DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
September 29, 2019
ရင်ဖွင့်စာ
1 / 2
Donate to DVB

ထီဆုံကျေးရွာက အနံ့ဆိုးကြက်ခြံများ 

တောင်ကြီးမြို့နယ် ထီဆုံကျေးရွာမှာ လူနေအိမ်နဲ့ကပ်လျက် တရုတ်ပိုင်ကြက်ခြံ ၁၂ ခြံရှိပြီး ၂၀၀၂ ခုနှစ်ကတည်းက စီးပွားဖြစ်မွေးမြူနေကြပါတယ်‌။ မိုးရွာရင် ကြက်ခြံမှထွက်လာတဲ့ အညစ်အကြေးရဲ့ အနံ့ဟာ အလွန်ဆိုးရွားပြီး အိမ်နီးချင်းနဲ့ ရွာတွင်းဖြတ်သွားရင် နေထိုင်မရအောင်ပင် ဆိုးရွားနေတာပါ။ ဒီကိစ္စကို ဒေသခံတွေက တာဝန်ရှိသူကို တင်ပြဖူးပြီး အုပ်ချုပ်ရေးမှူး ၃ ဆက် ပြောင်းလဲခဲ့သော်လည်း အရေးယူပေးခြင်းမရှိခဲ့ပါ။    ကြက်ခြံမန်နေဂျာကို ရွာသားတွေ အကြိမ်ကြိမ်သွားရောက်ပြောဆိုပေမယ် အညစ်အကြေး ထိန်းသိမ်းခြင်းမရှိပါဘူး။ ထီဆုံကျေးရွာက အိမ်ခြေ ၅၂ အိမ်ရှိပြီး လူဦးရေ ၃၀၀ ဝန်းကျင်နေထိုင်ကြတာပါ။ ဒါကြောင့် ရွာနဲ့ဝေးတဲ့နေရာမှာ ကြက်ခြံတွေကို သွားရောက် မွေးမြူဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ ကြက်ခြံအနံ့ဆိုးတွေထွက်နေတဲ့ ထီဆုံကျေးရွာကို တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ဒေသခံတဦး

၁၁ နှစ်သား မသန်စွမ်းကလေး ကျောင်းနေဖို့ အခက်အခဲဖြစ်နေ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရွှေဝါကျေးရွာနေ အသက် ၁၁နှစ် ရှိနေပြီဖြစ်တဲ့ မသန်စွမ်းကလေးငယ် မောင်စွမ်းထူးအောင်ဟာ ကျောင်းနေဖို့ အခက်အခဲ ဖြစ်နေပါတယ်။    ဖခင်က သူငယ်ငယ်ထဲက ကွယ်လွန်သွားတာဖြစ်ပြီး ညီအစ်ကို မောင်နှမ ခြောက်ဦးရှိပါတယ်။ အကိုဖြစ်သူတယောက်ကလည်း ထိုင်းအုန်းဆံကြိုး စက်ရုံမှာ အလုပ်လုပ်ရင်း စက်ထဲပါပြီး ကွယ်လွန်ခဲ့ပြန်ပါတယ်။ အခုအခါ မိခင်ဖြစ်သူနဲ့ အကိုတဦးက ကျပန်းလုပ်ကိုင်ကာ မိသားစုစရိတ် ရှာဖွေနေကြပါတယ်။  မောင်စွမ်းထူးအောင်က သူ့သူငယ်ချင်းတွေလို ကျောင်းတက် စာသင်ချင်ပါတယ်။ ဒါ့အပြင် အဆိုတော်တစ်ယောက်လည်း ဖြစ်ချင်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် မသန်စွမ်း မောင်စွမ်းထူးအောင်လေး ကျောင်းနေနိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ဗိုလ်သူရိန်

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ထီဆုံေက်း႐ြာက အနံ႔ဆိုးၾကက္ၿခံမ်ား 

ေတာင္ႀကီးၿမိဳ႕နယ္ ထီဆုံေက်း႐ြာမွာ လူေနအိမ္နဲ႔ကပ္လ်က္ တ႐ုတ္ပိုင္ၾကက္ၿခံ ၁၂ ၿခံရွိၿပီး ၂၀၀၂ ခုႏွစ္ကတည္းက စီးပြားျဖစ္ေမြးျမဴေနၾကပါတယ္‌။ မိုး႐ြာရင္ ၾကက္ၿခံမွထြက္လာတဲ့ အညစ္အေၾကးရဲ႕ အနံ႔ဟာ အလြန္ဆိုး႐ြားၿပီး အိမ္နီးခ်င္းနဲ႔ ႐ြာတြင္းျဖတ္သြားရင္ေနထိုင္မရေအာင္ပင္ဆိုး႐ြားေနတာပါ။ ဒီကိစၥကို ေဒသခံေတြက တာဝန္ရွိသူကို တင္ျပဖူးၿပီး အုပ္ခ်ဳပ္ေရးမႉး ၃ ဆက္ေျပာင္းလဲခဲ့ေသာ္လည္း အေရးယူေပးျခင္းမရွိခဲ့ပါ။    ၾကက္ၿခံမန္ေနဂ်ာကို ႐ြာသားေတြ အႀကိမ္ႀကိမ္သြားေရာက္ေျပာဆိုေပမယ္ အညစ္အေၾကး ထိန္းသိမ္းျခင္းမရွိပါဘူး။ ထီဆုံေက်း႐ြာက အိမ္ေျခ ၅၂ အိမ္ရွိၿပီး လူဦးေရ ၃၀၀ ဝန္းက်င္ေနထိုင္ၾကတာပါ။ ဒါေၾကာင့္ ႐ြာနဲ႔ေဝးတဲ့ေနရမွာ ၾကက္ၿခံေတြကို သြားေရာက္ ေမြးျမဴဖို႔ ေဒသခံေတြက လိုလားေနၾကပါတယ္။ ၾကက္ၿခံအနံ႔ဆိုးေတြထြက္ေနတဲ့ ထီဆုံေက်း႐ြာကို တာဝန္ရွိသူေတြ ကြင္းဆင္းစစ္ေဆးေပးဖို႔ ဒီဗြီဘီကတဆင့္ တင္ျပလိုက္ရပါတယ္။
ေဒသခံတဦး

၁၁ ႏွစ္သား မသန္စြမ္းကေလး ေက်ာင္းေနဖို႔ အခက္အခဲျဖစ္ေန

ပဲခူးတိုင္း ေက်ာက္တံခါးၿမိဳ႕နယ္ ေ႐ႊဝါေက်း႐ြာေန အသက္ ၁၁ႏွစ္ ရွိေနၿပီျဖစ္တဲ့ မသန္စြမ္းကေလးငယ္ ေမာင္စြမ္းထူးေအာင္ဟာ ေက်ာင္းေနဖို႔ အခက္အခဲ ျဖစ္ေနပါတယ္။    ဖခင္က သူငယ္ငယ္ထဲက ကြယ္လြန္သြားတာျဖစ္ၿပီး ညီအစ္ကို ေမာင္ႏွမ ေျခာက္ဦးရွိပါတယ္။ အကိုျဖစ္သူတေယာက္ကလည္း ထိုင္းအုန္းဆံႀကိဳး စက္႐ုံမွာ အလုပ္လုပ္ရင္း စက္ထဲပါၿပီး ကြယ္လြန္ခဲ့ျပန္ပါတယ္။ အခုအခါ မိခင္ျဖစ္သူနဲ႔ အကိုတဦးက က်ပန္းလုပ္ကိုင္ကာ မိသားစုစရိတ္ ရွာေဖြေနၾကပါတယ္။  ေမာင္စြမ္းထူးေအာင္က သူ႔သူငယ္ခ်င္းေတြလို ေက်ာင္းတက္ စာသင္ခ်င္ပါတယ္။ ဒါ့အျပင္ အဆိုေတာ္တစ္ေယာက္လည္း ျဖစ္ခ်င္ပါတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ မသန္စြမ္း ေမာင္စြမ္းထူးေအာင္ေလး ေက်ာင္းေနႏိုင္ဖို႔ ဝိုင္းဝန္းကူညီေပးၾကဖို႔ ဒီဗြီဘီကတဆင့္ တင္ျပလိုက္ရပါတယ္။
ဗိုလ္သူရိန္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013