DVB Logo
Home
မြန်မာသတင်း
သံဃမဟာနာယကဥက္ကဋ္ဌကို တရုတ်သံအမတ် ဖူးမြော်၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တိုးမြှင့်ရန် လျှောက်ထား
DVB
·
October 28, 2019
သံဃမဟာနာယကဥက္ကဋ္ဌကို တရုတ်သံအမတ် ဖူးမြော်၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တိုးမြှင့်ရန် လျှောက်ထား
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကို သွားရောက်ဖူးမြော်ပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာနယ်ပယ်အကြား ပူးပေါင်းဆောင်ရွက်တာကနေ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးမြှင့်သွားချင်တယ်လို့ လျှောက်ထားခဲ့ပါတယ်။

သံအမတ်ကြီး ချန်းဟိုင်က ရန်ကုန်မြို့မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသကို မနေ့က သွားရောက်တွေ့ဆုံဖူးမြော်ခဲ့တာလို့ တရုတ်သံရုံးက သတင်းထုတ်ပါတယ်။

သံအမတ်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံဟာ ကြာရှည်တဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေရှိပြီး ဗုဒ္ဓဘာသာဟာ နှစ်နိုင်ငံလူမှုယဉ်ကျေးမှု ကူးလူးဖလှယ်တာရဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောနှစ်တွေမှာ နှစ်နိုင်ငံဗုဒ္ဓဘာသာ နယ်ပယ်အကြား ကူးလူးဆက်ဆံတာ မြင့်လာပြီး တရုတ်နိုင်ငံဟာ နှစ်နိုင်ငံဗုဒ္ဓဘာသာ နယ်ပယ်အကြား ကူးလူးဖလှယ်တာနဲ့ ပူးပေါင်းဆောင်ရွက်တာကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးမြှင့်သွားချင်တယ်လို့ ပြောပါတယ်။

ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသကလည်း မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူတွေအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်းလှပြီး ဗုဒ္ဓဘာသာဟာ နှစ်နိုင်ငံယဉ်ကျေးမှု ကူးလူးဖလှယ်ရေးရဲ့ အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာ ဗုဒ္ဓဘာသာနယ်ပယ်အကြား ကူးလူးဖလှယ်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး တွန်းအားပေးဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လိုတယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။

ဓာတ်ပုံ- တရုတ်သံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013