
အဲဗာတန်ကွင်းလယ်လူ ဂျိမ်းစ်ဂါးနားဟာ ငယ်ချစ်မန်ယူအသင်းကနေ ထွက်ခွာခဲ့တဲ့ ဆုံးဖြတ်ချက် ဟာ သူ့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်စေခဲ့တာပါလို့ ပြောကြားလိုက်ပါတယ်။
မန်ယူမှာသာ ဆက်ရှိနေခဲ့ရင် အင်္ဂလန်လက်ရွေးစင် ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ဂါးနားက ယူဆ နေတာ ဖြစ်ပြီး အဲဗာတန်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့ဟာ သူ့အတွက် အလွန်ပြည့်စုံ ခဲ့တယ်လို့ ဆိုပါတယ်။
ဂါနားဟာ အင်္ဂလန်လက်ရွေးစင်အသင်းဆီ နောက်ကျမှ အစားထိုးကစားသမားအဖြစ် ပြန်လည် ခေါ်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ကလပ်အသင်းပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် ရရှိလာတာ လို့ သူက ပြောပါတယ်။
အဲဗာတန်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့တာက သူ့ရဲ့ ကစားသမားဘဝကို အများကြီး တိုးတက် စေခဲ့တာပါ လို့ ဂါနားက ဖြည့်စွက်ပြောကြားသွားပါတယ်။
Photo:Reuters










