DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တန်ဆောင်တိုင်ပွဲ မီးပုံးပျံအလုံး ၂၀၀ လွှတ်တင်ပူဇော်ပြီး ပိတ်သိမ်း
DVB
·
November 14, 2019
လွိုင်ကော်တန်ဆောင်တိုင်ပွဲ မီးပုံးပျံအလုံး ၂၀၀ လွှတ်တင်ပူဇော်ပြီး ပိတ်သိမ်း
1 / 10
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်ညက မီးပုံးပျံ အလုံး ၂၀၀ လွှတ်တင်ပူဇော်ပြီး အခမ်းအနား ကို ပိတ်သိမ်းခဲ့ပါတယ်။

တန်ဆောင်တိုင်ပွဲတော်ကို လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်မှာ နိုဝင်ဘာ ၉ ရက်ကနေ ၁၃ ရက်အထိ ၅ ရက်တိုင်တိုင် ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွေ၊ မသိုးသင်္ကန်းကပ်လှူ ပူဇော်ပွဲတွေ၊ နိုင်ငံကျော်တေးသံရှင်တွေရဲ့ အခမဲ့ စတိတ်ရှိုး သီဆိုဖျော်ဖြေမှုတွေ ဆင်နွှဲခဲ့ ကြတာပါ။

မနေ့ညကပိတ်ပွဲအခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ပိတ်ပွဲအခမ်းအနားမှာပဲ မီးပုံးပျံလွှတ်တင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၂၄ သင်းထဲက ပထမ၊ ဒုတိယ၊ တတိယဆုတွေချီးမြှင့်ခဲ့သလို  ကျန်ပြိုင်ပွဲဝင် တသင်းကို ဂုဏ်ပြုဆုငွေကျပ် ၁ သိန်းအပြင် ဂုဏ်ပြုဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။

မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲမှာ ပထမဆုကို နဂါးသွေး (မိုင်းလုံးရပ်ကွက်)အသင်းက ရရှိခဲ့ပြီး ဒုတိယဆုကိုတော့ အဃ(ရွှေတောင်ရပ်ကွက်)အသင်းရရှိခဲ့ပါတယ်။ တတိယဆုကိုတော့ ရောင်းရင်းမီး (မင်္ဂလာရပ်ကွက်)အသင်းနဲ့ နဝရတ် (ရှမ်းစုရပ်ကွက်)အသင်းတို့ ပူးတွဲရရှိခဲ့ပါတယ်။

ဆုရအသင်းတွေကို ပထမဆုအနေနဲ့ ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၈ သိန်းနဲ့ တတိယဆုကို ငွေကျပ် ၆ သိန်းစီပေးအပ်ချီးမြှင့်ခဲ့သလို ဂုဏ်ပြုဆုတံဆိပ်နဲ့ ဂုဏ်ပြု မှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။

ပိတ်ပွဲအခမ်းအနားအပြီးမှာတော့ နိုင်ငံကျော် တေးသံရှင်တွေဖြစ်တဲ့ ဘိုဖြူ၊ Wanted၊ ထွန်းရတီနဲ့ ဒေသခံ အဆိုတော်တွေက ဖျော်ဖြေတင်ဆက်သွားခဲ့ပါတယ်။ လွိုင်ကော်မြို့ မီးပုံပျံပွဲတော်ကို အရင်နှစ်တုန်းက အကျဉ်းသာကျင်းပခဲ့ပေမယ့် အခုနှစ်မှာတော့ ပြည်နယ်အစိုးရက ဦးစီးပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013