DVB Logo
Home
မြန်မာသတင်း
ယူနီကုဒ် ပြောင်းသုံးရာတွင် လွယ်ကူစေရေး  အခမဲ့ကူညီပေးသည့် လှုပ်ရှားမှု ပုသိမ်မြို့တွင် ပြုလုပ်
DVB
·
September 30, 2019
ယူနီကုဒ် ပြောင်းသုံးရာတွင် လွယ်ကူစေရေး  အခမဲ့ကူညီပေးသည့် လှုပ်ရှားမှု ပုသိမ်မြို့တွင် ပြုလုပ်
1 / 3
Donate to DVB

မြန်မာတနိုင်ငံလုံး အောက်တိုဘာ ၁ ရက်နေ့ကစပြီး  ပြည်ထောင်စုဖောင့်(ယူနီကုဒ်) ပြောင်းလဲသုံးစွဲရမှာဖြစ်လို့ ပြည်သူတွေ ယူနီကုဒ် ပြောင်းလဲသုံးစွဲရာမှာ လွယ်ကူစေဖို့ အခမဲ့ကူညီပေးတဲ့ ကမ်ပိန်းတခုကို ပုသိမ်မြို့ ကမ်းနားလမ်းက ရှုခင်းသာရင်ပြင်မှာ စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

ကမ်ပိန်းလှုပ်ရှားမှုကိုတော့ ပုသိမ်မြို့အခြေစိုက် Myanmar Unicode ကူးပြောင်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ပုသိမ်မြို့ခံ ထောင်နဲ့ချီပြီး ချီလာရောက်ကာ ဖုန်းတွေထဲမှာ ယူနီကုဒ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

“ဖုန်းသုံးမယ်ဆိုရင်တော့ ယူနီကုဒ် သုံးပေးကြပါ။ ဘာလို့လဲဆိုတော့ ကောင်းတာတွေ အများကြီး ရှိပါတယ်။ ယူနီကုဒ်နဲ့ ပတ်သတ်ပြီး လေ့လာချင်တယ်ဆိုရင်တော့ ယူနီကုဒ်ဝက်ဆိုဒ် ရှိပါတယ်။ ဖေ့ဘွတ်ခ်စာမျက်နှာ ရှိတယ်။ လေ့လာချင်ရင် ပြည်သူတွေအနေနဲ့ တော်တော်နားလည်သွားမှာပါ" လို့ ပုသိမ်မြို့အခြေစိုက် Myanmar Unicode ကူးပြောင်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က စောတောကလယ်မူးက ပြောပါတယ်။

ယူနီကုဒ် ပြောင်းလဲ အသုံးပြုရာမှာ အဆင်ပြေ လွယ်ကူစေရေးအတွက် အခမဲ့ ကူညီပေးတဲ့ ကမ်ပိန်းကို ပုသိမ်မြို့ လူစည်ကားရာနေရာတွေမှာ တပတ်တကြိမ် လုပ်ဆောင်သွားနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ပုသိမ်မြို့အခြေစိုက် Myanmar Unicode ကူးပြောင်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။

မြန်မာယူနီကုဒ် စံစနစ် ပြောင်းလဲဖို့ လာရောက်သူတွေရဲ့ ဖုန်းတွေထဲကို ဖောင့်တွေ ပြောင်းလဲပေးတာအပြင် မြန်မာယူနီကုဒ်နဲ့ ပတ်သက်တဲ့ အသိပညာပေး စာရွက်စာတမ်းတွေ ဖြန့်ဝေတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

မြမင်းဦး(ပုသိမ်)

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ယူနီကုဒ္ ေျပာင္းသုံးရာတြင္ လြယ္ကူေစေရး  အခမဲ့ကူညီေပးသည့္ လႈပ္ရွားမႈ ပုသိမ္ၿမိဳ႕တြင္ ျပဳလုပ္

ျမန္မာတႏိုင္ငံလုံး ေအာက္တိုဘာ ၁ ရက္ေန႔ကစၿပီး  ျပည္ေထာင္စုေဖာင့္(ယူနီကုဒ္) ေျပာင္းလဲသုံးစြဲရမွာျဖစ္လို႔ ျပည္သူေတြ ယူနီကုဒ္ ေျပာင္းလဲသုံးစြဲရာမွာ လြယ္ကူေစဖို႔ အခမဲ့ကူညီေပးတဲ့ ကမ္ပိန္းတခုကို ပုသိမ္ၿမိဳ႕ ကမ္းနားလမ္းက ရႈခင္းသာရင္ျပင္မွာ စက္တင္ဘာ ၂၉ ရက္က ျပဳလုပ္ခဲ့ၾကပါတယ္။

ကမ္ပိန္းလႈပ္ရွားမႈကိုေတာ့ ပုသိမ္ၿမိဳ႕အေျခစိုက္ Myanmar Unicode ကူးေျပာင္းေရး တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕ကေန အခမဲ့ ကူညီေဆာင္႐ြက္ေပးခဲ့တာျဖစ္ၿပီး ပုသိမ္ၿမိဳ႕ခံ ေထာင္နဲ႔ခ်ီၿပီး ခ်ီလာေရာက္ကာ ဖုန္းေတြထဲမွာ ယူနီကုဒ္ ေျပာင္းလဲခဲ့တယ္လို႔ သိရပါတယ္။

“ဖုန္းသုံးမယ္ဆိုရင္ေတာ့ ယူနီကုဒ္ သုံးေပးၾကပါ။ ဘာလို႔လဲဆိုေတာ့ ေကာင္းတာေတြ အမ်ားႀကီး ရွိပါတယ္။ ယူနီကုဒ္နဲ႔ ပတ္သတ္ၿပီး ေလ့လာခ်င္တယ္ဆိုရင္ေတာ့ ယူနီကုဒ္ဝက္ဆိုဒ္ ရွိပါတယ္။ ေဖ့ဘြတ္ခ္စာမ်က္ႏွာ ရွိတယ္။ ေလ့လာခ်င္ရင္ ျပည္သူေတြအေနနဲ႔ ေတာ္ေတာ္နားလည္သြားမွာပါ" လို႔ ပုသိမ္ၿမိဳ႕အေျခစိုက္ Myanmar Unicode ကူးေျပာင္းေရး တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕က ေစာေတာကလယ္မူးက ေျပာပါတယ္။

ယူနီကုဒ္ေျပာင္းလဲ အသုံးျပဳရာမွာ အဆင္ေျပ လြယ္ကူေစေရးအတြက္ အခမဲ့ ကူညီေပးတဲ့ ကမ္ပိန္းကို ပုသိမ္ၿမိဳ႕ လူစည္ကားရာေနရာေတြမွာ တပတ္တႀကိမ္ လုပ္ေဆာင္သြားႏိုင္ဖို႔ ဆက္လက္ႀကိဳးစားသြားမယ္လို႔ ပုသိမ္ၿမိဳ႕အေျခစိုက္ Myanmar Unicode ကူးေျပာင္းေရး တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕ကေန သိရပါတယ္။

ျမန္မာယူနီကုဒ္ စံစနစ္ ေျပာင္းလဲဖို႔ လာေရာက္သူေတြရဲ႕ ဖုန္းေတြထဲကို ေဖာင့္ေတြ ေျပာင္းလဲေပးတာအျပင္ ျမန္မာယူနီကုဒ္နဲ႔ ပတ္သက္တဲ့ အသိပညာေပး စာ႐ြက္စာတမ္းေတြ ျဖန႔္ေဝတာေတြလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

ျမမင္းဦး(ပုသိမ္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013