DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် စစ်ကျန် အမြောက်ကျည်ဆန်ဟောင်း တွေ့ရှိ
DVB
·
September 30, 2019
ဝမ်းတွင်းတွင် စစ်ကျန် အမြောက်ကျည်ဆန်ဟောင်း တွေ့ရှိ
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ စက်တင်ဘာ ၂၉ ရက်က စစ်ကျန် အမြောက်ကျည်ဆန်ဟောင်း တလုံး တွေ့ရှိခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့ အမှတ်-၂ နယ်မြေ၊ အမှတ်-၅ ရပ်ကွက်ရှိ ကိုအောင်ထူး နေအိမ် အနောက်ဘက်ခြံစည်းရိုးမှာ မိုးရေတိုက်စားမှုကြောင့် မြေသားချိုင့်ခွက်ဖြစ်ရာမှ စစ်ကျန် အမြောက်ကျည်ဆန် တလုံး တွေ့ရှိခဲ့တာဖြစ်ပြီး အရှည် ၁ ပေ၊ လုံးပတ် ၄ လက်မလောက် ရှိပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ရွှေရည်ဝေက “စစ်ကျန် အမြောက်ကျည်ဆန်လို့ ယူဆတယ်၊ သံချေးတက်နေတယ်၊ အမှတ်-၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့ အမှတ်-၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

မောင်မောင်လင်း

~~~~~~~~~~~~~~~

Zawgyi_version

ဝမ္းတြင္းတြင္ စစ္က်န္ အေျမာက္က်ည္ဆန္ေဟာင္း ေတြ႕ရွိ

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕မွာ စက္တင္ဘာ ၂၉ ရက္က စစ္က်န္ အေျမာက္က်ည္ဆန္ေဟာင္း တလုံး ေတြ႕ရွိခဲ့တယ္လို႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

ဝမ္းတြင္းၿမိဳ႕ အမွတ္-၂ နယ္ေျမ၊ အမွတ္-၅ ရပ္ကြက္ရွိ ကိုေအာင္ထူး ေနအိမ္ အေနာက္ဘက္ၿခံစည္း႐ိုးမွာ မိုးေရတိုက္စားမႈေၾကာင့္ ေျမသားခ်ိဳင့္ခြက္ျဖစ္ရာမွ စစ္က်န္ အေျမာက္က်ည္ဆန္ တလုံး ေတြ႕ရွိခဲ့တာျဖစ္ၿပီး အရွည္ ၁ ေပ၊ လုံးပတ္ ၄ လက္မေလာက္ ရွိပါတယ္။

ဝမ္းတြင္းၿမိဳ႕မရဲစခန္း ဒုရဲအုပ္ေ႐ႊရည္ေဝက “စစ္က်န္ အေျမာက္က်ည္ဆန္လို႔ ယူဆတယ္၊ သံေခ်းတက္ေနတယ္၊ အမွတ္-၉၁၁ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ကို စနစ္တက် လႊဲေျပာင္းေပးလိုက္ပါတယ္” လို႔ ေျပာပါတယ္။

မိတၳီလာၿမိဳ႕ အမွတ္-၉၁၁ စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ကို စနစ္တက် လႊဲေျပာင္းေပးလိုက္တယ္လို႔ သိရပါတယ္။

ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013