
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမဲ့ပွဲမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း ပါဝင်ကစားနိုင်ဖို့ ဘိုင်ယန်မြူးနစ်အသင်းက စောင့်ကြည့်နေရပါတယ်။
အသက် ၃၂ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဂျပန်နဲ့ ခြေစမ်းပွဲအပြင် ဖရိုင်းဘတ်နဲ့ပွဲကိုပါ လွဲချော်ခဲ့ပေမဲ့ တနင်္လာနေ့မှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာပါ။
နည်းပြ ဗင်းဆင့်ကွန်ပနီကတော့ ဟယ်ရီကိန်းကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းမလားဆိုတာကို အတည်မပြုသေးဘဲ အင်္ဂါနေ့ရောက်မှသာ ဆုံးဖြတ်ချက်ချမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ ဘိုင်ယန်အတွက် သွင်းဂိုး ၄၈ ဂိုးအထိ သွင်းယူပေးထားတဲ့ ဟယ်ရီကိန်းဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ခေါင်းဆောင်တယောက်ဖြစ်လို့ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေက ဘိုင်ယန်အတွက် အဆုံးအဖြတ် ဖြစ်နေပါတယ်။










