DVB Logo
Home
မြန်မာသတင်း
သီတင်းကျွတ်ကာလအပြီး ပဲဈေး အနည်းငယ် မြင့်တက်
DVB
·
October 19, 2019
သီတင်းကျွတ်ကာလအပြီး ပဲဈေး အနည်းငယ် မြင့်တက်
Donate to DVB

အိန္ဒိယနိုင်ငံက ပဲလိုအပ်ချက်ကြောင့် သီတင်းကျွတ်ကာလအပြီး မြန်မာ့ပဲဈေး အနည်းငယ် မြင့်တက်လာတယ်လို့ မန္တလေးကုန်စည်ဒိုင်က ပြောပါတယ်။

စက်တင်ဘာလကုန်ပိုင်းက မတ်ပဲဈေးဟာ ၃ တင်းဝင် တအိတ်ကို ၇ သောင်းခွဲကနေ ၈၅၀၀၀ အထိရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ၉ သောင်းအထိ ဈေးမြင့်တက်သွားတယ်လို့ မန္တလေး ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း အလုပ်အမှုဆောင် ဦးတင်အောင်မိုးက ပြောပါတယ်။

“လက်ရှိ ကျနော်တို့က  အောက်တိုဘာ ၃၁ ရက်နေ့ဆိုရင် အိန္ဒိယကနေပြီးတော့ သူတို့နိုင်ငံကို ၃၁ ရက်နေ့အရောက်ဆိုတဲ့ သက်တမ်းက ကုန်ဆုံးသွားပြီ။  မတ်ပဲတန် ၁ သိန်းခွဲ၊ ပဲစင်းငုံတန် ၄ သိန်း ကုန်ဆုံးသွားတော့ ကျနော်တို့ဆီမှာ အောက်တိုဘာ ၂၃ ရက်နေ့က နောက်ဆုံးတင်မှ ဟိုဘက်ကို ၃၁ ရက်နေ့ရောက်မှာ။ သီတင်းကျွတ်မတိုင်ခင်မှာ မတ်ပဲဈေးက မန္တလေးမှာပေါ့နော်။ မန္တလေးမှာ ၇ သောင်းခွဲကနေ ၈ သောင်းပေါ့။ ပစ္စည်းကောင်းတဲ့ဟာက ၈ သောင်းလောက်ရှိပြီး ပစ္စည်းမကောင်းတဲ့ဟာက ၇ သောင်းခွဲပေါ့။ သီတင်းကျွတ်ပြီးမှာ မတ်ပဲဈေးက ၉ သောင်းလောက်ထိ ဖြစ်သွားတယ်။ နည်းနည်းညံ့တာတွေက ၈ သောင်း ၈ သောင်းခွဲ ဖြစ်တယ်။  အဲ့တော့ သီတင်းကျွတ်မတိုင်ခင်နဲ့ သီတင်းကျွတ်ပြီးကို မတ်ပဲဈေးကတော့ ၃ တင်းတစ်အိတ်ကို ၁ သောင်း ၁ သောင်းခွဲလောက် တက်သွားတယ်ပြောရမှာပေါ့။ ဘာကြောင့် တက်တာလဲဆိုတော့ အိန္ဒိယက လိုအပ်ချက်ရှိတယ်။ အိန္ဒိယမှာ ပဲပျက်တယ်။ မိုးများပြီးမတ်ပဲ ပျက်တယ်။”

လတ်တလော ပဲဈေးတွေအရ ပဲစင်းငုံ သုံးတင်းဝင် တအိတ်ကို ၈ သောင်းကနေ ၈၇၀၀၀ ကြား၊ ပဲတီစိမ်း ၃ တင်းဝင် တအိတ်ကို ငွေကျပ် ၁ သိန်းကနေ ၁၄၀၀၀၀ ကျပ်ကြား၊ နှမ်းညို ၄၅ ပိသာဝင် တအိတ်ကို ငွေကျပ် ၁၄၀၀၀၀ ကျပ်၊ နှမ်းဖြူ ၄၅ ပိသာဝင် တအိတ်ကို ၁၅၃၀၀၀ ကျပ်၊ နှမ်းနက် ၄၅ ပိဿာဝင် တအိတ်ကို ၂၅၆၀၀၀ ကျပ်ကနေ ၂၅၈၀၀၀ ကျပ်ကြား ဈေးရှိတယ်လို့ သိရပါတယ်။

အောက်တိုလအတွင်း မြေပဲဆန်ဈေးကတော့ သိသိသာသာ ကျဆင်းလာပြီး တပိဿာကို ၄၂၀၀ ကနေ လက်ရှိအချိန်မှာတော့ ၃၄၀၀ ကျပ်သာ ရှိတယ်လို့ သိရပါတယ်။ 

မန္တလေးခရိုင် ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က “အဲ့အချိန်မှာ တရုတ်ပြည်မှာ မြေပဲဆံ ပစ္စည်းမရှိဘူး။ မရှိတော့ သူတို့နိုင်ငံရဲ့ လိုအပ်ချက်လည်း များတော့ ကျနော်တို့နိုင်ငံကနေ ဈေးမြင့်ပြီး ဝယ်တယ်ပေါ့နော်။ အဲဒီနောက် သူ့နိုင်ငံထဲမှာ ပဲတွေ ပေါ်တယ်။ အနီရော၊ အဖြူရော တပြိုင်တည်း ပေါ်တယ်။ သူ့နိုင်ငံရဲ့ မြေပဲဆံ ဈေးကွက်ကိုက တပိဿာ ၃၂၀၀၊ ၃၃၀၀ပဲ ရှိတော့တဲ့အချိန်မှာ ကျနော်တို့နိုင်ငံက အလိုလို မြင့်နေလို့မရတော့ဘူး။ မြင့်နေလည်း မဝယ်တော့ဘူး” လို့ ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013