DVB Logo
Home
မြန်မာသတင်း
လွှတ်တော်တွင်း ဝန်ကြီးဌာနများ မရှင်းမလင်းနှင့် ရောပြွမ်းဖြေဆိုမှု ပိုများနေ
DVB
·
October 26, 2019
လွှတ်တော်တွင်း ဝန်ကြီးဌာနများ မရှင်းမလင်းနှင့် ရောပြွမ်းဖြေဆိုမှု ပိုများနေ
Donate to DVB

ဝန်ကြီးဌာနတွေက လွှတ်တော်မှာ လာရောက်ဖြေဆိုတဲ့အခါ မရှင်းမလင်းနဲ့ ရောပြွမ်းဖြေဆိုတာက ပိုပြီး သိသိသာသာ များနေတယ်လို့ လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာက ဆိုပါတယ်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ကနေ သုတေသနလုပ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့ ပုံမှန်အစည်းအဝေးတွေကို သုံးသပ်တဲ့ အစီရင်ခံစာကို မနေ့က ထုတ်ပြန်လိုက်တာပါ။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ဝန်ကြီးဌာန တာဝန်ရှိသူတွေက လာရောက်ဖြေဆိုတဲ့အခါ အပြုသဘောဆောင်တာ၊ ငြင်းဆိုဖြေကြားတာ၊ မရှင်းလင်းတာ၊ ရောပြွမ်းနေတာနဲ့ ဆောင်ရွက်ဆဲလို့ ဖြေဆိုတာဆိုပြီး ၅ မျိုး ခွဲခြားလိုက်ပါတယ်။

ရလဒ်ကတော့ မရှင်းလင်းတာနဲ့ ရောပြွမ်းတုံ့ပြန်မှုက အကြိမ်ပေါင်း ၂၅၀ လောက် ရှိခဲ့တာကြောင့် အပြုသဘောဆောင် ဖြေဆိုခဲ့တာထက် သိသိသာသာကို ပိုပြီးများနေတာကို တွေ့ရပါတယ်။

၂၀၁၈ နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပတဲ့ အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ မရှင်းလင်းတဲ့ တုံ့ပြန်မှုနဲ့ ရောပြွမ်းတုံ့ပြန်မှုက ၂၉ ကြိမ်ရှိခဲ့ပြီး ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၁၄ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာ ၁၂ ကြိမ်နဲ့ အပြုသဘောင်ဆောင်တာက ၃၇ ကြိမ်ရှိခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ မရှင်းလင်းတဲ့တုံ့ပြန်တာ ၅၁ ကြိမ်၊ ရောပြွမ်းတုံ့ပြန်တာ ၆ ကြိမ်ရှိပြီး ၁၅ ကြိမ်က ငြင်းဆိုတုံ့ပြန်ခဲ့ပါတယ်။ ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၁၉ ကြိမ်ရှိပြီး အပြုသဘောဆောင်ကတော့ ၃၆ ကြိမ်ရှိပါတယ်။

ဒီအစည်းအဝေး ၃ ကြိမ်ထဲမှာ အပြုသဘောဆောင် ဖြေဆိုတာ စုစုပေါင်းက ၂၃၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အများဆုံး လာရောက်ဖြေဆိုရတဲ့ ဝန်ကြီးဌာနကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဖြစ်ပြီး သူ့နောက်မှာ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း၊ ပညာရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ မရှင်းလင်းတဲ့ တုံ့ပြန်မှုက ၆၅ ကြိမ် ရှိခဲ့လို့ သုတေသနလုပ်တဲ့ အစည်းအဝေး ၃ ကြိမ်အတွင်း အများဆုံးဖြစ်ပြီး ရောပြွမ်းတုံ့ပြန်မှုက ၃ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာက ၁၃ ကြိမ်၊ ဆောင်ရွက်ဆဲလို့တုံ့ပြန်တာက ၈ ကြိမ်နဲ့ အပြုသဘောဆောင် ဖြေဆိုတာက ၃၄ ကြိမ် ရှိခဲ့ပါတယ်။

နဝမအကြိမ် အမျိုးသားလွှတ်တော်မှာတော့ အပြုသဘောဆောင်ဖြေတာက ၄၃ ကြိမ်ရှိလို့ များနေပေမယ့် လာရောက်မဖြေဆိုခဲ့တာ တကြိမ်ရှိပြီး မရှင်းလင်းတဲ့ တုံ့ပြန်တာ၊ ရောပြွမ်းတုံ့ပြန်တာက ၂၅ ကြိမ် ရှိခဲ့ပါတယ်။ ပြီးတော့ ငြင်းဆိုတုံ့ပြန်တာက ၁၆ ကြိမ်၊ ဆောင်ရွက်ဆဲလို့ ဖြေဆိုတာ ၂ ကြိမ် ရှိပါတယ်။

ဒီအစည်းအဝေး ၃ ကြိမ်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ စုစုပေါင်း မေးခွန်း ၆၂၄ ခု မေးမြန်းဖြေဆိုခဲ့ပြီး ဝန်ကြီးဌာနတွေဟာ မေးခွန်းထက်ဝက်ကျော်ကို အပြုသဘောမဆောင်တဲ့ အဖြေတွေလာရောက်ဖြေကြားတာတာကိုတွေ့ရပါတယ်။

၂၀၁၈ မေ ၁၄ ရက်နေ ဇွန် ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးမှာတော့ မရှင်းလင်းတဲ့တုံ့ပြန်မှုက ၅၃ ကြိမ်ရှိခဲ့တာကြောင့် ရောပြွမ်းတုံံပြန်တာ ၁ ကြိမ်၊ ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၅ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာ ၁၆ ကြိမ်နဲ့ အပြုသဘောင်ဆောင် တာကတော့ ၃၄ ကြိမ် ရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ အပြုသဘောဆောင်တုံ့ပြန်တာက ၄၈ ကြိမ်ရှိပြီး မရှင်းလင်းတာနဲ့ ရောပြွမ်းတုံ့ပြန်တာ ၁၅ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာ ၁၄ ကြိမ်၊ ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၉ ကြိမ် ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013