DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာမြို့နယ် စာသင်ကျောင်းများတွင် စွန့်ပစ်အမှိုက်လျှော့ချရေး အသိပညာပေး
DVB
·
September 22, 2019
လှိုင်သာယာမြို့နယ် စာသင်ကျောင်းများတွင် စွန့်ပစ်အမှိုက်လျှော့ချရေး အသိပညာပေး
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ရှိတဲ့ အခြေခံပညာစာသင်ကျောင်း ၅၈ ကျောင်းမှာ စွန့်ပစ်အမှိုက်လျှော့ချရေး အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက လူဦးရေ အများဆုံး နေထိုင်ပြီး ကျောင်းသားအများဆုံး ရှိတဲ့ လှိုင်သာယာမြို့နယ်က အခြေခံပညာ စာသင်ကျောင်းတွေမှာ စွန့်ပစ်အမှိုက် လျှော့ချရေး အသိပညာပေးတာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပညာရေးဝန်ကြီးဌာနနဲ့ Clean Yangon တို့က ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။ 

ကျောင်းသား၊ ကျောင်းသူတွေကို စည်းစနစ်တကျ အမှိုက်စွန့်ပစ်တတ်စေဖို့အတွက် စွန့်ပစ်အမှိုက် လျှော့ချရေး အသိပညာပေးတာတွေကို ကျောင်းတွေမှာ လုပ်ဆောင်ပေးတာလို့ Clean Yangon တာဝန်ရှိသူ ကိုဇေယျာထွန်းက ပြောပါတယ်။

အခြေခံပညာကျောင်းတွေမှာ စွန့်ပစ်အမှိုက် လျှော့ချရေး အသိပညာပေး လှုပ်ရှားမှုတွေကိုတော့ (၂၀၁၈_၂၀၁၉) ပညာသင်နှစ်ကနေ စတင်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

စည်းစနစ်တကျ အမှိုက်စွန့်ပစ်ဖို့ အသိပညာပေး လှုပ်ရှားမှုတွေကြောင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းပြီး အမှိုက်ကင်းစင်တဲ့ ကျောင်းတွေ ဖြစ်လာတယ်လို့ လှိုင်သာယာမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

လှိုင်သာယာမြို့နယ် ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ လှိုင်သာယာမြို့နယ်အဆင့် စွန့်ပစ်အမှိုက် လျှော့ချရေး အခြေခံပညာကျောင်းအဆင့် ပြိုင်ပွဲကိုလည်း ရန်ကုန်မြို့ အ.ထ.က (၂) လှိုင်သာယာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ 

ကျောင်းသား၊ ကျောင်းသူတွေနေတဆင့် မိဘပြည်သူတွေဆီကို အမှိုက‌ေစနစ်တကျ စွန့်ပစ်ရေးနှင့်ပတ်သက်ပြီး အသိပညာတွေ ရရှိစေဖို့အတွက် စွန့်ပစ်အမှိုက် လျှော့ချရေး ပြိုင်ပွဲတွေကို ကျင်းပတာ ဖြစ်ပါတယ်။

စွန့်ပစ်အမှိုက် လျှော့ချရေးနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေ၊ တေးသရုပ်ဖော်ပြိုင်ပွဲတွေနဲ့ စကားရည်လုပြိုင်ပွဲတွေကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေ၊ အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူတွေ၊ Clean Yangon အဖွဲ့ဝင်တွေ၊ အနုပညာရှင်တွေနဲ့ ကျောင်းသားမိဘတွေ တက်ရောက်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လႈိင္သာယာၿမိဳ႕နယ္ စာသင္ေက်ာင္းမ်ားတြင္ စြန႔္ပစ္အမႈိက္ေလွ်ာ့ခ်ေရး အသိပညာေပး

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္မွာ ရွိတဲ့ အေျခခံပညာစာသင္ေက်ာင္း ၅၈ ေက်ာင္းမွာ စြန႔္ပစ္အမႈိက္ေလွ်ာ့ခ်ေရး အသိပညာေပးတာေတြ လုပ္ေဆာင္ေနပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးက လူဦးေရ အမ်ားဆုံး ေနထိုင္ၿပီး ေက်ာင္းသားအမ်ားဆုံး ရွိတဲ့ လႈိင္သာယာၿမိဳ႕နယ္က အေျခခံပညာ စာသင္ေက်ာင္းေတြမွာ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး အသိပညာေပးတာေတြကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ပညာေရးဝန္ႀကီးဌာနနဲ႔ Clean Yangon တို႔က ပူးေပါင္းၿပီး လုပ္ေဆာင္ေနပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူေတြကို စည္းစနစ္တက် အမႈိက္စြန႔္ပစ္တတ္ေစဖို႔အတြက္ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး အသိပညာေပးတာေတြကို ေက်ာင္းေတြမွာ လုပ္ေဆာင္ေပးတာလို႔ Clean Yangon တာဝန္ရွိသူ ကိုေဇယ်ာထြန္းက ေျပာပါတယ္။

အေျခခံပညာေက်ာင္းေတြမွာ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး အသိပညာေပး လႈပ္ရွားမႈေတြကိုေတာ့ (၂၀၁၈_၂၀၁၉) ပညာသင္ႏွစ္ကေန စတင္ၿပီး လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

စည္းစနစ္တက် အမႈိက္စြန႔္ပစ္ဖို႔ အသိပညာေပး လႈပ္ရွားမႈေတြေၾကာင့္ ေက်ာင္းပတ္ဝန္းက်င္ သန႔္ရွင္းၿပီး အမႈိက္ကင္းစင္တဲ့ ေက်ာင္းေတြ ျဖစ္လာတယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ပညာေရးမႉး ဦးဝင္းႏိုင္က ေျပာပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ ကမာၻ႔သန႔္ရွင္းေရးေန႔ အထိမ္းအမွတ္အေနနဲ႔ လႈိင္သာယာၿမိဳ႕နယ္အဆင့္ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး အေျခခံပညာေက်ာင္းအဆင့္ ၿပိဳင္ပြဲကိုလည္း ရန္ကုန္ၿမိဳ႕ အ.ထ.က (၂) လႈိင္သာယာမွာ စက္တင္ဘာလ ၂၂ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူေတြေနတဆင့္ မိဘျပည္သူေတြဆီကို အမႈိက‌ေစနစ္တက် စြန႔္ပစ္ေရးႏွင့္ပတ္သက္ၿပီး အသိပညာေတြ ရရွိေစဖို႔အတြက္ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး ၿပိဳင္ပြဲေတြကို က်င္းပတာ ျဖစ္ပါတယ္။

စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရးနဲ႔ ပတ္သက္ၿပီး လႈိင္သာယာၿမိဳ႕နယ္အဆင့္ ပန္းခ်ီၿပိဳင္ပြဲ၊ စာစီစာကုံးၿပိဳင္ပြဲေတြ၊ ေတးသ႐ုပ္ေဖာ္ၿပိဳင္ပြဲေတြနဲ႔ စကားရည္လုၿပိဳင္ပြဲေတြကို က်င္းပခဲ့တာ ျဖစ္ပါတယ္။

ကမာၻ႔သန႔္ရွင္းေရးေန႔ အထိမ္းအမွတ္ အခမ္းအနားကိုေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက တာဝန္ရွိသူေတြ၊ အေျခခံပညာဦးစီးဌာနက တာဝန္ရွိသူေတြ၊ Clean Yangon အဖြဲ႕ဝင္ေတြ၊ အႏုပညာရွင္ေတြနဲ႔ ေက်ာင္းသားမိဘေတြ တက္ေရာက္ခဲ့ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013