DVB Logo
Home
မြန်မာသတင်း
နတ်မြစ်အတွင်း မူးယစ်ဆေးသယ်သူ ၂ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အသေဖမ်းမိ
DVB
·
October 20, 2019
နတ်မြစ်အတွင်း မူးယစ်ဆေးသယ်သူ ၂ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အသေဖမ်းမိ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့အနီး နတ်မြစ်အတွင်း နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် မူးယစ်ဆေး သယ်ဆောင်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ၂ ဦး အသေပစ်ခတ်ဖမ်းဆီးမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် bdnews24 သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၀င်တွေ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်က လုံခြုံရေးကင်းလှည့်နေစဉ် မြန်မာဘက်ကမ်းကနေ လှေငယ်နဲ့ ထွက်ခွာလာတဲ့ မသင်္ကာဖွယ်ရာ လူ ၄ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ၄ ဦးအား စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိတဲ့အပြင် အဲဒီလှေငယ်ကနေ စတင်ပစ်ခတ်ခဲ့တဲ့အတွက်  ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၀င်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားစဉ်မှာ ၂ ဦက လှေပေါ်ကနေခုန်ချ ထွက်ပြေးခဲ့ပြီး လှေပေါ်မှာ ဒဏ်ရာရသူ ၂ ဦးကို ကော့ဘဇားမြို့ "ဆာဒါ" ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လှေပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ နဲ့ သေနတ် ၁ လက်၊ ကျည် ၂ တောင့်၊ ဓား ၂ ချောင်းတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ bdnews24 သတင်းမှာ ဖော်ပြထားပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013