DVB Logo
Home
မြန်မာသတင်း
‌ရေနံမြေ အလုပ်သမားဥပဒေပါ အခွင့်အရေး အမြန်ရရှိရေး စတစ်ကာကမ်ပိန်းလုပ်
DVB
·
November 24, 2019
‌ရေနံမြေ အလုပ်သမားဥပဒေပါ အခွင့်အရေး အမြန်ရရှိရေး စတစ်ကာကမ်ပိန်းလုပ်
1 / 2
Donate to DVB

ရေနံမြေအလုပ်သမား ဥပဒေပါ အခွင့်အရေးရရှိဖို့အတွက် သခင်ဘိုးလှကြီး ကြေးရုပ်စိုက်ထူရာ မေဒေးကျောက်တိုင် ရင်ပြင်ရှေ့မှာ ချောက်မြို့ ရေနံမြေ အလုပ်သမားသမဂ္ဂများ ပူးပေါင်းပြီး စတစ်ကာနဲ့ လက်ကမ်းစာတွေ ပေးဝေတဲ့ ကမ်ပိန်းကို နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ 



ရေနံမြေ အလုပ်သမားတွေအတွက် သက်သာချောင်ချိရေး အထောက်ပံ့တွေ စစ်အစိုးရလက်ထက်က ဖြတ်တောက်ခံခဲ့ရတဲ့အတွက် ၁၉၅၁ ရေနံမြေအလုပ်သမား သက်သာချောင်ချိရေး အက်ဥပဒေအတိုင်း အခု ဒီမိုကရေစီအစိုးရလက်ထက်မှာ ပြန်လည်ရရှိဖို့ အခုလို လှုပ်ရှားမှု ပြုလုပ်ရတာလို့ ချောက်-လမ်း ရွာရေနံမြေ ဖိုးလှကြီး အခြေခံအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးအောင်ကြည်မိုးက ပြောပါတယ်။ 

အလုပ်သမားများရဲ့ ဥပဒေပါ အခွင့်အရေး မြန်မြန်ပေး၊ မပြောင်းလဲသေးတာ MOGE ပါ စာတန်းပါ စတစ်ကာကမ်ပိန်းကို ချောက်-လမ်းရွာ ရေနံမြေဖိုးလှကြီး အခြေခံ အလုပ်သမားသမဂ္ဂနဲ့ ရေနံချောင်း ရေနံမြေ - ရွှေရေနံ့သာ အခြေခံအလုပ်သမားသမဂ္ဂ အဖွဲ့တို့ ပူးပေါင်းပြီး စတစ်ကာနဲ့ လက်ကမ်းစာတွေ ဖြန့်ဝေခဲ့ကြတာပါ။ 

အခုလှုပ်ရှားမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတဝန်းရှိ ရေနံမြေရှိရာ မြို့တွေမှာလည်း ဒေသခံ အလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သမဂ္ဂအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုလင်း (ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013