
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်က fortune plaza မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ Myanmar Entrepreneurship summit 2019 ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။
ပြည်တွင်းက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ လုပ်ငန်းအောင်မြင်စေဖို့နဲ့ အဆက်အသွယ်ကောင်းတွေ ရရှိစေဖို့အတွက် ရည်ရွယ်ကျင်းပတာလို့ တာဝန်ရှိသူက ဆိုပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ လူငယ်တွေဟာ ခေါင်းဆောင်ဖြစ်ဖို့ကို ဦးစားပေးတာထက် အချင်းချင်း လက်တွဲလုပ်ဆောင်ကြဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ကသာ ပိုအရေးကြီးကြောင်းနဲ့ လူငယ်တွေ နိုင်ငံတော် တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။
အခုကျင်းပတဲ့ myanmar Entrepreneurship summit 2019 ပွဲဟာ ၄ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ရန်ကုန်မြို့တော်ဝန်၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ နိုင်ငံတကာနဲ့ ပြည်တွင်းက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အခုပွဲမှာ ၂၀၁၉ ခုနှစ်အတွင်း အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ စွန့်ဦးတီထွင်သူ ၅ ဦးကိုလည်း ဆုတွေ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။
သင်းသင်းဇော်










