DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းအစိုးရထံ အမှု ၁၆ မှု အဂတိတိုက်ဖျက်ရေးကော်မရှင် ပြန်လွှဲ
DVB
·
November 16, 2019
Donate to DVB

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားတဲ့အမှုတွေထဲက အမှု ၁၆ မှုအား စစ်ဆေးပေးဖို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရထံ ပြန်လွှဲခဲ့တယ်လို့ ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောပါတယ်။

ပြန်လွှဲပေးတဲ့အမှုတွေကတော့ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်ကနေ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့အထိ ကာလအတွင်း အမှုတွေဖြစ်ပြီး အများစုက မြေယာအမှုတွေလို့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောပါတယ်။

အမှုအများစုမှာ ကာယကံရှင်ကိုခေါ်ယူ ရှင်းပြပြီး ဆောင်ရွက်ပြီးတဲ့အနေအထား များပြီး မြေကိစ္စ၊ ကော့သောင်း လျှပ်စစ်စွမ်းအင်ကိစ္စတို့နဲ့ ပတ်သက်လို့ ဆောင်ရွက်နေဆဲ အမှု ၃ ခု ကျန်သေးတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

မြေယာနှင့်ပတ်သက်လို့ လူဂ္ဂိုလ်အချင်းချင်းဖြစ်တဲ့အပေါ် တိုင်တာ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို တိုင်တာနဲ့ ကော့သောင်းလျှပ်စစ်ကိစ္စဆိုရင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဟောင်း ဦးကြည်လှိုင်ကို တိုင်ကြားတာလို့ သိရပါတယ်။

၂၀၁၇ ခုနှစ်၊ နို၀င်ဘာ ၂၄ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ကော်မရှင်အဖွဲ့ထံ လိပ်မူပေးပို့လာတဲ့ နေပြည်တော်ကောင်စီအပါအ၀င် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခုကို ပေးပို့တဲ့ တိုင်ကြားစာစုစုပေါင်း ၁၅၆၄၆ ရှိပြီး တနင်္သာရီတိုင်းနဲ့ပတ်သက်လို့ တိုင်ကြားစာ ၂၁၃ စောင် ရှိတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်စကနေ စက်တင်ဘာလအထိ တနင်္သာရီတိုင်းနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်‌ေရှင်ကို ရောက်ရှိတဲ့ တိုင်ကြားစာ ၈၉ စောင်ရှိတယ်လို့ အဆိုပါကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013