DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် မင်္ဂလာဆောင်ခါနီး မိန်းကလေးတဦး ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
November 30, 2019
ဟင်္သာတတွင် မင်္ဂလာဆောင်ခါနီး မိန်းကလေးတဦး ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ မင်္ဂလာဆောင်နီခါနီး မိန်းကလေးငယ်တဦး နိုဝင်ဘာလ ၂၉ ရက်နေ့က ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ 

ဟင်္သာတမြို့နယ် တလုတ္ထော်ရဲစခန်းပိုင် ဟင်္သာတ-လေးမျက်နှာ အဝေးပြေးလမ်း မိုင်တိုင်အမှတ် ၁/၃ မိုင်တိုင်ရှေ့ တလုတ္ထော်ရွာနဲ့ သင်္ကန်းတောရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ ဟင်္သာမြို့နယ် ဇရပ်ကွင်းအုပ်စု ကုန်းကလေးကျေးရွာမှ အသက် ၂၈ နှစ်အရွယ် နော်ခရစ္စတီနား ဖြစ်ပါတယ်။

နော်ခရစ္စတီနားရဲ့ ခင်ပွန်းလောင်းဖြစ်သူမှာ သာပေါင်းမြို့နယ် မျောက်စလစ်ကုန်းရွာမှ နေမျိုးဌေး (၂၅-နှစ်)ဆိုသူ ဖြစ်ပြီး သူတို့နှစ်ဦးဟာ မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ သွားရောက်ဝယ်ယူပြီး အပြန်မှာ အခုလိုဖြစ်တာလို့ သေဆုံသူနဲ့ ဈေးအတူလိုက်ဝယ်သူ အမျိုးသမီးတဦးက ပြောပါတယ်။

တလုတ္ထော့် နယ်မြေရဲစခန်း ယာယီစခန်းမှူး ဒုရဲအုပ်ကျော်မင်းထက်က “သူနဲ့ မင်္ဂလာဆောင်မယ့် ကောင်လေးက ထော်လာဂျီပေါ်ကနေ စရင်းနဲ့ တွန်းချသလို ဖြစ်တာလို့ စစ်ဆေးမှုအရ သိရတယ်။ မင်္ဂလာဆောင်ခါနီး ထော်လာဂျီနဲ့ လိုအပ်တဲ့ပစ္စည်း သွားဝယ်ရင်း ဖြစ်တာလို့ သိရတယ်။ စစ်ဆေးမှုအရ သေစေရန် ပြုမူသလိုမျိုးဖြစ်တဲ့အတွက် ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်” လို့ အတည်ပြုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013