DVB Logo
Home
နိုင်ငံတကာ
အမှိုက်များ ရှင်းလင်းရန် ခရိုအေးရှားပြည်သူများ အစိုးရကို ဆန္ဒပြတောင်းဆို
DVB
·
September 6, 2026
Photo: REUTERS/Borut Zivulovic
Photo: REUTERS/Borut Zivulovic
Donate to DVB

ခရိုအေးရှားနိုင်ငံမှာ အမှိုက်တွေ ရှင်းလင်းဖို့ နှောက်နှေးနေတာနဲ့ ပတ်သက်ပြီး ဇာဂရက်မြို့လယ်မှာ လူထောင်ပေါင်းများစွာ စုဝေးကာ အစိုးရကကို ဆန္ဒပြခဲ့ကြပါတယ်။

အမှိုက်တန်ချိန် ၃၀,၀၀၀ ကျော်ဟာ ခရိုအေးရှားအလယ်ပိုင်းမှာရှိပြီး သောက်သုံးရေကို ညစ်ညမ်းစေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုပညာရှင်တွေက ထောက်ပြထားပြီး အမှိုက်ရှင်းလင်းမှုမရှိသေးတဲ့ အစိုးရအဖွဲ့ကို ဆန္ဒပြခဲ့တာပါ။

ဒီလိုဆန္ဒပြမှုဟာ ခရိုအေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အကြီးဆုံးဆန္ဒပြမှု တခုဖြစ်ပြီး အခုဆန္ဒပြပွဲကို လီကာအတွက် လမ်းလျောက်ကြစို့လို့ အမည်ပေးထားပါတယ်။

တောင်တန်းဒေသဖြစ်တဲ့ ခရိုအေးရှားမှာ အမှိုက်စွန့်ပစ်မှုတွေ ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က တန်ချိန် ၃၄,၀၀၀ နဲ့ တန်ချိန် ၃၇,၀၀၀ ကြား စွန့်ပစ်မှုမလုပ်ခဲ့သလို ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တို့မှာ အီတလီနိုင်ငံက အမှိုက်တန်သွင်းမှုတွေ အများဆုံးပါဝင်ပါတယ်။

စွန့်ပစ်အမှိုက်တွေဟာ လီကာဒေသမှာရှိတဲ့ ဂေါ့စပစ်မြို့အကျယ်အဝန်းနီးပါးအထိ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

အစိုးရက ဒီအမှိုက်တွေကို ရှင်းလင်းမယ်လို့ ပြောထားပေမဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက အစိုးရလုပ်ဆောင်ချက်အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။

စွန့်ပစ်အမှိုက်တွေထဲမှာ ဆေးဝါးတွေ၊ တခြားစက်ရုံထွက်အမှိုက်တွေက လီကာဒေသရဲ့ လေ၊ မြေနဲ့ ရေတို့ကို ထိခိုက်စေမယ်လို့ ပြောထားပါတယ်။ 

လီကာဒေသဟာ ခရိုအေးရှားနိုင်ငံမှာ သဘာဝပတ် ဝန်းကျင်တွေနဲ့ ပြည့်စုံတဲ့နေရာဖြစ်တယ်လို့ လူသိများပါတယ်။ ဒါ့ကြောင့် အမှိုက်စွန့်ပစ်တဲ့ကိစ္စမှာ အစိုးရရဲ့ လုပ်ဆောင်မှုနှေးကွေးတယ်လို့ အဲ့ဒီအဖွဲ့က စွပ်စွဲထားပါတယ်။ 

“သဘာဝက ဘယ်တော့မှ ခွင့်မလွှတ်ဘူး” “ခရိုအေးရှားရဲ့ အဆုပ်တွေ အသက်ရှုမရတော့ဘူး” “ခရိုအေးရှားကို ဖျက်စီးတာတွေရပ်” စတဲ့ စာတမ်းတွေ ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပလန်ဂိုဗစ်ဟာ ဂေါ့စပစ်ကို ဗုဒ္ဓဟူးနေ့က လာခဲ့ပြီး ပထမအသုတ်ရှင်းလင်းဖို့ ကန်ထရိုက်တွေကို ရွေးထားပြီးပြီလို့ ပြောခဲ့ပါတယ်။ 

အဲ့ဒီထဲမှာ ဂေါ့စပစ်မှာရှိတဲ့ အမှိုက်တွေကို ရှင်းဖို့လည်းပါတယ်လို့ ဆိုပါတယ်။ ဒီဆန္ဒပြပွဲကို Mission: Impossible II နဲ့ Snatch ဇာတ်ကားတွေမှာ ပါဝင်တဲ့ ခရိုအေးရှားသရုပ်ဆောင် ဆာဘတ်ဇီဂျာလည်း ခရိုးအေးရှားပြည်သူတွေနဲ့အတူ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ 

“ကျနော် ဒီဆန္ဒပြပွဲကို ရောက်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုဆန္ဒပြတောင်းဆိုရမှာဖြစ်လို့ပါ။ ကျနော်တို့နိုင်ငံအတွက် ဒီလို ရပ်တည်ပေးရမှာပါ။ ဖြစ်ပျက်ခဲ့တာတွေက ရှက်စရာကောင်းပါတယ်။ ဒါကို တယောက်ယောက် တာဝန်ယူရပါလိမ့်မယ်” လို့ ဆာဘတ်ဇီဂျာက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013