DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
October 6, 2019
ရင်ဖွင့်စာ
Donate to DVB

မီးလောင်နေတာ ၁ လကျော်ကြာပြီဖြစ်တဲ့ ဆင်ဖြူကွင်းအမှိုက်ပုံ
ပဲခူးမြို့၊  ဆင်ဖြူကွင်းက အမှိုက်ပုံ မီးလောင်နေတာ ၁ လကျော်ပါပြီ။ အညှော်နံ့က တော်တော်ဆိုးလို့ ပတ်ဝန်းကျင်ရွာတွေလည်း ကျန်းမာရေး ထိခိုက်နေကြပါပြီ။ တာဝန်ရှိသူတွေကလည်း တာဝန်မရှိသလို လုပ်နေကြလို့ပါ။
ကိုကိုမောင်

မကွေးမြို့ ရွာသစ်ရပ်က ပေပါခွံ သံပြားလုပ်ငန်းမှ ဆူညံသံများ အရေးယူပေးပါ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရွာသစ်ရပ် အ.ထ.က ၂ လမ်းနဲ့ ၁၈ လမ်းထောင့်ရှိ ခြံဝိုင်းအတွင်းက ပေပါခွံ သံပြားတွေ ထုရိုက်တဲ့လုပ်ငန်းမှ ထွက်ပေါ်လာတဲ့ ဆူညံသံတွေကို နားမခံသာ၍ ရပ်ကွက်နေ ပြည်သူအများက မြို့နယ်စည်ပင် တိုင်းစည်ပင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေဆီကို အကြိမ်ကြိမ် စုပေါင်းတိုင်ကြားသော်လည်း ဘာမှ လာလုပ် ဖယ်ရှားပေးခြင်း မရှိလို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
–ဘကြီးအောင် 

မြိတ်မြို့ မြို့လယ်ကောင်က ငါးဂိမ်း၊ ကာစီနိုလောင်းကစားရုံများ
မြိတ်မြို့ မြို့လယ်ကောင်၊ ဆိပ်ငယ်ရပ်ကွက် အာဇာနည်ပန်းခြံအနောက်ဘက်မှာ ငါးဂိမ်း၊ ကာစီနိုလောင်းကစားရုံဖွင့် မူးယစ်ဆေးဝါးများ၊ အရောင်းအဝယ်လုပ်ပြီး ရပ်ကွက်ထဲတွင်လည်း လောင်းကစားရုံမှ လူမိုက်တွေ တုတ်၊ ဓားတေွနဲ့ မကြာခဏ ရမ်းကားနေကြပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တိုင်တန်းကြသော်လည်း သက်ဆိုင်ရာမှ အမြဲတစေ မျက်ကွယ်ပြုနေကြပါတယ် တာဝန်ရှိသူတွေ သိအောင် ဒီဗွီဘီက ပြောပေးပါ။
–အမည်မဖော်လိုသူတဦး

ချောင်းသာမြို့က တရားမဝင် တည်းခိုခန်းများနှင့် လမ်းဘေးဈေးဆိုင်များ အရေးယူပေးပါ
ချောင်းသာကမ်းခြေ ချောင်းသာမြို့မှာ တရာမဝင်တည်းခိုခန်းနဲ့ လမ်ဘေး စျေးဆိုင်များကြောင့် တရားဝင်ဂရန်ပိုင် လိုင်စင်ဖြင့် လုပ်စားကြသော အသေးစား တည်းခိုခန်းများ နစ်နာလျက်ရှိပါတယ်။ ဘယ်သူမှ အရေးယူဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲ ကြီးထွားနေသော ဥပဒေမဲ့လုပ်ကိုင်နေသူများကို အရေးယူပြီး သာယာလှပစည်းကမ်းရှိသော ဒီမိုကစရစီနိုင်ငံရဲ့ ကမ်းခြေမြို့လေးဖြစ်အောင် တာဝန်ရှိသူတွေ လုပ်ပေးကြပါလို့ ပြောပြပေးပါခင်ဗျာ။
–မြို့ခံတဦး

ဘိုကလေး ဘက်တောရွာမှာ စပါးပိုးကျနေလို့ ပညာရှင်များ လာကြည့်ပေးပါ
ကျနော်က ဧရာဝတီတိုင်းဒေသ၊ ဘိုကလေးမြို့နယ်၊ ဘက်တောရွာလေးမှာနေပါတယ်။ လယ်သမားအားလုံးရဲ့ ကိုယ်စား ကျနော် မေတ္တာရပ်ခံပါစေ ခင်ဗျာ။ ကျနော်က လယ်သမားတဦးပါ။ ကျနော်တို့ ဘိုကလေး အောက်ပိုင်းက လယ်တွေ အကုန်လုံး (ပိုး)ကျနေပါတယ်။ လယ်တော်တော်များများ ဆုံးရှုံးရမယ့် အနေအထားအထိ ဖြစ်နေပါတယ်။ စပါးပိုးက နေ့ချင်းညချင်းဆိုသလို မီးလောင်ကျွမ်းသလို ဖြစ်နေပါတယ်။ အဲဒါကြောင့် နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေ ကွင်းဆင်လေ့လာပေးဖို့ ဒီဗွီဘီက ပြောပေးပါ။
–ကိုစိုးမြင့် 

လေဘေးသင့် အလွဲသုံးစားမှုများ အရေးယူပေးပါ
ကျနော်တို့ ပဲခူးတိုင်း၊ သနပ်ပင်မြို့မှာ လေဆင်နှာမောင်းတိုက်လို့ အိမ်တွေပြို၊ အမိုးတွေလန် ဖြစ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးများမှ စားရင်းကောက်တာ ငွေမရှိလို့ ပြိုတဲ့အိမ်တွေက အမိုးလန်ဖြစ်ပြီး၊ ငွေရှိပြီး သွပ်နည်းနည်းလန်တာတွေကို ပြိုစာရင်းသွင်းပြီး ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေကို လက်သင့်ရာပေးနေကြပြီး ငွေမရှိတဲ့ အမိုးလန်အိမ်များ စာရင်းထဲ မပါပါ။ သက်ဆိုင်ရာလူကြီးတွေနဲ့ ပရဟိတများ သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013