DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်အမှိုက် လျှော့ချရေး အခြေခံပညာကျောင်းအဆင့်ပြိုင်ပွဲ ကျင်းပ
DVB
·
September 22, 2019
စွန့်ပစ်အမှိုက် လျှော့ချရေး အခြေခံပညာကျောင်းအဆင့်ပြိုင်ပွဲ ကျင်းပ
1 / 7
Donate to DVB

ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ စွန့်ပစ်အမှိုက် လျှော့ချရေး အခြေခံပညာကျောင်းအဆင့်ပြိုင်ပွဲကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပညာရေးဝန်ကြီးဌာနနဲ့ CleanY angon တို့က ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေကနေတဆင့် မိဘပြည်သူတွေဆီကို အမှိုက်စနစ်တကျ စွန့်ပစ်ရေးနဲ့ပတ်သက်ပြီး အသိပညာတွေ ရရှိစေဖို့အတွက် စွန့်ပစ်အမှိုက် လျှော့ချရေး ပြိုင်ပွဲတွေကို ကျင်းပတာ ဖြစ်ပါတယ်။ 

စွန့်ပစ်အမှိုက် လျှော့ချရေးနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေ၊ တေးသရုပ်ဖော်ပြိုင်ပွဲတွေနဲ့ စကားရည်လုပြိုင်ပွဲတွေကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကနေစပြီး လှိုင်သာယာမြို့နယ်မှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်းတွေမှာ Clean Yangon ကနေ အမှိုက် စနစ်တကျ စွန့်ပစ်ရေးနဲ့ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို အသိပညာပေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေ၊ အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူတွေ၊ Clean Yangon အဖွဲ့ဝင်တွေ၊ အနုပညာရှင်တွေနဲ့ ကျောင်းသားမိဘတွေ တက်ရောက်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~

စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး အေျခခံပညာေက်ာင္းအဆင့္ၿပိဳင္ပြဲ က်င္းပ

ကမာၻ႔သန႔္ရွင္းေရးေန႔ အထိမ္းအမွတ္အေနနဲ႔ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး အေျခခံပညာေက်ာင္းအဆင့္ၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕၊ လႈိင္သာယာၿမိဳ႕နယ္မွာ စက္တင္ဘာ ၂၂ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

အဲဒီအခမ္းအနားကိုေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ပညာေရးဝန္ႀကီးဌာနနဲ႔ CleanY angon တို႔က ပူးေပါင္းက်င္းပတာ ျဖစ္ပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူေတြကေနတဆင့္ မိဘျပည္သူေတြဆီကို အမႈိက္စနစ္တက် စြန႔္ပစ္ေရးနဲ႔ပတ္သက္ၿပီး အသိပညာေတြ ရရွိေစဖို႔အတြက္ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး ၿပိဳင္ပြဲေတြကို က်င္းပတာ ျဖစ္ပါတယ္။

စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရးနဲ႔ ပတ္သက္ၿပီး လႈိင္သာယာၿမိဳ႕နယ္အဆင့္ ပန္းခ်ီၿပိဳင္ပြဲ၊ စာစီစာကုံးၿပိဳင္ပြဲေတြ၊ ေတးသ႐ုပ္ေဖာ္ၿပိဳင္ပြဲေတြနဲ႔ စကားရည္လုၿပိဳင္ပြဲေတြကို က်င္းပခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ကေနစၿပီး လႈိင္သာယာၿမိဳ႕နယ္မွာရွိတဲ့ အေျခခံပညာ စာသင္ေက်ာင္းေတြမွာ Clean Yangon ကေန အမႈိက္ စနစ္တက် စြန႔္ပစ္ေရးနဲ႔ပတ္သက္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူေတြကို အသိပညာေပးတာေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ကမာၻ႔သန႔္ရွင္းေရးေန႔ အထိမ္းအမွတ္ အခမ္းအနားကိုေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက တာဝန္ရွိသူေတြ၊ အေျခခံပညာဦးစီးဌာနက တာဝန္ရွိသူေတြ၊ Clean Yangon အဖြဲ႕ဝင္ေတြ၊ အႏုပညာရွင္ေတြနဲ႔ ေက်ာင္းသားမိဘေတြ တက္ေရာက္ခဲ့ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013