DVB Logo
Home
မြန်မာသတင်း
ဒုတိယရဲမှူး ၁ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ 
DVB
·
May 28, 2020
ဒုတိယရဲမှူး ၁ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ 
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့  အမှုဖွင့်လှစ်အရေးယူ ထားတယ်လို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က နဲ့ တရားစွဲဆိုခံရတဲ့ အမှုနှင့်ပတ်သက်ပြီး အာမခံရရှိဖို့ အတွက် မြို့နယ်တွဲဖက်တရားသူကြီးနဲ့ လှိုင်မြို့မရဲစခန်းမှူးတို့ကို ငွေကျပ် ၁၀ သိန်းပေးခဲ့ရတဲ့ကိစ္စ  အရေးယူပေးဖို့  ကော်မရှင်သို့ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးအရေးယူလိုက်တာပါ။ 

ဒီအမှုကိစ္စ  စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဒုတိယရဲမှူး သိန်းဆွေမြင့်ဟာ ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့က ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က အမှုမှ တရားခံရဲ့ သမီး ဖြစ်သူထံမှ ငွေကျပ် ၁၀ သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှာ မေလ ၂၅ ရက်မှာ  ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013