DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့၌ သတ်ပြီးမြေစာပုံအတွင်း မြှုပ်ခံထားရသည့် လုပ်ငန်းရှင်အလောင်း တွေ့ရှိ
DVB
·
December 7, 2019
ပဲခူးမြို့၌ သတ်ပြီးမြေစာပုံအတွင်း မြှုပ်ခံထားရသည့် လုပ်ငန်းရှင်အလောင်း တွေ့ရှိ
Donate to DVB

ပဲခူးမြို့ ဆယ်မိုင်ကုန်းအနီးမှာ သတ်ပြီး မြေစာပုံအတွင်း မြှုပ်ခံထားရတဲ့ လုပ်ငန်းရှင်တဦးရဲ့ အလောင်းကို ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီကျော်လောက်ကတည်းက Big boss ရေသန့်လုပ်ငန်းလုပ်ကိုင်သူ ကိုဝင်းထွဋ်ဟာ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဝိုင်းဝန်းရှာဖွေကြရာ ဒီဇင်ဘာ ၆ ရက်နေ့မနက် ၃ နာရီဝန်းကျင်လောက်မှာ ရွှေပြည် Resort အနီးက ကိုဝင်းထွဋ် ပိုင်တဲ့ ခြံအတွင်း ဖွဲပြာနဲ့ မြေရောထားတဲ့ အပုံအောက်ကနေ အလောင်းကို တွေ့ရှိခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့သူ ကလျာဏမိတ္တ နာရေးလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဋ္ဌ ကိုကုလားက ပြောပါတယ်။

သေဆုံးသူ ကိုဝင်းထွန်းဟာ ဖုန်းကို ကိုယ်တိုင်ကိုင်လေ့ ရှိသလို ဖုန်းပိတ်ထားတဲ့ အလေ့အကျင့်လည်း မရှိဘူးလို့ ဆိုပါတယ်။ 

“အဲဒီနေ့ ညနေ ၅ နာရီလောက်က သူ့ဇနီးကနေ သူ့ဖုန်းကို ခေါ်တဲ့အခါ ကိုဝင်းထွဋ်ဖုန်းကို ကောင်လေးတယောက်က ကိုင်ပြီး ကိုဝင်းထွဋ် အစည်းအဝေးတက်နေလို့ဆိုပြီး ပြောပါတယ်။ နောက် ၁၅ မိနစ်လောက်ကြာတော့ ဖုန်းက စက်ပိတ်သွားပါတယ်။ အဲဒီလို စက်ပိတ်သွားတော့ သူ့မိသားစုတွေကော စိတ်ပူပြီး ကျနော်တို့ လိုက်ရှာကြတယ်။ GPS ထောက်တော့ အင်းတကော်ဘက်ကို ပြတဲ့အတွက် အင်းတကော်ဘက်မှာ လိုက်ရှာကြပါတယ်။ အင်းတကော်ဘက်မှာကလည်း သူ့ခြံက ၃ ခြံ၊ ၄ ခြံ လောက်ရှိတော့ ရှာရင်း မိုးချုပ်သွားတယ်။ နောက်ဆုံး ဘူးလယ်အင်းနဲ့ ရွှေပြည် Resort နားက ၁၈ ဧက လောက်ကျယ်တဲ့ သူ့ခြံထဲက ဝန်ထမ်းအိမ်ရာနဲ့ ဂိတ်ပေါက်အလယ်လောက်မှာ သွေးကွက်လို တကွက်တွေ့လို့ အဲဒီခြံထဲက CCTV မှတ်တမ်းကို ကြည့်တော့ တုတ်ကိုင်ထားတဲ့လူတွေ တွေ့တယ်။ ပြီးတော့ လူတယောက်ကို မ သယ်သွားတာ တွေ့တယ်။ အဲဒါနဲ့ ခြံထဲကို လိုက်ရှိတာ ဘာမှမတွေ့ကြပါဘူး။ မနက် ၃ နာရီလောက်မှာတော့ ပဲခူးသွေးအသင်းက ကိုရဲဟိန်းကနေ အပေါ့သွားရင်းအ နားမှာ မြေတွေပွနေလို ထိုးဆွကြည့်ရာက ပြာနဲ့ မြေကြီး ရောထားတဲ့ မြေတွေနဲ့ ဖို့ထားတဲ့ ကိုဝင်းထွဋ်ရဲ့ အလောင်းကို တွေ့ရှိခဲ့တာ။”

ကိုဝင်းထွဋ်ကို ခြံစောင့်လုပ်သူ ၃ ယောက် သတ်တာဖြစ်နိုင်တဲ့အတွက် ၂ ယောက်ကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိထားပြီး တယောက်ကတော့ ကိုဝင်းထွဋ်ရဲ့ကားနဲ့အတူ ပျောက်ဆုံးနေပါတယ်။၊ ကိုဝင်းထွဋ်မှာ ဝတ်ဆင်ထားတဲ့ သိန်း ၅၀၀ တန် ပတ္တမြား လက်စွပ်၊ ဖုန်းနဲ့ ငွေတချို့လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အလောင်းကိုတော့ ဒီဇင်ဘာလ ၆ ရက်နေ့မနက် ၉ နာရီခွဲလောက်က တာဝန်ရှိသူတွေ တူးဖော်ပြီး ပဲခူးဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ကာ ရဲလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013