DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် KBZ ဘဏ် ဓားပြတိုက်ခံရပြီး ဓားပြဖမ်းဆီးခံရ
DVB
·
January 11, 2025
မန္တလေးတွင် KBZ ဘဏ် ဓားပြတိုက်ခံရပြီး ဓားပြဖမ်းဆီးခံရ
1 / 2
Donate to DVB

မန္တလေးက KBZ ဘဏ်ခွဲတခု ဇန်နဝါရီ ၁၁ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ဓားပြတိုက်ခံရပြီး ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေဝိုင်းဖမ်းတာကြောင့် ဓားပြကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၇၂ လမ်းနဲ့ ၇၃ လမ်းကြား ၄၁ လမ်းပေါ်က  KBZ ဘဏ်ခွဲ ၃၇ ဗောဓိကုန်းဘဏ်ခွဲမှာ အနက်ရောင်လက်လုပ်ပစ္စတိုသေနတ် ကိုင်ဆောင်လာတဲ့ စစ်ဂျာကင်ဝတ် အသက် ၃၀ ကျော် အမျိုးသားတယောက်ဟာ ဘဏ်ပိတ်ခါနီးအချိန်မှာ ရောက်ရှိလာပြီး ဓားပြတိုက်ခဲ့တာပါ။

မြို့ခံတယောက်က “ရဲကားတွေရော စစ်ကားတွေရောရောက်လာမှ ဓားပြမှုမှန်းသိတာ။  ဓားပြက ဘဏ်ပိတ်ခါနီးလောက်ကို အံကိုက်ရောက်လာပြီး လာတိုက်တာ။ သေနတ်လည်းပါတယ်။ ‌သေနတ်ဝင်လုတဲ့ ဒုမန်နေဂျာက လက်မောင်းတဖက်သေနတ်မှန်သွားတယ် ပြောတယ်။ ပိုက်ဆံတွေတော့ မပါသွားဘူး” လို့ ပြောပါတယ်။

ငွေတွေယူပြီး ဘဏ်တံခါးအဝကို ပြန်အထွက်မှာ လုံခြုံရေး၊ ဘဏ်ဝန်ထမ်းတွေနဲ့ အရပ်သားတွေက ဝိုင်ဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ပြီး ဓားပြတိုက်သူက သေနတ်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ဘဏ်အရာရှိတယောက်ရဲ့ ‌လက်‌မောင်းမှာ သေနတ်ရှပ်ထိမှန် ဒဏ်ရာရရှိသွားပါတယ်။

ဓားပြတိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဖမ်းမိသူဓားပြဟာ အမရပူရ PDF အဖွဲ့ဝင်ဖြစ်တယ်လို့ ရေးသားနေတာတွေ့ရပြီး ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကလည်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြန်‌လည်ရေးသားထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဓားပြတိုက်ခံရချိန် ဘဏ်ကိစ္စလာလုပ်နေသူ ၅ ယောက်လောက် ဘဏ်ထဲမှာရှိနေပြီး ဓားပြက ငွေတွေထည့်ပေးဖို့ ပြောတာကြောင့် ဘဏ်တာဝန်ခံက ၅၀၀၀ တန်တွေထည့်ပေးတာကို ဓားပြက ကျပ်တသောင်းတန်တွေပဲထည့်ပေးဖို့ ပြောဆိုခဲ့ကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရေးသားထားပါတယ်။

ဓားပြကိုဖမ်းဆီးရမိပြီးချိန်မှာ ရောက်ရှိလာတဲ့ စစ်ကောင်စီရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေက မဟာအောင်မြေရဲစခန်းကို ခေါ်ဆောင်သွားကြပြီး ဒဏ်ရာရရှိသူကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Photo - စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013