DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း မသန်စွမ်းသူများအတွက် ကျပ် ၄၂၆ သန်းကျော် ထောက်ပံ့ပေးထား
DVB
·
September 22, 2019
စစ်ကိုင်းတိုင်းအတွင်း မသန်စွမ်းသူများအတွက် ကျပ် ၄၂၆ သန်းကျော် ထောက်ပံ့ပေးထား
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း မသန်စွမ်း ၁၄၀၀၀ ကျော်အတွက် အခုဘဏ္ဍာနှစ်မှာ ထောက်ပံ့ငွေကျပ် ၄၂၆ သန်းကျော်ကို ထောက်ပံ့ပေးအပ်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အခုဘဏ္ဍာနှစ်အတွက် ထောက်ပံ့ရန်ကျန်ရှိနေသေးတဲ့ မသန်စွမ်း ၃ ထောင်ကျော်အတွက် ထောက်ပံ့ငွေ ကျပ် ၉၆ သန်းကျော် ပေးအပ်ပွဲကို စက်တင်ဘာ ၂၁ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ 

အခုလို ထောက်ပံ့ပေးအပ်တာက ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကလည်း မသန်စွမ်းဦးရေ ၁ သောင်းကျော်အတွက် ကျပ်သန်းပေါင်း ၃၂၈ သန်းကို ထောက်ပံ့ပေးခဲ့ကာ တိုင်းအတွင်း မသန်စွမ်းတွေအတွက် နိုင်ငံတော်က ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၄၂၆ သန်းကို အခုဘဏ္ဍာနှစ်အတွက် ထောက်ပံ့ထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

မြို့နယ်၊ ခရိုင်တွေအလိုက် မသန်စွမ်းတွေအတွက် အထောက်အကူပြုနိုင်မယ့် လမ်း၊ တံတား၊ လက်သင်္ကေတ စတဲ့ လိုအပ်တဲ့အရာတွေ ဖြည့်ဆည်းဖောင်ဆောင်နိုင်ဖို့ အစိုးရကနေ ငွေကျပ်  ၃ ဘီလီယံကို အရင်းမပျောက်ငွေအဖြစ် ရန်ပုံငွေ မတည်ပေးထားတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နိုင်ငံတော်က အခုလို ထောက်ပံ့ပေးအပ်တဲ့အပေါ်မှာတော့ မသန်စွမ်းတွေက ကျေးဇူးတင်ကြသလို အခုနောက်ပိုင်း ခွဲခြားဆက်ဆံတာလည်း နည်းလာပြီး အားပေးစကားပြောတာတွေ များလာတယ်လို့ မသန်စွမ်းတဦးဖြစ်တဲ့ ကိုလှိုင်းဇော်ထက်က ပြောပါတယ်။

နိုင်ငံတော်ကနေ မကြာခင်မှာ မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် သီးသန့်မှတ်ပုံတင်တွေ ပြုလုပ်ပေးဖို့လည်း စီစဉ်နေပါတယ်။ တနိုင်ငံလုံးကို သာတူညီမျှဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပြီး ရန်ပုံငွေ ဘတ်ဂျက်တွေမှာလည်း အကန့်အသတ်တွေ ရှိနေတယ်လို့ လူကယ်ပြန်ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

စစ္ကိုင္းတိုင္းအတြင္း မသန္စြမ္းသူမ်ားအတြက္ က်ပ္ ၄၂၆ သန္းေက်ာ္ ေထာက္ပံ့ေပးထား

စစ္ကိုင္းတိုင္းအတြင္း မသန္စြမ္း ၁၄၀၀၀ ေက်ာ္အတြက္ အခုဘ႑ာႏွစ္မွာ ေထာက္ပံ့ေငြက်ပ္ ၄၂၆ သန္းေက်ာ္ကို ေထာက္ပံ့ေပးအပ္ထားတယ္လို႔ သိရပါတယ္။

စစ္ကိုင္းတိုင္းအတြင္း အခုဘ႑ာႏွစ္အတြက္ ေထာက္ပံ့ရန္က်န္ရွိေနေသးတဲ့ မသန္စြမ္း ၃ ေထာင္ေက်ာ္အတြက္ ေထာက္ပံ့ေငြ က်ပ္ ၉၆ သန္းေက်ာ္ ေပးအပ္ပြဲကို စက္တင္ဘာ ၂၁ ရက္ေန႔က မုံ႐ြာၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။

အခုလို ေထာက္ပံ့ေပးအပ္တာက ဒုတိယအႀကိမ္ျဖစ္ၿပီး ေဖေဖာ္ဝါရီလအတြင္းကလည္း မသန္စြမ္းဦးေရ ၁ ေသာင္းေက်ာ္အတြက္ က်ပ္သန္းေပါင္း ၃၂၈ သန္းကို ေထာက္ပံ့ေပးခဲ့ကာ တိုင္းအတြင္း မသန္စြမ္းေတြအတြက္ ႏိုင္ငံေတာ္က ေထာက္ပံ့ေငြ က်ပ္သန္းေပါင္း ၄၂၆ သန္းကို အခုဘ႑ာႏွစ္အတြက္ ေထာက္ပံ့ထားတယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီး ဦးမိုးေက်ာ္သူက ေျပာပါတယ္။

ၿမိဳ႕နယ္၊ ခ႐ိုင္ေတြအလိုက္ မသန္စြမ္းေတြအတြက္ အေထာက္အကူျပဳႏိုင္မယ့္ လမ္း၊ တံတား၊ လက္သေကၤတ စတဲ့ လိုအပ္တဲ့အရာေတြ ျဖည့္ဆည္းေဖာင္ေဆာင္ႏိုင္ဖို႔ အစိုးရကေန ေငြက်ပ္  ၃ ဘီလီယံကို အရင္းမေပ်ာက္ေငြအျဖစ္ ရန္ပုံေငြ မတည္ေပးထားတယ္လို႔လည္း ျပည္ေထာင္စုဝန္ႀကီးက ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။

ႏိုင္ငံေတာ္က အခုလို ေထာက္ပံ့ေပးအပ္တဲ့အေပၚမွာေတာ့ မသန္စြမ္းေတြက ေက်းဇူးတင္ၾကသလို အခုေနာက္ပိုင္း ခြဲျခားဆက္ဆံတာလည္း နည္းလာၿပီး အားေပးစကားေျပာတာေတြ မ်ားလာတယ္လို႔ မသန္စြမ္းတဦးျဖစ္တဲ့ ကိုလႈိင္းေဇာ္ထက္က ေျပာပါတယ္။

ႏိုင္ငံေတာ္ကေန မၾကာခင္မွာ မသန္စြမ္းေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြအတြက္ သီးသန႔္မွတ္ပုံတင္ေတြ ျပဳလုပ္ေပးဖို႔လည္း စီစဥ္ေနပါတယ္။ တႏိုင္ငံလုံးကို သာတူညီမွ်ျဖစ္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေနၿပီး ရန္ပုံေငြ ဘတ္ဂ်က္ေတြမွာလည္း အကန႔္အသတ္ေတြ ရွိေနတယ္လို႔ လူကယ္ျပန္ဝန္ႀကီးက ေျပာဆိုခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013