ ရက်ခြားတခါ ဖုန်းဆက်ပြောတာ ၂ လရှိပါပြီ။ ဘာမှမထူးပါဘူးခင်ဗျာ။

–ပဲနွယ်ကုန်းသား

သာစည်မြို့က မီတာယူနစ်တွေ ကွဲလွဲနေတာ ဖြေရှင်းပေးပါ

ကျနော်တို့ သာစည်မြို့မှာ  မီတာဘေဖတ်တဲ့အချိန်နဲ့ မီတာဘေစာရွက် ထွက်လာတဲ့အချိန် ယူနစ်တွေ ကွဲလွဲနေတဲ့ ကိစ္စလေးကို တင်ပြပေးပါဗျ။ လတိုင်း ကိုယ်အမှန်တကယ်သုံးတဲ့ ပမာဏထက် ပိုပိုဆောင်နေရပါတယ်။ မီတာဖတ်စာရေးကို ပြောပြတော့ သူက သူဖတ်တဲ့အတိုင်းပဲ ရုံးကိုပေးတာလို့ ပြောပါတယ်။ ပိုက်ဆံကောက်တဲ့ စာရေးမကို ပြောတော့လည်း လယ်ဂျာစာရင်းသွင်းထားတဲ့အတိုင်းပဲ ဘေစာရွက်ထဲက အတိုင်းအတူတူပဲလို့ ပြောပါတယ်။ ဒါဆိုရင် လယ်ဂျာစာရင်းသွင်းတဲ့လူက ယူနစ်တွေ ပိုရေးနေတာလို့ ယူဆပါတယ်။ ဘာလို့ အဲဒီလိုယူနစ်တွေ ပိုရေးနေရတာလဲဆိုရင်  သာစည်ခွဲရုံနဲ့ မြို့နယ်လျှပ်စစ်ရုံးက ဝန်ထမ်းအိမ်ရာတွေမှာ မီတာယူနစ် မတက်အောင် DC Type ချိတ်ပြီး သုံးနေတယ်လို့လည်း သိရပါတယ်။ Unit Losses တွေကို ပြည်သူတွေအပေါ်က တိုးကောက်ပြီး ညှိယူတာ မတရားဘူးလို့ ထင်ပါတယ်ဗျ။ ဒီကိစ္စ အထက်လူကြီးများ သိအောင်တင်ပြပေးပါဗျ။

–အမည်မဖော်လိုသူတဦး

ဘုတ်ပြင်းတွင် တောဆင်ရိုင်းများ အလွန်သောင်းကျန်းနေ

တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် တောရိုင်းဆင်များ အလွန်တရာမှ သောင်းကျန်းနေပါသည်။ ပြည်သူတွေ မရှိမဲ့ရှိမဲ့ စိုက်ပျိုးထားသော ကွမ်းခြံများ ဖျက်ဆီးသောင်းကျန်းနေပါသည်။ သက်ဆိုင်ရာကို အကြောင်းကြားသော်လည်း မည်သည့်အဖွဲ့အစည်းကမှ ဖြေရှင်ပေးခြင်း မရှိပါ။ ပြည်သူများအလွန်တရာ နစ်နာရှုံးဆုံးနေပါသည်။ သို့အတွက်အကြောင့် သက်ဆိုင်ရာ အထက်လူကြီးများ သိအောင် ပြောကြားပေးပါရန် မေတ္တာရပ်ခံပါသည်။

–ဘုတ်ပြင်းမြို့ခံတဦး

အုတ်တွင်း အုန်းပင်ကျေးရွာက သဲစုပ်လုပ်ငန်းများ ဖျက်သိမ်းပေးပါ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာဟာ စစ်တောင်းကမ်းလေးတွင် တည်ရှိပါတယ်။ ရွာရဲ့ ကူးတို့ဆိပ်အနီးတွင် ခွင့်ပြုချက်မရှိဘဲ၊ နားလည်မှုဖြင့် သဲစုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေပါတယ်။ ရွာမှ လက်မှတ်ထိုး သက်ဆိုင်ရာကို တိုင်ကြားသဖြင့် လုပ်ငန်းရပ်နားသွားခဲ့ပါတယ်။ ယခု ပွင့်လင်းရာသီ ရောက်ရှိလာချိန်တွင် သဲစုပ်ခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်နေကြပါတယ်။ အုန်းပင်ရွာနှင့် နီးကပ်လွန်းသဖြင့် ကမ်းပါးပြိုခြင်းနှင့် ရေစီးကြောင်းများ ပြောင်းကာ ရွာဘက်သို့ ဦးတည်လာနေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာများ မကြာမီက မြစ်ကြောင်းအတွင်း စစ်ဆေးကြည့်ရှုခြင်းများ လုပ်ခဲ့ပါတယ်။ ယင်း ခဏ ရပ်နားပြီး၊ သဲစုပ်ခြင်းကို မဖျက်သိမ်းဘဲ ရှိပါသည်။ စိုးရိမ်ဖွယ်ရာ စစ်တောင်းမြစ်ကြောင်း ပြောင်းလာနိုင်ခြင်းအတွက်နှင့် ကမ်းပြိုခြင်းကို အချိန်မီ တားမြစ်ပေးပါရန် တင်ပြအပ်ပါသည်။

–အမည်မဖော်လိုသူတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013