DVB Logo
Home
မြန်မာသတင်း
အောက်တိုဘာ ၁ ရက်နေ့ ဘဏ်များ ပိတ်မည် 
DVB
·
September 28, 2019
အောက်တိုဘာ ၁ ရက်နေ့ ဘဏ်များ ပိတ်မည် 
Donate to DVB

လာမယ့် အောက်တိုဘာ ၁ ရက်နေ့ ဘဏ်တွေ ပိတ်ထားမှာဖြစ်ပြီး အွန်လိုင်းဘဏ်စနစ်ကိုတော့ စက်တင်ဘာ ၃၀ ရက်ညကစပြီး သုံးလို့ရမှာ မဟုတ်ဘူးလို့ ဘဏ်တွေက ကြေညာထားပါတယ်။

လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်းများ အက်ဥပဒေအရ အောက်တိုဘာ ၁ ရက်နေ့၊ အင်္ဂါနေ့ဟာ နှစ်ချုပ်စာရင်းပိတ် လုပ်ရမှာ ဖြစ်လို့ ဘဏ်ပိတ်ရက်အဖြစ် ဗဟိုဘဏ်က ကြေညာထားပြီး အွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေ၊ ငွေထုတ်စက်တွေလည်း အလုပ်လုပ်မှာ မဟုတ်ဘူးလို့ ဘဏ်တွေက ကြေညာထားတာပါ။

ရိုးမဘဏ်ကတော့ စက်တင်ဘာ ၃၀ ရက် ည ၇ နာရီကနေ အောက်တိုဘာ ၁ ရက် မနက်အထိ Online Banking၊ Mobile Banking နဲ့ ကတ်ဝန်ဆောင်မှုတွေ (POS / E-Commerce / SMART Credit/ SMART credit business) သုံးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့ရတနာဘဏ်ကတော့ iBanking/mBanking သုံးစွဲတာကို စက်တင်ဘာ ၃၀ ရက်ညနေ ၅ နာရီကနေ အောက်တိုဘာ ၂ ရက်မနက် ၆ နာရီအထိ၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB Bank) ကတော့ ATM နဲ့ Internet Banking ဝန်ဆောင်မှုကို စက်တင်ဘာလ ၃၀ ရက် ည ၁၂ နာရီကနေ အောက်တိုဘာလ ၁ ရက် မနက် ၈ နာရီ အထိ၊ ဧရာဝတီဘဏ် (AYA Bank) ကတော့ iBanking နဲ့ mBanking စနစ်တွေကို စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီကနေ အောက်တိုဘာ ၂ ရက် မနက် ၆ နာရီအထိ၊ ATM တွေကိုတော့ အောက်တိုဘာ ၂ ရက် မနက် ၄ နာရီကနေ ၆ နာရီအထိ သုံးလို့ရမှာ မဟုတ်ဘူးလို့ ကြေညာထားကြပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေအာက္တိုဘာ ၁ ရက္ေန႔ ဘဏ္မ်ား ပိတ္မည္ 

လာမယ့္ ေအာက္တိုဘာ ၁ ရက္ေန႔ ဘဏ္ေတြ ပိတ္ထားမွာျဖစ္ၿပီး အြန္လိုင္းဘဏ္စနစ္ကိုေတာ့ စက္တင္ဘာ ၃၀ ရက္ညကစၿပီး သုံးလို႔ရမွာ မဟုတ္ဘူးလို႔ ဘဏ္ေတြက ေၾကညာထားပါတယ္။

လႊဲေျပာင္းႏိုင္တဲ့ စာခ်ဳပ္စာတမ္းမ်ား အက္ဥပေဒအရ ေအာက္တိုဘာ ၁ ရက္ေန႔၊ အဂၤါေန႔ဟာ ႏွစ္ခ်ဳပ္စာရင္းပိတ္ လုပ္ရမွာ ျဖစ္လို႔ ဘဏ္ပိတ္ရက္အျဖစ္ ဗဟိုဘဏ္က ေၾကညာထားၿပီး အြန္လိုင္းဘဏ္ဝန္ေဆာင္မႈေတြ၊ ေငြထုတ္စက္ေတြလည္း အလုပ္လုပ္မွာ မဟုတ္ဘူးလို႔ ဘဏ္ေတြက ေၾကညာထားတာပါ။

႐ိုးမဘဏ္ကေတာ့ စက္တင္ဘာ ၃၀ ရက္ ည ၇ နာရီကေန ေအာက္တိုဘာ ၁ ရက္ မနက္အထိ Online Banking၊ Mobile Banking နဲ႔ ကတ္ဝန္ေဆာင္မႈေတြ (POS / E-Commerce / SMART Credit/ SMART credit business) သုံးႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ကမာၻ႔ရတနာဘဏ္ကေတာ့ iBanking/mBanking သုံးစြဲတာကို စက္တင္ဘာ ၃၀ ရက္ညေန ၅ နာရီကေန ေအာက္တိုဘာ ၂ ရက္မနက္ ၆ နာရီအထိ၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (MAB Bank) ကေတာ့ ATM နဲ႔ Internet Banking ဝန္ေဆာင္မႈကို စက္တင္ဘာလ ၃၀ ရက္ ည ၁၂ နာရီကေန ေအာက္တိုဘာလ ၁ ရက္ မနက္ ၈ နာရီ အထိ၊ ဧရာဝတီဘဏ္ (AYA Bank) ကေတာ့ iBanking နဲ႔ mBanking စနစ္ေတြကို စက္တင္ဘာ ၃၀ ရက္ ည ၁၀ နာရီကေန ေအာက္တိုဘာ ၂ ရက္ မနက္ ၆ နာရီအထိ၊ ATM ေတြကိုေတာ့ ေအာက္တိုဘာ ၂ ရက္ မနက္ ၄ နာရီကေန ၆ နာရီအထိ သုံးလို႔ရမွာ မဟုတ္ဘူးလို႔ ေၾကညာထားၾကပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013