DVB Logo
Home
မြန်မာသတင်း
ရွေ့ပြောင်းနေထိုင်သူများ၏ မဲပေးပိုင်ခွင့်  ရက်ပေါင်း ၉၀ သတ်မှတ်ချက် ပါတီအချို့ဝေဖန် 
DVB
·
November 15, 2019
ရွေ့ပြောင်းနေထိုင်သူများ၏ မဲပေးပိုင်ခွင့်  ရက်ပေါင်း ၉၀ သတ်မှတ်ချက် ပါတီအချို့ဝေဖန် 
Donate to DVB

ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ဆန္ဒမဲပေးခွင့်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ နည်းဥပဒေမှာ ရက်ပေါင်း ၁၈၀ ကနေ ရက်ပေါင်း ၉၀ လို့  ပြင်ဆင်လိုက်တဲ့အပေါ် နိုင်ငံရေးပါတီတချို့က ဝေဖန်လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ ၁၄ ရက်ကနေပြည်တော်မှာ လုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ရဲ့ ညှိနှိုင်းအစည်းအဝေးအပြီးမှာ ပါတီတွေက အခုလို ပြောတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲနည်းဥပဒေတွေကို ပဉ္စမအကြိမ်ပြင်ဆင်တဲ့ နည်းဥပဒေတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မဲပေးခွင့်ကို အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်းဆိုတဲ့ သတ်မှတ်ချက်အစား အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်းလို့ အစားထိုးပြင်ဆင်ထားတာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ဟာ တိုင်းဒေသကြီးတွေတင်မဟုတ်ဘဲ ပြည်နယ်တွေမှာပါ သက်ရောက်မှုရှိနိုင်ပြီး ဒေသခံတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို စွက်ဖက်တဲ့ သဘောဖြစ်နေတယ်လို့ ကချင်အမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌက ပြောပါတယ်။ 

တခြားတနေရာကနေ သုံးလလောက် လာနေထိုင်သူတွေက ဒေသကိုယ်စားလှယ်တဦးကို မဲပေးရွေးကောက်တင်မြှောက်တဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးစိုင်းသီဟကျော်က လည်းပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ဒေသတခုမှာ ပါတီတစုတဖွဲ့အတွက်  မဲပေးနိုင်အောင် လုပ်သွားမလားဆိုတဲ့ ပါတီတွေရဲ့ သံသယစိတ်နဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်ကဆိုပါတယ်။

ကော်မရှင်အနေနဲ့ အခုလို ရွေးကောက်ပွဲနီးမှ ထုတ်ပြန်တဲ့အပေါ်မှာ သံသယဖြစ်စရာတွေ ပေါ်လာတယ်လို့  ရခိုင်အမျိုးသားပါတီက ဦးဘရှိန်ကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဆန္ဒမဲပေး ပိုင်ခွင့်မဆုံးရှုံးရအောင် မဲပေးခွင့်ရှိတဲ့ ရွေ့ပြောင်းနေထိုင်သူတွေရဲ့သက်တမ်းကို ရွေးကောက်ပွဲနည်း ဥပဒေမှာ ရက်ပေါင်း ၁၈၀ အစား တဝက်လျော့ချပြီး ရက် ၉၀ ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာပြီး အများယုံကြည်တဲ့ ရွေးကောက်ပွဲဖြစ်အောင် စံငါးချက်နဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ စိုးရိမ်စရာ မလိုဘူးလို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ 

ကော်မရှင်ရဲ့ ဆောင်ရွက်တွေဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီညွတ်ရင်လည်း အချိန်မရွေးထောက်ပြပြီး ကန့်ကွက်နိုင်သလို ဖြေရှင်းဖို့ အဆင်သင့်လို့လည်း ပြောပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013