DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်နေ့ ရိုးရာဒုံးအကပြိုင်ပွဲတွင် ရသေ့ပျံယဉ်ကျေးမှုဒုံးအဖွဲ့ ပထမဆုရရှိ
DVB
·
November 11, 2019
ကရင်ပြည်နယ်နေ့ ရိုးရာဒုံးအကပြိုင်ပွဲတွင် ရသေ့ပျံယဉ်ကျေးမှုဒုံးအဖွဲ့ ပထမဆုရရှိ
1 / 8
Donate to DVB

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲနဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၁ မနက် ၁ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းမှာ ကျင်းပါတယ်။ 

ကရင်ရိုးရာအဆင့်မြင့်ဒုံးအကပြိုင်ပွဲကို ပြိုင်ပွဲ ၁၂ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် နောက်ဆုံးနေ့ ဒုံးအကပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၉ သင်းယှဉ်ပြိုင်ခဲ့ရာမှာ အကောင်းဆုံးဘက်စုံဒုံးဆု ပထမဆုကို ဘားကပ်-ဝတ်ကြီးတိုက်နယ်၊ ရသေ့ပျံယဉ်ကျေးမှုဒုံးအဖွဲ့က ဆွတ်ခူးရရှိသွားပါတယ်။

ဒုတိယဆုကို အိန္ဒု-မိစံ တိုက်နယ်၊ ဟိမောင်းလာဒိုး နောင်ပလိန်ဖိုး ယဉ်ကျေးမှုဒုံးအဖွဲ့၊ တတိယဆုကို ထုံးအိုင်-ဒုံရင်းတိုက်နယ်၊ ဟိလာပလောဖောင် ရွှေကော့ပရံယဉ်ကျေးမှုဒုံးအဖွဲ့တွေက ရရှိသွားပါတယ်။

ရသေ့ပျံယဉ်ကျေးမှုဒုံးအဖွဲ့၊ ဒုံးနည်းပြ၊ စောအောင်ကျော်ငြိမ်းက”အများကြီး အခက်အခဲ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ကလေးတွေက အရမ်း‌ခြေထောက်တွေ နာကြတယ်။ နောက်ဆုံးဖိုင်နယ်ကြတော့ အကုန်လုံးကြိုးစားပမ်းစားနဲ့ အင်တိုက်အားတိုက်လုပ်လို့ ပထမဆုကြီးကို ဆွတ်ခူးရရှိသွားတာ”လို့ ပြောပါတယ်။

ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို အမှတ်ပေးစည်းမျဉ်းအရ ဒုံးအဖွဲ့ဝင်ဖွဲ့စည်းပုံ၊ ဒုံးမအက၊ တေးသီချင်း၊ ဆိုင်းနဲ့တီးမှုတ်ခြင်းတွေမှာ ရိုးရာအစဉ်အလာနဲ့ ကိုက်ညီမှုရှိမရှိ၊ တီထွင်ဆန်းသစ်မှု၊ ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ကွက် ဒုံးတီးသူနဲ့ တေးသီချင်းသီဆိုသူတွေရဲ့ အသံကြည်လင် ပြတ်သားမှုစတဲ့ အချက်တွေကို ကြည့်ပြီး အကဲဖြတ်ရွေးချယ်ခဲ့တာပါ။

အကဲဖြတ်ဒိုင်အဖွဲ့ဝင်၊ ဒေါ်နန်းမြင့်တင်က“သူတို့ရဲ့ မျက်နှာအနေအထား။ ပိုပြီးတော့ မုဝင်လား။ မဝင်လား။ ကတာကတော့ ညီညာတာတော့ ရှိတယ်။ မျက်နှာအနေအထားက ပြုံးနေသလား။ စိတ်ပါလက်ပါရှိသလား။ အဲတာကို အဓိကထားပြီးတော့ ရွေးတယ်”လို့ ပြောပါတယ်။

အကဲဖြတ်ဒိုင်အဖွဲ့ဝင်၊ ဒေါ်နန်းစေးအွာက“အမှတ် ၁၀၀ ထဲကနေပြီးတော့ ကျမတို့တွေက အပြစ်ရှာရတဲ့ လူတွေဖြစ်ပါတယ်။ ပထမဆုကို အားလုံးပေးချင်ပါတယ်။ အားလုံးက ကြိုးစားကြပါတယ်။ သူတို့ကြိုးစားမှု ကို ကျမတို့က လေးစားပါတယ်” လို့ ပြောပါတယ်။

ဒုံးအကအထူးဆုကိုတော့ ပထမ ကျပ် ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ တတိယဆု ၂၁ သိန်း၊ တေးသီချင်းအကောင်းဆုံးဆုကိုတော့ ပထမဆု ၅ သိန်း၊ ဒုတိယ ၄ သိန်း၊ တတိယ ၃ သိန်းပေးအပ်ပါတယ်။

ရာဓနာ(ဆုတောင်းမေတ္တာပို့)ဆုကိုတော့ ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ၄ သိန်း၊ တတိယဆု ၃ သိန်း၊ ဘက်စုံဆုကိုတော့ ၁၀ သိန်း၊ အကြိုးစားဆုံးဆုကိုတော့ ၃ သိန်းနဲ့ နှစ်သိမ့်ဆု ၆ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013