DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံးကျောင်းသူဖခင်က လူသတ်အလောင်းဖျောက်မှုဖြင့် ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်
DVB
·
October 6, 2019
ပျောက်ဆုံးကျောင်းသူဖခင်က လူသတ်အလောင်းဖျောက်မှုဖြင့် ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူ မအေးချမ်းမွန် ပျောက်ဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူက အမျိုးသားတဦးကို လူသတ်အလောင်းဖျောက်မှုနဲ့ ကလေးမြို့ မြို့မရဲစခန်းမှာ အောက်တိုဘာ ၅ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

“အလောင်းကတော့ မတွေ့ဘူး။ သက်သေခံပစ္စည်းတွေ့ရှိမှု အားနည်းတယ်။ ဒါပေမဲ့ ကောင်မလေးရဲ့ အသိသူငယ်ချင်း သက်သေထွက်ဆိုမှု တရားခံလို့ ယူဆရသူရဲ့ ထွက်ဆိုမှုတွေကြောင့် ဒီအမှုကို လက်ခံ အမှုဖွင့်ပေးလိုက်တယ်” လို့ ကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးဦးဇော်ထွန်းက ပြောပါတယ်။

သေဆုံးသူ မိန်းကလေးနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးမောင်မောင်က ပျောက်ဆုံးပြီးနောက်‌ နေ့ ‌‌ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပျောက်ဆုံးကြောင်း ကလေးမြို့မရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်‌။

“အဓိကကတော့ ရုပ်အလောင်းကို သက်‌‌သေမထားတော့ဘူး။ မန္တလေးနန်းတွင်း တပ်ထိန်းမှာ တရားခံလို့ ယူဆရသူ ထွက်ဆိုချက်အရ လက်ခံထားတယ်။ ညနေ ၅ နာရီလောက်မှာ လည်ပင်းညှစ်တယ်။ ညနေ ၇ နာရီခွဲလောက်မှာ အလောင်းကို မြစ်သာမြစ်ထဲ မျှောတယ် ဆိုတဲ့ ထွက်ဆိုချက်အရ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ တပ်ထိန်းရဲ့ ထွက်ဆိုချက်ကိုတော့ တရားဝင် မရဘူး”လို့ ကလေးမြို့မရဲစခန်း ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

လက်ရှိမှာတော့ သက်‌သေနဲ့ ထွက်ဆိုချက်အရ တရားခံလို့ ယူဆရတဲ့ တမူးနယ်က ကိုဈာန်မင်းထက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂၀၁) နဲ့ အမှုဖွင့် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့ မအေးချမ်းမွန်ကို ရှာဖွေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013