DVB Logo
Home
Lead Story
မြန်မာသံသီချင်းကို တရုတ်ဂီတပညာရှင်တီးခတ်မှုနဲ့ သီဆိုအစွမ်းပြခဲ့သည့် ပါရမီရှင် အေးမြဖြူ (ရုပ်သံ)
DVB
·
November 4, 2019
မြန်မာသံသီချင်းကို တရုတ်ဂီတပညာရှင်တီးခတ်မှုနဲ့ သီဆိုအစွမ်းပြခဲ့သည့် ပါရမီရှင် အေးမြဖြူ (ရုပ်သံ)
Donate to DVB

လက်ရှိ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် အေးမြဖြူရဲ့ မြန်မာသံအစွမ်းပြသီဆိုထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

       Blind Audition အဆင့်ကနေ နောက်ဆုံး Top Finalists ၁၁ ယောက်အဆင့်ထိ အစွမ်းပြနိုင်ခဲ့တဲ့ အေးမြဖြူဟာ အသက်အငယ်ဆုံးပြိုင်ပွဲဝင်တဦးလည်းဖြစ်ပြီး သူ့ရဲ့ အရွယ်နဲ့ မလိုက်အောင် ပညာသားပါပါ ရွေးချယ်သီဆိုတဲ့ သီချင်းတွေကြောင့်လည်း ပြိုင်ပွဲဝင်တွေကြား ထင်ရှားသူတဦး ဖြစ်နေတာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ ခေတ်ပေါ်စတီရီယိုသီချင်းတွေတင်မက မြန်မာသံ သီချင်းကြီးတွေကိုပါ ပိုင်နိုင်သူတယောက်ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်သလိုဖြစ်နေခဲ့ တာပါ။

Sheng လို့ခေါ်တဲ့ တရုတ်လေမှုတ်တူရိယာ တီးမှုတ်ပေးသူကတော့ နာမည်ကျော် ဂီတပညာရှင် Wu Wei ဖြစ်ပြီး အေးမြဖြူရဲ့ သီဆိုဟန်နဲ့ မတူညီတဲ့ အသံတွေ ပေါင်းစပ် ဖန်တီးခဲ့ကြတာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ MEBC – MusicArt Academy ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေးသားဖော်ပြ ထားခဲ့တာပါ။

“Chinese Sheng Virtuoso Wu Wei နဲ့ MEBC ကျောင်းသူ အေးမြဖြူတို့ရဲ့… မတူညီတဲ့ အသံတွေပေါင်းစပ်မှု... MusicArt Project Art director: Sigune von Osten (President of MEBC) #MEBC #Re_Vibrating_Goethe_Villa”

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာ နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ရက်စက်သွားသူသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ် Performance Show မှာတော့ နီနီခင်ဇော်ရဲ့ သီချင်းတပုဒ် ဖြစ်တဲ့ လွမ်းခွင့်လေးသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ် ပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013