DVB Logo
Home
မြန်မာသတင်း
ရွှေကုမ္ပဏီများထံမှ ကြွေးကျန်ရွှေပိဿာ ၁၃၀ ကျော်ရရန်ရှိ၊ ကုမ္ပဏီ ၁၃၈ ခုကို တရားစွဲမည်
DVB
·
November 16, 2019
ရွှေကုမ္ပဏီများထံမှ ကြွေးကျန်ရွှေပိဿာ ၁၃၀ ကျော်ရရန်ရှိ၊ ကုမ္ပဏီ ၁၃၈ ခုကို တရားစွဲမည်
Donate to DVB

ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေဆီကနေ ကြွေးကျန် ရွှေပိဿာချိန် ၁၃၀ ကျော်ရဖို့ရှိပြီး ကုမ္ပဏီ ၁၃၈ ခုကို တရားစွဲဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပြီး ကုမ္ပဏီ ၁၅၃ ခုက ပေးသွင်းဖို့ ကျန်နေတာ ဖြစ်ပါတယ်။

ဦးဇော်ဌေးက “အဲဒါကို စာရင်းရှင်းပြီး ပယ်ဖျက်မယ့် ကုမ္ပဏီ ၃၂ ခုရှိတယ်။ အဲဒီမှာမှ စာရင်းစစ်ချုပ်ရုံးနဲ့ ဘဏ္ဍာရေး သဘောတူညီမှုရရှိပြီးသားက ကုမ္ပဏီ ၁၉ ခုရှိတယ်။ တရားစွဲဆိုဖို့ ဆောင်ရွက်တဲ့ ကုမ္ပဏီ စုစုပေါင်းက ၁၃၈ ခုရှိတယ်။ အဲဒီမှာ Lawyer Notic ပို့ထားပြီးသား ကုမ္ပဏီ ၁၀၄ ခုရှိတယ်” လို့ ပြောပါတယ်။

နို့တစ်ပို့ထားပြီး တရားမအဆိုပြုလွှာမူကြမ်း တင်ပြဖို့လုပ်နေတဲ့ ကုမ္ပဏီက ၁၆ ခု၊ တရားစွဲဖို့ ဥပဒေရုံးကို တင်ပြပြီးတာက ၄ ခု၊ တရားစွဲပြီးတာက ၁၂ ခုနဲ့ တရားရုံးက အမိန့်ချပြီးတာက ကုမ္ပဏီ ၂ ခု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီကုမ္ပဏီတွေက မပေးသွင်းဘဲထားတဲ့ ရွှေကတော့ ၁၃၃၈၆ ကျပ်သားကျော် (ပိဿာ ၁၃၀ ကျော်) ဖြစ်ပါတယ်။

စာရင်းပယ်ဖျက်မယ့်ကုမ္ပဏီနဲ့ တရားစွဲမယ့် ကုမ္ပဏီ စုစုပေါင်းက ၁၇၀ ဖြစ်ပေမယ့် ထပ်နေတဲ့ ကုမ္ပဏီ ၁၇ ခုရှိတာကြောင့် ကြွေးကျန်ကုမ္ပဏီက ၁၅၃ ခုပဲ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့လက စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာရှိတဲ့ ရွှေသတ္တုဖက်စပ်လုပ်ကွက်တွေကနေ ရွှေထရိုင်အောင်စ ၆၇၁ (၁၃ ပိဿာ) ကျော် ထုတ်လုပ်ခဲ့တယ်လို့ သတ္တုတွင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း၊ ကချင်၊ မွန်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ ရွှေတူးဖော် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013