
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယူနီယံဘာလင်ကို ၇ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ၉၈ ပွဲအတွင်း ဘွန်ဒက်စ်လီဂါ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ အမြန်ဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်လိုက်တယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
အင်္ဂလန် အသင်းခေါင်းဆောင် ကိန်းဟာ ပွဲချိန် ၃၉ မိနစ်မှာ ပင်နယ်တီကနေ စံချိန်တင် ၁၀၀ မြောက်ဂိုးကို သွင်းယူခဲ့ပြီး ၅၄ မိနစ်မှာ ခေါင်းတိုက်ဂိုး ထပ်မံသွင်းယူခဲ့တာပါ။
ဒီပွဲမှာ မိုက်ကယ် အိုလီစီက ဟက်ထရစ် သွင်းယူခဲ့သလို၊ ဂျာမေ မူစီယာလာ နဲ့ အစ္စမေးလ် ဆိုင်ဘာရီတို့ကလည်း တဂိုးစီ သွင်းယူခဲ့ကြပါတယ်။
ဒီနိုင်ပွဲကြောင့် ဂျာမန် ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းဟာ အခုရာသီ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
Photo: Reuters











