DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
October 13, 2019
ရင်ဖွင့်စာ
Donate to DVB

လူမှုဖူလုံရေးမှ တာဝန်ရှိသူများ သိအောင် ဖော်ပြပေးပါ
ကျနော်က လူမူဖူလုံရေးအစိုးရဌာနက ဝန်ထမ်းပါ။  အခြားသော အစိုးရဌာနအသီးသီးက အဝေးသင်ကျောင်း ပညာရေးအတွက် ကျောင်းတက်ခွင့် ၄၊ ၅ ရက် တရားဝင် ထုတ်ပြန်ကြသော်လည်း ကျနော်တို့ လမဖမှ အဝေးသင်ကျောင်းသားများမှာ လုပ်သက် ၁ နှစ်နဲ့အထက်ဆိုလျှင် လုပ်သက်ခွင့်၊ လုပ်သက် ၁ နှစ်မပြည့်သေးလျှင် လစာမဲ့ခွင့် စသဖြင့်သာ အဝေးသင်ပညာရေးအတွက် ခွင့်ရရှိပါသည်။ အခြားသော အစိုးရဌာနများကဲ့သို့ အဝေးသင်ပညာရေးအတွက် တရားဝင်ကျောင်းတက်ခွင့် မရရှိသည်မှာ လွန်စွာ ဝမ်းနည်းအားငယ်မိပါသည်။ လူမှုဖူလုံရေးမှ တာဝန်ရှိသူများ သိအောင် ဖော်ပြပေးစေချင်ပါတယ်။
အမည်မဖော်လိုသူ လူမှုဖူလုံရေးဝန်ထမ်းတဦး

ရှေ့က ဈေးဆိုင်၊ နောက်မှာ လောင်းကစားဝိုင်း
ကျမကတော့ ပဲခူးတိုင်း၊ အနောက်ပိုင်း သဲကုန်းမြို့နယ်၊ အင်းမမြို့မှ မမီမီသွင်ဖြစ်ပါတယ်။ ကျမတို့ အင်းမမြို့ပေါ်မှာ လမ်းဘေးကစျေးဆိုင်တွေမှာ ရှေ့မှာဆိုင်ကိုအကြောင်းပြပြီး နောက်မှာလောင်းကစားဝိုင်းတွေလုပ်နေပါတယ်။ တာဝန်ရှိသူတွေကလဲ မပိတ်ပင်ကြပါဘူး။ သတ်ဆိုင်ရာတာဝန်ရှိသူများနဲ့သမ္မတကြီး သိရှိရန် တင်ပြလိုက်ရပါတယ်။

ပြင်ပြီး ၁ လတောင် မခံတဲ့လမ်း
ကျေးဇူးပြုပြီး ကျေးလက်က လမ်းဦးစီးဌာနကိုပြောပေးပါဦး။ ဆင်ခေါင်း ကိုင်းတောကြီး လမ်းမှာ ရေကျာ်သုံးခုရှိပါတယ်။ တောကျောင်းအနောက်ဘက်နားက ရေကျော်ဟာဆို ပျက်စီးလို့ ပြင်တာ တလတောင် မကြာသေးခင်မှာတင် ပျက်စီးသွားပါတယ်။ အမှန်တော့ ရေကျော်က ချောင်းထက်မြင့်နေတာပါ။ ဒါကိုပြင်သွားတဲ့သူက ချောင်းကိုထပ်တူးပြီး ရေကစားနေတဲ့နေရာကို မြေနီကျောက်ဖို့ထားခဲ့ပါတယ်။ ဒါကို နားလည်တဲ့ တာဝန်ရှိသူများ လာကြည့်စေချင်ပါတယ်။ အခုဆိုရင်လမ်းက ကားတွေ၊ ဆိုင်ကယ်တွေ ဖြစ်သလိုသွားနေရပါတယ်။ ကျေးဇူးပြုပြီးပြောပြပေးပါဦး။

၁ ထောင်ထက်ပို ဈေးတင်ရောင်းသည့် ထီဆိုင်များ
ကျနော်က  အောင်ဘာလေထီကို  လစဉ် လေးသောင်း၊ ငါးသောင်းဖိုး အပတ်စဉ် ထိုးနေသူတယောက်ပါ  ခင်ဗျာ။ ထီဆိုင်တွေ ၁ ထောင်ထက် ပိုရောင်းနေတာကို နိုင်ငံတော်အကြီးအကဲတွေ  သိအောင် ပြောပေးပါခင်မျာ။ မြို့နယ်အခွန်ရုံးတွေမှာ ၁၀၀၀ နဲ့ လိုသလောက် ရောင်းပေးစေချင်ပါတယ်ခင်ဗျ။  အဲ့ဒါဆို ထီစျေးနှုန်းက ၁ ထောင်ထက် ပိုရောင်းတဲ့သူ မရှိသလောက် နည်းသွားမှာပါ။  

ကိုမြင့်စိန် (နိဗ္ဗာန်ကျေးရွာ၊ ကဝမြို့နယ်၊  ပဲခူးတိုင်းဒေသကြီး)

မြင်းခြံ GTC အဆောင်ကနေ ကျောင်းသွားသည့်လမ်း လျှပ်စစ်မီး တပ်ဆင်ပေးပါ
ကျနော်က မြင်းခြံ GTCမှာ တက်ရောက် ပညာသင်ယူနေတဲ့ ကျောင်းသားတဦးပါ။ အခြားမြို့က လာတက်တာဆိုတော့ အဆောင်နေရပါတယ်။ ကျနော် ပြောချင်တာက အဆောင်ကနေ ကျောင်းသွားတဲ့လမ်းမှာ လျှပ်စစ်မီး မရှိပါဘူး။လမ်းမှာ ဓာတ်တိုင်တွေရှိပေမဲ့ မီးတပ်ဆင်ထားခြင်း မရှိပါဘူး။ ကျောင်းပေါက်ရောက်မှသာ လျှပ်စစ်မီး တွေ့ရပါတယ်။ ဒါတောင် ကျောင်းထဲမှာ မီးအပြည့်အစုံ မရှိပါဘူး။ ဓာတ်တိုင် ရှိပေမဲ့ မီးက မရှိ၊ ညစာ သွားစားတဲ့ အခါမျိုးကျရင် အဆင်သိပ်မပြေပါဘူး၊ ကျောင်းမရောက်ခင်မှာတော့ Shwe စက်သုံးဆီ အရောင်းဆိုင်ရှိပါတယ်။ သူနဲ့ မျက်စောင်းထိုး ကျောင်းမရောက်ခင်မှာလည်း အလယ်တန်းကျောင်းခွဲ တစ်ကျောင်းလည်းရှိပါတယ်။ ညရောက်ရင် အဲ့ Shwe ဆိုင်က မီးလေးနဲ့ ဆိုင်ကယ် မီးလေးသာ အားပြုပြီး ကျောင်းကို ထမင်းလာစားရပါတယ်။ Shwe ဆီဆိုင် အကျော် ကျောင်းမရောက်ခင်မှာ ကွေ့တကွေ့ရှိပါတယ်။ နေ့ခင်းဘက်ဆိုရင်တောင် သတိမထားမိရင် ဟိုဘက်က လာတဲ့ ဆိုင်ကယ်တွေ ကားတွေကို သတိမထားမိပါဘူး။ ဟွန်းလည်း မတီးကြပါဘူး။ လူတိုင်း စည်းကမ်းလိုက်နာတာက ရှားပါတယ်။ ဟိုဘက် ရွာတွေက လာတဲ့ ဆိုင်ကယ်သမားတွေရယ် ကူးသန်းရောင်းဝယ်ကြတဲ့ ကားတွေရယ် ထော်လာဂျီတွေရယ် ကျောင်းသူ/ကျောင်းသားတွေရယ်နဲ့ အန္တရာယ်များပါတယ်။ တချို့ ယာဉ်တွေဆိုရင် ရှေ့မီးကို မပါကြပါဘူး။ ယာဉ်အန္တရာယ် မဖြစ်ရင်တောင် ကျောင်းသူ /ကျောင်းသား တွေရဲ့ လုံခြုံရေးကို ငဲ့ညှာပေးသင့်ပါတယ်။ အမှောင်ထုကို အမှီပြုပြီးတော့ လုပ်စားတဲ့ လူတွေရှိလာလျှင် ကျောင်းသူ/ကျောင်းသားတွေပဲ အများစု နစ်နာရမှာပါ။ ကျနော်တို့ဘက်မှာ လုတာတွေ ဓားထောက်တာတွေ စော်ကားမှုတွေ မရှိသေးပေမဲ့ မြင်းခြံဒီဂရီကော်လိပ်ဘက်မှာ အလားတူ အမှုတွေက ရေတွက် မရအောင်ပါဘဲ ကြားရပါတယ်။ နေ့ခင်းဘက်တောင် လူစုနဲ့ လုကြတာတွေရှိတယ်လို့လည်းကြားရပါတယ်။ ဒါကြောင့် လမ်းသွားလမ်းလာ မြင်ရဖို့ လျှပ်စစ်မီးရအောင် ကျောင်းအုပ်ကြီးကိုပဲ တင်ပြရမလား၊ မြင်းခြံ အီးပီစီရုံးကိုပဲ သွားပြောရမလား။ ကျောင်းသူ/ ကျောင်းသားတွေကို လုံခြုံမှု ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ လူကြီးတွေဘက်ကလည်း ဆောင်ရွက်ပေးစေလိုပါတယ်။

မလွှကုန်း နောက်ဖေးလမ်း အမှိုက်များ ရှင်းလင်းပေးပါ
ကျနော်က ကျောက်မြောင်း၊ မလွှကုန်းလမ်းကပါ။ စည်ပင်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ စည်းရုံးတုန်းက နောက်ဖေးလမ်းတွေ သန့်ရှင်းရေးလုပ်ပေးမယ်ဆိုပြီး စည်းရုံးခဲ့ပေမယ် ကျနော်တို့ မလွှကုန်းလမ်းက အိမ်တွေကပဲ ပိုက်ဆံထည့်ရှင်းလင်းခဲ့ရပါတယ်။ ဒါကတော့ထားလိုက်ပါ။ အခုလည်း အပေါ်ထပ်တွေက အမှိုက်တွေချနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ စည်ပင်အုပ်ချုပ်ရေးမှုးမှ တာဝန်ယူဆောင်ရွက် ပေးပါရန် ဒီစာလေး ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ခင်မောင်ဌေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013