DVB Logo
Home
မြန်မာသတင်း
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု ပြန်စစ်ဆေးရန် အမိန့်ချ
DVB
·
September 30, 2019
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု ပြန်စစ်ဆေးရန် အမိန့်ချ
Donate to DVB

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဟာအောင်မြေမြို့နယ် တရားရုံးက အမှု ပလပ်လိုက်တာနဲ့ ပတ်သက်ပြီး တရားလိုဘက်က မကျေနပ်တဲ့အတွက် ပြင်ဆင်ချက် တက်ခဲ့ရာ အမှုကို ပြန်လည်စစ်ဆေးဖို့ ခရိုင်တရားရုံးက စက်တင်ဘာလ ၃၀ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

ကိုဆွေဝင်းဟာ လူမူကွန်ရက်ပေါ်မှာ အမျိုးသားရေ‌းဆရာတော် ဦးဝီရသူကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးဝီရသူရဲ့ တပည့် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ၂၀၁၇ ခုနှစ် မတ်လက စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို ၂ နှစ်ကျော်ကြာ စစ်ဆေးပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ မဟာအောင်မြေမြို့နယ်တရားရုံးက အမှုကို ပလပ်ခဲ့တာ ဖြစ်ပါတယ်။

အမှုကို ပလပ်လိုက်တာကြောင့် တရားလို ဦးကျော်မျိုးရွှေဘက်က ရာဇဝတ်ပြင်ဆင်ချက် တက်ပေးဖို့ ခရိုင်တရားရုံးသို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ခရိုင် တရားရုံးမှာ နှစ်ဖက် အကျိုးဆောင် ရှေ့နေတွေထံက လျှောက်လဲချက်တွေ ယူပြီးတဲ့နောက် ဒီ အမှုကို မဟာအောင်မြေ တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့တာလို့ တရားလိုရဲ့ ရှေ့နေ ဦးဇော်ဝိတ်က ပြောပါတယ်။

“ချမှတ်လိုက်တဲ့ အမိန့်ကတော့ တကယ်ပြောရရင်တော့ ဥပဒေအရကို တကယ် မှန်ကန်တဲ့ အမိန့်တခုလို့ပဲ ပြောရမှာ၊ ဘာဖြစ်လို့လဲဆိုတော့ တကယ်က ပြစ်မှုဆိုင်ရာ ရာဇဝတ်ကျင့်ထုံးဥပဒေ ၂၅၃(၂)အရ လွှတ်တယ်ဆိုတာ ပြစ်မှုမှာ ကျူးလွန်ကြောင်း အခြေအမြစ်မရှိမှ လွှတ်ရတာ၊ ဒီအမှုမှာ သက်သေခံ အထောက်အထားတွေ အပြည့်အစုံနဲ့ ဒါကပေါ့နော် ပြစ်မှုကျူးလွန်ကြောင်း တွေ့နေတဲ့ဟာကို ဒါကို ပြန်ပြီးဖြေရှင်းဖို့ တရားခံမှာ တာဝန်ရှိတယ် ဆိုပြီးတော့မှ ဒါ ခရိုင်တရားရုံးက ဥပဒေနဲ့အညီ သုံးသပ်ပြီး ချထားတာပါ။ ဒါကြောင့် ဒီနေ့ ခရိုင်တရားရုံးကတော့ လွတ်လပ်စွာပဲ စီရင်ပြီးတော့မှ ဥပဒေနဲ့အညီ ဆုံးဖြတ်တဲ့အတွက် တော်တော်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုလို့ပဲ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ခရိုင်တရားရုံးကနေ မြို့နယ်တရားရုံးကို အမှုတွဲ ပြန်ရောက်တဲ့အချိန်မှာ နှစ်ဖက်လုံးကို ဆင့်စာပြန်ခေါ်ပြီး စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆေးရာမှာ ကျန်ရှိနေသေးတဲ့ ဆရာတော်ဦးဝီရသူနဲ့ ရဲအုပ်ကျော်သူ အပါအဝင် လေးဦးကို စစ်ဆေးမယ်လို့လည်း သိရပါတယ်။ 

ထိန်ထိန်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းအမႈ ျပန္စစ္ေဆးရန္ အမိန႔္ခ်

ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ တရားစြဲဆိုခံထားရတဲ့ Myanmar Now သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းကို မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ုံးက အမႈ ပလပ္လိုက္တာနဲ႔ ပတ္သက္ၿပီး တရားလိုဘက္က မေက်နပ္တဲ့အတြက္ ျပင္ဆင္ခ်က္ တက္ခဲ့ရာ အမႈကို ျပန္လည္စစ္ေဆးဖို႔ ခ႐ိုင္တရား႐ုံးက စက္တင္ဘာလ ၃၀ ရက္ေန႔မွာ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

ကိုေဆြဝင္းဟာ လူမူကြန္ရက္ေပၚမွာ အမ်ိဳးသားေရ‌းဆရာေတာ္ ဦးဝီရသူကို ဂုဏ္သိကၡာညႇိဳးႏြမ္းေအာင္ ျပဳလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဦးဝီရသူရဲ႕ တပည့္ ဦးေက်ာ္မ်ိဳးေ႐ႊက ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)နဲ႔ မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ုံးမွာ ၂၀၁၇ ခုႏွစ္ မတ္လက စတင္တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီအမႈကို ၂ ႏွစ္ေက်ာ္ၾကာ စစ္ေဆးၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔မွာ မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးက အမႈကို ပလပ္ခဲ့တာ ျဖစ္ပါတယ္။

အမႈကို ပလပ္လိုက္တာေၾကာင့္ တရားလို ဦးေက်ာ္မ်ိဳးေ႐ႊဘက္က ရာဇဝတ္ျပင္ဆင္ခ်က္ တက္ေပးဖို႔ ခ႐ိုင္တရား႐ုံးသို႔ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။

ခ႐ိုင္ တရား႐ုံးမွာ ႏွစ္ဖက္ အက်ိဳးေဆာင္ ေရွ႕ေနေတြထံက ေလွ်ာက္လဲခ်က္ေတြ ယူၿပီးတဲ့ေနာက္ ဒီ အမႈကို မဟာေအာင္ေျမ တရား႐ုံးမွာ ျပန္လည္စစ္ေဆးဖို႔ အမိန႔္ခ်မွတ္ခဲ့တာလို႔ တရားလိုရဲ႕ ေရွ႕ေန ဦးေဇာ္ဝိတ္က ေျပာပါတယ္။

“ခ်မွတ္လိုက္တဲ့ အမိန႔္ကေတာ့ တကယ္ေျပာရရင္ေတာ့ ဥပေဒအရကို တကယ္ မွန္ကန္တဲ့ အမိန႔္တခုလို႔ပဲ ေျပာရမွာ၊ ဘာျဖစ္လို႔လဲဆိုေတာ့ တကယ္က ျပစ္မႈဆိုင္ရာ ရာဇဝတ္က်င့္ထုံးဥပေဒ ၂၅၃(၂)အရ လႊတ္တယ္ဆိုတာ ျပစ္မႈမွာ က်ဴးလြန္ေၾကာင္း အေျခအျမစ္မရွိမွ လႊတ္ရတာ၊ ဒီအမႈမွာ သက္ေသခံ အေထာက္အထားေတြ အျပည့္အစုံနဲ႔ ဒါကေပါ့ေနာ္ ျပစ္မႈက်ဴးလြန္ေၾကာင္း ေတြ႕ေနတဲ့ဟာကို ဒါကို ျပန္ၿပီးေျဖရွင္းဖို႔ တရားခံမွာ တာဝန္ရွိတယ္ ဆိုၿပီးေတာ့မွ ဒါ ခ႐ိုင္တရား႐ုံးက ဥပေဒနဲ႔အညီ သုံးသပ္ၿပီး ခ်ထားတာပါ။ ဒါေၾကာင့္ ဒီေန႔ ခ႐ိုင္တရား႐ုံးကေတာ့ လြတ္လပ္စြာပဲ စီရင္ၿပီးေတာ့မွ ဥပေဒနဲ႔အညီ ဆုံးျဖတ္တဲ့အတြက္ ေတာ္ေတာ္ကို မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တခုလို႔ပဲ ေျပာခ်င္ပါတယ္”လို႔ ေျပာပါတယ္။

ခ႐ိုင္တရား႐ုံးကေန ၿမိဳ႕နယ္တရား႐ုံးကို အမႈတြဲ ျပန္ေရာက္တဲ့အခ်ိန္မွာ ႏွစ္ဖက္လုံးကို ဆင့္စာျပန္ေခၚၿပီး စစ္ေဆးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ စစ္ေဆးရာမွာ က်န္ရွိေနေသးတဲ့ ဆရာေတာ္ဦးဝီရသူနဲ႔ ရဲအုပ္ေက်ာ္သူ အပါအဝင္ ေလးဦးကို စစ္ေဆးမယ္လို႔လည္း သိရပါတယ္။

ထိန္ထိန္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013