DVB Logo
Home
မြန်မာသတင်း
သက်လူမျိုးတို့၏ ရိုးရာဓလေ့­ထုံးစံ စကားဝိုင်း ပထမဆုံးအကြိမ် ကျင်းပ
DVB
·
September 30, 2019
သက်လူမျိုးတို့၏ ရိုးရာဓလေ့­ထုံးစံ စကားဝိုင်း ပထမဆုံးအကြိမ် ကျင်းပ
Donate to DVB

မြန်မာပြည်က လူနည်းစုတိုင်းရင်းသားတွေ ဖြစ်တဲ့ သက်လူမျိုးတို့ရဲ့ ရိုးရာဓလေ့­ထုံးစံ စကားဝိုင်းကို မနေ့က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Royal Village Knowledge Centre မှာ ပထမဆုံးအကြိမ် ကျင်းပပါတယ်။

သာကေတမြို့နယ်ရှိ သက်လူငယ် ဖွံ့ဖြိုးတို­းတက်ရေးအသင်းက ဦးစီးပြီး “လူငယ်နှင့် ရိုးရာဓလေ့ထုံးစံ” ခေါင­်းစဉ်နဲ့ စကားဝိုင်းကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း နာယက အရှင်စန္ဒောဘာသက “ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ ရောက်ရှိနေကြတဲ့ သက်လူငယ်တွေအနေနဲ့ မိမိလူမျိုး၏ ရိုးရာဓလေ့များကို မေ့ပျောက်လာတတ်ကြပါတယ်။ ဒါကြောင့် ဒီလို လူငယ်များကို ဖိတ်ခေါ်ပြီး မည်သည့်နေရာကို ရောက်ရောက် မိမိရိုးရာဓလေ့ကို မမေ့ပျောက်ဖို့၊ ရန်ကုန်မှာ မွေးဖွားပြီး သက်ရိုးရာဓလေ့များကို မသိသေးတဲ့ လူငယ်တွေလည်း ပိုမိုသိလာဖို့နဲ့ ရန်ကုန်မြို့မှာ နေထိုင်နေကြတာလည်း သက်တို့ရဲ့ ရိုးရာဓလေ့လို ကျေးရွာတခုတည်းမှာ တစုတစည်း နေထိုင်ကြရတာ မဟုတ်တော့ လူငယ်တွေ တဦးနဲ့တဦး ပိုမိုရင်းနှီးလာစေဖို့ ရည်ရွယ်ပြီး အခုလို လူငယ်နှင့် ရိုးရာဓလေ့စကားဝိုင်း ဆိုပြီး ပထမဆုံးအကြိမ် စတင်ကျင်းပတာ" လို့ မိန့်ကြားပါတယ်။

အဆိုပါ စကားဝိုင်းမှာ မိမိမွေးရပ်မြေမှ စွန့်ခွာပြီး ရန်ကုန်တိုင်းမှာ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင် နေထိုင်ကြတဲ့ သက်လူယ် ၂၅ ဦး လောက် တ­က်ရောက်ဆွေးနွေးကြပါတယ်။

သက်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာတွေကို အရင်ကာလနဲ့ အခုကာလ နှိုင်းယဉ်ချက်တွေ၊ သက်ယဉ်ကျေးမှု မပျောက်­ပျက်စေဖို့ ထိန်းသိမ်းသင့်တဲ့ အချက်တွေကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာတဲ့ လူငယ်တွေက သူတို့သိချင်တာတွေကို မေးမြန်းခဲ့ကြကာ ဦးဆောင်­ဆွေးနွေးသူတွေက ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ သက်လူမျိုး ၂၀၀  ကျော်လောက် နေထိုင်ပြီး မြန်မာတနိုင်ငံလုံးမှာ သက် လူဦးရေ ၅၀၀၀ လောက်က ကျေးရွာပေါင်း ၂၀ ကျော်ရှိပါတယ်။

မောင်တောမြို့နယ်မှာ သက်လူမျိုးတွေ အများဆုံး ၁၂ ရွာရှိပြီး၊ ဘူးသီးတောင်မြို့နယ်မှာ ၃ ရွာ၊ စစ်တွေမြို့မှာ ဗျိုင်ဖြူး ၁ ရွာ၊ ရသေ့တောင်မှာ ရပ်ကွက်တခု ရွာတရွာနဲ့ မြောက်ဦးမှာ ၂ ရွာ၊ ပုဏ္ဏားကျွန်းမှာ ၁ ရွာရှိပြီး အမ်းမြို့မှာရှိတဲ့ သက်ရွာ ၂ ရွာကတော့ ၂၀၁၇ ခုနှစ်မှာ နေရာပြောင်းရွှေ့သွားကြကြောင်း သိရပါတယ်။

ကောင်းကောင်း

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သက္လူမ်ိဳးတို႔၏ ႐ိုးရာဓေလ့­ထုံးစံ စကားဝိုင္း ပထမဆုံးအႀကိမ္ က်င္းပ

ျမန္မာျပည္က လူနည္းစုတိုင္းရင္းသားေတြ ျဖစ္တဲ့ သက္လူမ်ိဳးတို႔ရဲ႕ ႐ိုးရာဓေလ့­ထုံးစံ စကားဝိုင္းကို မေန႔က ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႕နယ္ရွိ Royal Village Knowledge Centre မွာ ပထမဆုံးအႀကိမ္ က်င္းပပါတယ္။

သာေကတၿမိဳ႕နယ္ရွိ သက္လူငယ္ ဖြံ႕ၿဖိဳးတို­းတက္ေရးအသင္းက ဦးစီးၿပီး “လူငယ္ႏွင့္ ႐ိုးရာဓေလ့ထုံးစံ” ေခါင­္းစဥ္နဲ႔ စကားဝိုင္းကို က်င္းပခဲ့တာ ျဖစ္ပါတယ္။

သက္လူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း နာယက အရွင္စေႏၵာဘာသက “ရန္ကုန္လို ၿမိဳ႕ႀကီးျပႀကီးေတြမွာ ေရာက္ရွိေနၾကတဲ့ သက္လူငယ္ေတြအေနနဲ႔ မိမိလူမ်ိဳး၏ ႐ိုးရာဓေလ့မ်ားကို ေမ့ေပ်ာက္လာတတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီလို လူငယ္မ်ားကို ဖိတ္ေခၚၿပီး မည္သည့္ေနရာကို ေရာက္ေရာက္ မိမိ႐ိုးရာဓေလ့ကို မေမ့ေပ်ာက္ဖို႔ ရန္ကုန္မွာ ေမြးဖြားၿပီး သက္႐ိုးရာဓေလ့မ်ားကို မသိေသးတဲ့ လူငယ္ေတြလည္း ပိုမိုသိလာဖို႔နဲ႔ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္ေနၾကတာလည္း သက္တို႔ရဲ႕ ႐ိုးရာဓေလ့လို ေက်း႐ြာတခုတည္းမွာ တစုတစည္း ေနထိုင္ၾကရတာ မဟုတ္ေတာ့ လူငယ္ေတြ တဦးနဲ႔တဦး ပိုမိုရင္းႏွီးလာေစဖို႔ ရည္႐ြယ္ၿပီး အခုလို လူငယ္ႏွင့္ ႐ိုးရာဓေလ့စကားဝိုင္း ဆိုၿပီး ပထမဆုံးအႀကိမ္ စတင္က်င္းပတာ" လို႔ မိန္႔ၾကားပါတယ္။

အဆိုပါ စကားဝိုင္းမွာ မိမိေမြးရပ္ေျမမွ စြန႔္ခြာၿပီး ရန္ကုန္တိုင္းမွာ အသက္ေမြးဝမ္းေက်ာင္း အလုပ္လုပ္ကိုင္ ေနထိုင္ၾကတဲ့ သက္လူယ္ ၂၅ ဦး ေလာက္ တ­က္ေရာက္ေဆြးေႏြးၾကပါတယ္။

သက္လူမ်ိဳးတို႔ရဲ႕ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းဆိုင္ရာေတြကို အရင္ကာလနဲ႔ အခုကာလ ႏႈိင္းယဥ္ခ်က္ေတြ၊ သက္ယဥ္ေက်းမႈ မေပ်ာက္­ပ်က္ေစဖို႔ ထိန္းသိမ္းသင့္တဲ့ အခ်က္ေတြကို က႑အလိုက္ ေဆြးေႏြးခဲ့ၾကၿပီး တက္ေရာက္လာတဲ့ လူငယ္ေတြက သူတို႔သိခ်င္တာေတြကို ေမးျမန္းခဲ့ၾကကာ ဦးေဆာင္­ေဆြးေႏြးသူေတြက ရွင္းလင္းေျဖၾကားခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕မွာ သက္လူမ်ိဳး ၂၀၀  ေက်ာ္ေလာက္ ေနထိုင္ၿပီး ျမန္မာတႏိုင္ငံလုံးမွာ သက္ လူဦးေရ ၅၀၀၀ ေလာက္က ေက်း႐ြာေပါင္း ၂၀ ေက်ာ္ရွိပါတယ္။

ေမာင္ေတာၿမိဳ႕နယ္မွာ သက္လူမ်ိဳးေတြ အမ်ားဆုံး ၁၂ ႐ြာရွိၿပီး၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ၃ ႐ြာ၊ စစ္ေတြၿမိဳ႕မွာ ဗ်ိဳင္ျဖဴး ၁ ႐ြာ၊ ရေသ့ေတာင္မွာ ရပ္ကြက္တခု ႐ြာတ႐ြာနဲ႔ ေျမာက္ဦးမွာ ၂ ႐ြာ၊ ပုဏၰားကြၽန္းမွာ ၁ ႐ြာရွိၿပီး အမ္းၿမိဳ႕မွာရွိတဲ့ သက္႐ြာ ၂ ႐ြာကေတာ့ ၂၀၁၇ ခုႏွစ္မွာ ေနရာေျပာင္းေ႐ႊ႕သြားၾကေၾကာင္း သိရပါတယ္။

ေကာင္းေကာင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013