DVB Logo
Home
မြန်မာသတင်း
မလတ်တောင် ပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့သူများ မူလနေရာပြန်ပေးရန် တောင်းဆို
DVB
·
November 16, 2019
မလတ်တောင် ပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့သူများ မူလနေရာပြန်ပေးရန် တောင်းဆို
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ် မလတ်တောင်ပြိုကျမှုမှာ နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံတွေက အရင်နေရာပြန်ပေးဖို့ မွန်ပြည်နယ်လွှတ်တော်ကို အသနားခံစာ တင်ပြပြီးတောင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ပေါင်မြို့နယ် ရဲပြားကုန်းကျေးရွာရှိ မလတ်တောင် ပြိုကျခဲ့တာပါ။ 

တောင်ပြိုကျတာကြောင့် လူအစုအလိုက်အပြုံအလိုက် သေဆုံးခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့တာပါ။

အခုအခါမှာတော့ နေအိမ်ပျက်စီးခဲ့တဲ့သူတွေကို အစိုးရအဖွဲ့က ကျပ်သိန်း ၁၂၀ ဝန်းကျင် အိမ်ရာတွေကို သဲဖြူကုန်းကျေးရွာရှိ စားကျက်မြေမှာ တည်ဆောက်ပေးဖို့ စီစဉ်ထားတာပါ။

အစိုးရအဖွဲ့က အိမ်ရာတွေ တည်ဆောက်ပေးမယ့် မြေနေရာဟာ တောင်ပြိုတဲ့ မြေနေရာနဲ့ နှိုင်းယှဉ်ရင် ကာလပေါက်ဈေးအရ များစွာကွာခြားမှုတွေ ရှိနေတဲ့အတွက်ကြောင့် အရင်နေရာကို ပြန်ချပေးဖို့ တောင်းဆိုတာလို့ နေအိမ်နဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့သူ ကိုထွန်းဝင်းအောင်က ပြောပါတယ်။

ဒါအပြင် တောင်ပြိုထားတဲ့ မြေနေရာဟာ နေထိုင်လို့မရအောင် အန္တရာယ်ရှိတဲ့နေရာ ဖြစ်နေရင်လည်း သီးနှံတွေ စိုက်ပျိုးဖို့ ခြံကွက်တွေ ပြန်ပေးစေလိုတယ်လို့ နေအိမ်နဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့သူ ဒေါ်အေးအေးဝင်းက ပြောပါတယ်။

အခုလို ဒေသခံတွေက လွှတ်တော်မှာ လာရောက်တင်ပြခဲ့တဲ့အတွက်ကြောင့် တလ နှစ်ကြိမ် ကျင်းပတဲ့ လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာတင်ပြပြီး အကောင်ဆုံး အဖြေတခု ထွက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောပါတယ်။

ဒါ့အပြင် အခုလို ပိုင်ဆိုင်မှု အထောက်အထားရှိတဲ့ မြေနေရာတွေကို နိုင်ငံသားတယောက်ရဲ့ ပိုင်ဆိုင်မှု ကာကွယ်ရေး ဥပဒေအရ ပြန်လည်ရရှိပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်  အစိုးရအဖွဲ့ကတော့ အခုနေရာ တောင်ထပ်ပြိုနိုင်တဲ့ အခြေအနေကြောင့် နေထိုင်ခွင့် ပေးအပ်တော့မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013