DVB Logo
Home
မြန်မာသတင်း
ရက်မှန်ကြေးနှင့်ဥပဒေပါ အခွင့်အရေးများရရှိရန် အထည်ချုပ်အလုပ်သမားများ တောင်းဆို
DVB
·
October 27, 2019
ရက်မှန်ကြေးနှင့်ဥပဒေပါ အခွင့်အရေးများရရှိရန် အထည်ချုပ်အလုပ်သမားများ တောင်းဆို
Donate to DVB

ရက်မှန်ကြေးနဲ့ ဥပဒေပါ အခွင့်အရေးတွေရရေး လှိုင်သာယာ မြန်ရီအထည်ချုပ်စက်ရုံက အလုပ်သမား ၈၀၀ ကျော် စုပေါင်းတောင်းဆိုလိုက်ပါတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ထဲက မြန်ရီ အထည်ချုပ်စက်ရုံက စက်ရုံဝန်ထမ်းအားလုံးနီးပါး စက်ရုံအပြင်ထွက်ပြီး တောင်းဆိုနေတာပါ။ ရက်မှန်ကြေးမရတာနဲ့ အလုပ်ချိန်ပို ၈ နာရီထက် ပိုနေတဲ့အတွက် ဥပဒေနဲ့မညီလို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ 

စုစုပေါင်း တောင်းဆိုချက် ၂၆ ချက်ထဲက ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အချက် ၄ ချက် ကျန်နေတဲ့အတွက် ဆက်လက်တောင်းဆိုနေတာဖြစ်ပြီး ရက်မှန်ကြေးကိုလည်း ခွဲခွဲပေးတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အလုပ်သမားတဦးဖြစ်သူ မခင်ဇာခြည်ကျော်က “၂၀၀၇ ကတည်းက အလုပ်သမားတွေကို ၃ လပြည့်ရင် ၄၈၀၀ တိုးပေးရမယ် ဆိုတာလည်း ရှိတယ်။ ပြောထားတယ်။ ခြောက်လ၊ ခုနစ်လရှိပြီ။ လုံးဝ မတိုးပေးသေးဘူး။ အခု ရက်ပျက်ရင် နေ့ကြေးပြုတ်မယ်။ ကျမတို့ အိုတီမဆင်းရင် အိုတီပြုတ်မယ်။ ဘောနပ်ပြုတ်မယ်။ တရက်ကို နှစ်သောင်းကျော် ဖြတ်တယ်”လို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာလည်း စကားပြော ရိုင်းစိုင်းတဲ့ အပြုအမူတွေ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးက ဖြေရှင်းပေးပေမယ့်လည်း ပြေလည်မှုမရသေးဘဲ ၆ ရက်ကျော် စက်ရုံရှေ့မှာ တောင်းဆိုနေကြတာပါ။ 

အလုပ်သမားတွေဘက်ကတော့ တောင်းဆိုချက်တွေ အကုန်မရမချင်း စက်ရုံထဲ ပြန်မဝင်ဘဲ စက်ရုံရှေ့မှာ ဆက်လက်တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အလုပ်သမားတဦးဖြစ်သူ မဝါဝါက “နေ့စားတွေကို သူတို့က အလုပ်ထုတ်လိုက်တယ်။ အလုပ်ထုတ်လိုက်တော့ ကလေးတွေမှာ အိမ်လစာ ရှိမယ်၊ စားဖို့ နေဖို့ ရှိတယ်။ ကလေးတွေကို ခြောက်လပြည့်အထိ ခေါ်တယ်။ တပတ်ကို လေးယောက်  ဖြုတ်တယ်။ နေ့စားခကိုလည်း နေ့တိုင်း မရှင်းဘူး။ တပတ်ပြည့်မှ ရှင်းတယ်။ ကလေးတွေကို အလိုမရှိရင် အလိုမရှိသလို သူတို့က အလုပ်ထုတ်တယ်။ အဲဒီကလေးတွေကိုလည်း ၂၇၀၀ ပဲ ပေးတယ်။ အထည်ကိုလည်း တိုက်ရိုက်ပေးရတယ်”လို့ ပြောပါတယ်။

အလုပ်သမား အငြင်းပွားမှုနဲ့ ပတ်သက်ပြီး DVB က စက်ရုံဘက်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် စက်ရုံတံခါး ပိတ်ထားတဲ့အတွက် မေးမြန်းခွင့်မရခဲ့ပါဘူး။ 

စက်ရုံထဲမှာ နေ့စားအလုပ်သမားတွေရှိပြီး ၃ လပြည့်ရင် ကျပ် ၄၈၀၀ ပေးမယ်လို့ စက်ရုံဘက်က ပြောဆိုထားပေမယ့် ၃ လပြည့်ပြီးနောက် အလုပ်ဖြုတ်လိုက်တဲ့အတွက်  နေ့စားသမားတွေကလည်း တောင်းဆိုနေကြပါတယ်။ 

စက်ရုံဘက်က အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ရှိတယ်လို့ ပြောဆိုပေမယ့်လည်း အလုပ်သမားတွေကတော့ အဲဒီစာချုပ်မှာ လက်မှတ်မထိုးရဘူးလို့ ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013