DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုပုံရိပ်ကို ထိခိုက်စေမည့် ပြည်တွင်းပြည်ပထိုးနှက်မှုများကို တန်ပြန်သွားမည်ဟု အပစ်ရပ်အဖွဲ့များ ပြော
DVB
·
November 18, 2019
ပြည်ထောင်စုပုံရိပ်ကို ထိခိုက်စေမည့် ပြည်တွင်းပြည်ပထိုးနှက်မှုများကို တန်ပြန်သွားမည်ဟု အပစ်ရပ်အဖွဲ့များ ပြော
Donate to DVB

ပြည်ထောင်စုပုံရိပ်ကို ထိခိုက်ကျဆင်းစေမယ့်  ပြည်တွင်းပြည်ပထိုးနှက်မှုတွေကို တန်ပြန်ပြီး ပြည်လည်အဖတ်ဆည်သွားမယ်လို့ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

အန်စီအေအကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ NCA- S EAO ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ၃ ရက်တာကျင်းပပြီးနောက်  NCA- S EAO ရဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ခုလိုပြောကြားခဲ့တာပါ။

“ပြည်ထောင်စု အရေးသည် မိမိတို့အားလုံး၏အရေးဖြစ်၍  ပြည်ထောင်စုပုံရိပ်ကို ထိခိုက်ကျဆင်းစေမည့် ပြည်တွင်းပြည်ပမှ သာသာထိုးထိုးကြိုးပမ်းလုပ်ဆောင်နေတဲ့ ထိုးနှက်မှုတွေ ကို တဘက်တလမ်းက လိုအပ်သလို တန်ပြန်ပြီး  ပြည်လည်အဖတ်ဆယ် ဆောင်ရွက်မယ်” 

တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်တိုးနိုင်ရေး အဓိကထား ဆွေးနွေးခဲ့ပြီး အဆိုပါလုပ်ငန်းစဉ် ရှေ့ဆက်တိုးနိုင်ဖို့ သင့်တော်တဲ့ နည်းလမ်းကောင်းတွေလည်း ရှာဖွေနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ဆက်ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်မှာ လက်ရှိတွေ့ကြုံနေရတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေး တို့ရဲ့ ပကတိအခြေအနေမှန်တွေကို လက်တွေ့ကျကျသုံးသပ်နိုင်ခဲ့တာဟာလည်း ရှေ့လုပ်ငန်းစဉ် အတွက် အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။

အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ကြားမှာလည်း နားလည်မှု တည်ဆောက်နိုင်ပြီးရဲ့ ဖွဲ့စည်းမှု၊ စုဖွဲ့မှုတို့ကိုလည်း ဖြည့်စွက်ပြင်ဆင်ခဲ့ကြောင်း၊ တိုင်းပြည် မငြိမ်းချမ်းလို့ ကျန်တဲ့ကဏ္ဍအသီးသီးမှာ တိုးတက်ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဗြဟ္မစိုရ်‌ တရား ၄ ပါး လက်ကိုင်ထားဆောင်ရွက်သွားကြဖို့လည်း  NCA – S EAO အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသွားပါတယ်။

အန်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA – S EAO ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ဟာ မကြာခင်မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့  ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

 NCA – S EAO အဖွဲ့  ဒုတိယအကြိမ် ဆွေးနွေးပွဲကို အန်စီအေ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံခေါင်းဆောင်တွေကို  နိုင်ငံတကာ တရားရုံးတွေမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ တရားစွဲထားတဲ့အတွက် နိုင်ငံပုံရိပ် ကျဆင်းနေတာဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013