DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
December 1, 2019
ရင်ဖွင့်စာ
Donate to DVB

မြေနုကျွန်းပြဿနာ မဖြစ်ရအောင် ဖြေရှင်းပေးပါ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စုနှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သာယာအေး(လိပ်ကုန်း) အုပ်စုတို့ တိုင်းခြားမြေနုပြဿနာ ဖြစ်နေသည်မှာ နှစ်နဲ့ချီပြီး မကြာခဏဖြစ်နေသော်လည်း တိုင်းခြားလိုင်းကိုချမှတ်ပေးရန် တောင်းဆိုခဲ့လို့ ချပေးပြီးပေမယ့် ယနေ့ထိ လုပ်ပိုင်ခွင့်ရှိ အထက်အဆင့်ဆင့်က ချမှတ်ပေးနိုင်ခြင်း မရှိပါ။ ထို့ကြောင့် မြေနုကျွန်း ပြဿနာမဖြစ်ပေါ်စေရန်အတွက် အမြန်ဆုံးချမှတ်ပေးပါရန် သက်ဆိုင်ရာသို့ ပြောကြားပေးပါ။

–သန်းဌေး

ကျောင်းအုပ် အမြန်ချထားပေးပါ

ကျနော်တို့  ဒဂုံတောင် အ.ထ.က-၆မှာ ကျောင်းအုပ်ဆရာကြီး မရှိတာ ကျောင်းစဖွင့်ကတည်းကပါ။ ဆရာမများကလည်း စာသင်ကြားမှုတွေမှာ ကိုယ့်အခန်းကျ သင်ခန်းစာတွေ ကြိုသင်ကြားကြ၊ အခြားအခန်းတွေဆို သင်ခန်းစာတွေက နောက်ကျနေနဲ့ ခွဲခြားပြီး သင်ကြတာတွေနဲ့ စာမေးပွဲဖြေတော့ သူ့အတန်းမို့ ပိုသင်ရနဲ့ သင်ချင်သလို သင်နေကြပါတယ်။ ဒါ့ကြောင့် ကျောင်းအုပ် အမြန်ချပေးစေချင်ပါတယ် ပညာရေးဝန်ကြီးခင်ဗျာ။

–ကျောင်းသားမိဘတဦး

အများပြည်သူ ပိတ်ရက် အလုပ်ဆင်းလည်း အချိန်ပိုကြေးမရ

ကျနော်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ) မှာ လုပ်ပါတယ်။ ၂၄ နာရီ လည်ပတ်နေတဲ့ စက်ရုံဖြစ်တဲ့အတွက် အဆိုင်းလိုက်ဆ ဆင်းရပါတယ်။ အများပြည်သူ ရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းရပေမဲ့ အချိန်ပိုကြေး လုံးဝ မခံစားရဘဲ အလုပ်ဆင်းနေရသည်မှာ ၂၀၁၀ ကနေ ယခုအချိန်ထိပါပဲ။ အခွင့်အရေးများ ဆုံးရှုံးနေပါသဖြင့် အထက်လူကြီးများ သိအောင် ပြောကြားပေးပါလို့ ဝန်ထမ်းအများစုကိုယ်စား ပြောပါရစေ။

–အမည်မဖော်လိုသူတဦး

မြိတ်မြို့ ကမ်းသီတာ ၃ လမ်းမှာ ငါးခြောက်နံ့ကြောင့် အခက်ကြုံနေရ

ကျနော်က မြိတ်မြို့ကပါ။ ထားဝယ် ကမ်းသီတာ ၃ လမ်း၊ ကျနော်တို့နေတဲ့ နေရာက မြို့ထဲမှာပါ။ ငါးခြောက်တွေ လှန်းထားတာ လူတွေ မနေနိုင်လို့ပါ။ ကျမ်းမာရေးလည်း မကောင်းကြပါ။ မြို့ထဲဖြစ်တဲ့အတွက် မလုပ်စေချင်ပါ။ ကျနော်တို့ကို အတက်နိုင်ဆုံး ကူညီဖို့ တောင်းဆိုပါတယ်။ တခြားနေရာမှာ လုပ်ဖို့ပြောပေးပါ။

ကိုနိုင်

မှတ်ပုံတင် အခက်အခဲ အထက်လူကြီးတွေ သိစေဖို့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကပါ။  အဘိုး၊ အဘွား၊ အဖေ၊ အမေ အားလုံး မှတ်ပုံတင် ရှိပါတယ်။ သားသမီးဖြစ်တဲ့ ကျနော်ကျ မှတ်ပုံတင်လုပ်လို့မရတာ ဘာကြောင့်လည်း မသိပါဘူး။ အထက်လူကြီးတွေ သိအောင် နည်းနည်းလောက်ပြောပေးပါခင်ဗျား။ မှတ်ပုံတင်မရှိလို့ သွားလာတဲ့အခါ အရမ်းခက်ခဲပါတယ်။ ကူညီပေးပါ ကျေးဇူးအများကြီးတင်ပါတယ်။

ဘားအံမြို့နေသူ

တွံတေး ဘုရားကြီးရွာက လူသွားလမ်းပိတ်ထားတာ ကူညီပေးပါ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်နဲ့တွံတေးမြို့နယ်အစပ် ဘုရားကြီးကျေးရွာအစ ပေတရာလမ်း အရှေ့ဘက်အခြမ်းမှာတည်ရှိတဲ့ လူသွားလမ်းကြားကို လမ်းဘေးမှာရှိတဲ့အိမ်က လမ်းပိတ်ပြီး သူတို့ပိုင်သည်ဟု ပြောကာ ပိတ်ဆို့မှုဖြစ်နေပါသည်၊ လူသွားဖို့လမ်း မရှိတော့ပါ။ ရပ်ရွာလူကြီးတွေကို တိုင်ကြားတော့လည်း ပိတ်ဆို့ထားသည့် အိမ်ကဖွင့်ပေးခြင်း မရှိပါ။ မဖွင့်ပေးနိုင်ဘူး။ ငါ့ဉီးလေးက လေးမြို့နယ်ပိုင်တဲ့လူကြီး သွားချင်တဲ့ဆီသွားလို့ပြောပါသည်။ သက်ဆိုင်ရာကို တိုင်ကြားသော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိပါ။ လူကြီးအချင်းချင်း လက်ဝါးချင်းရိုက်ပြီး မဖြေရှင်းပေးတာလား။ ဆိုတာ သံသယဖြစ်စရာပါ။ ထိုလမ်းသည် လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရပါတယ်။

June Rkar Hein

ကမ်းနားလမ်းပေါ်က ငါးဈေးကြီး အမြန်ပြောင်းပေးပါ

ရန်ကုန်တိုင်း၊ ကမ်းနားလမ်းပေါ်က ငါးဈေးကြီးကို ပြောင်းဖို့လုပ်ထားတဲ့ ဘုရင့်နောင်လမ်းပေါ်က ရွှေပိတောက်ငါးဈေး ဆိုတဲ့နေရာကို အခုချိန်ထိ မပြောင်းသေးတာ ဘာကြောင့်ပါလဲ။ နေ့စဉ် မနက်ဦးပိုင်းနဲ့ မနက်စောပိုင်းတွေမှာ ယဉ်ကြောတွေလည်း ပိတ်ဆို့ပြီး တော်တော်ဒုက္ခရောက်ရပါတယ်။ နေ့စဉ်နဲ့အမျှပါ။ ပတ်ဝန်းကျင်လည်း ငါးညှီနံ့တွေ တခါတရံ ဆိုးဆိုးဝါးဝါး နံတတ်တာကြောင့်လည်း ကျန်းမာရေး ထိခိုက်ရလို့  ဒီဗွီဘီကတဆင့် ရင်ဖွင့်လိုက်ရတာပါ။

အမည်မဖော်လိုသူ ကြည့်မြင်တိုင်သားတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013