DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
September 22, 2019
ရင်ဖွင့်စာ
Donate to DVB

ဆောက်လို့မပြီးနိုင်တဲ့ ဟုမ္မလင်းမြို့နယ်က စာသင်ကျောင်းဆောင်

စစ်ကိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် မြင်သာရွာအုပ်စု မြသာယာရွာကပါ။ မပြီးမြောက်သေးတဲ့ စာသင်ကျောင်းဆောင်ကြီးအကြောင်းပါ။ ပထမက မူလွန်။ အခု လယ်ခွဲတော့ အဆင့် တိုးမြှင့်ပေးခဲ့ပါသည်။ သို့ပေမဲ့ အပြီးသတ်ဆောက်လုပ်နေဆဲမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တာ ၁၀ နှစ်ကျော်လောက်ရှိပါပြီ။ နိုင်ငံတော်ကို အခါခါတင်ပေမယ့်လည်း ခုထိ ဘာမှ တုံ့ပြန်မှု မရရှိသေးလို့ ဒုတိယအကြိမ် တောင်းဆိုအပ်ပါတယ်။ အမေစု နှင့် သမ္မတကြီး သိရှိပြီး စစ်ကိုင်းတိုင်းဝန်ကြီချုပ်ကြီးနဲ့ ပညာရေးဌာန ကြားနိုင်မြင်နိုင်အောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

သမီးပြည့်ပြည့်

မြိတ်မြို့ အဝေးပြေးကားဝင်းဟောင်းအတွင်း တံခါးပိတ်ဆို့ ငွေကောက်နေ

မြိတ်မြို့ ကလွင်နယ်မြေအတွင်းရှိ... ယခင်က အဝေးပြေးဝင်းလုပ်ခဲ့တဲ့နေရာမှာ ယခုအခါတွင် အဝေးပြေးကားဝင်းအဟောင်းဟု အမည်တပ်ပြီး တံခါးပိတ်ဆို့၍ ငွေကောက်ခံနေပါသဖြင့် ၎င်းကားဝင်းအတွင်း၌နေထိုင်ကြသော ရပ်ကွက်သူ ရပ်ကွက်သားများ ဝင်ထွက်သွားလာရာ၌ အဟန့်အတား အနှောင့်အယှက် တခုဖြစ်နေပါသည်။ ယခုငွေကြေးကောက်ခံခြင်းသည် မည်သည့် ခွင့်ပြုချက်ဖြင့် ကောက်ခံ‌နေသည်ကို သက်ဆိုင်ရာဌာနတခုခုမှ တရားဝင်ခွင့်ပြုချက်ဖြင့် ကောက်ခံခြင်း ဟုတ်မဟုတ်ကို ပွင့်ပွင့်လင်းလင်း သိလိုပါသည်။

ရဲဝင်း

ဘားအံ ရဲသာအုပ်စုက မြေကိစ္စ အထက်လူကြီးများသိအောင် ပြောပေးပါ

ကျမ ဘားအံမြို့၊ ရဲသာအုပ်စုကပါ။ ကျမမှာ လယ်မြေဧက ၂ ဒသမ ၁၆ ရှိပါတယ်။ ပြေစာထွက်ရှိပါတယ်။ ပြေစာကနေ ပုံစံ (၇) ပြောင်းရပါတယ်။ ပုံစံ ၇ ပြောင်းတဲ့အခါ ဘားအံမြေ စာရင်းရုံးမှ ပြေစာအတိုင်း ထွက်မပေးဘဲ ၁ ဒသမ ၆၀ ပဲ၊ ပုံစံ (၇) ထွက်ပြီး ၀ ဒသမ ၅၆ ဧက ကွာနေလို့ ပြောတဲ့အခါ ကွာနေတဲ့ ၀ ဒသမ ၅၆ ကို မြေလွတ်မြေလပ်နဲ့ ပြန်လျှေက်ရမယ် ပြောပါတယ်။ မြေလွတေမြေလပ်နဲ့ ကျမ ပြန်လျှေက်ရင် တခြားသူနဲ့ အပြိုင်လျှောက်ခိုင်းမှာစိုးလို့ မလျှောက်ခဲ့ပါဘူး။ အမှန်ဆို မူလပြေစာရှိတဲ့အတိုင်း ပုံစံ (၇) ထုပ်ပေးရမှာပါ။ ဒါကို ထုပ်မပေး တာဟာ ကျမတို့လို မသိနားမလည်တဲ့ လယ်သမားတွေကို ဒုက္ခပေးနေတဲ့ မြေစရင်းများ ဘားအံတွင် ရှိနေကြောင်း အထက်လူကြီးများသိအောင် ပြောပေးပါရှင့်။ ဘားအံမြေစျေးက ၁ ဧကလျှင် သိန်းထောင်ချီ ရှိနေတာမို့ ကျမမြေအား မတရားလုပ်ထားတဲ့အကြောင်းကို သက်သေအဖြစ် မူလပြေစာနဲ့ ပုံစံ(၇) တွဲပြီး ပို့လိုက်ပါတယ်။

Sone Chin Be

ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်က ကြက်သတ်လုပ်ငန်း အမြန်ဖယ်ရှားပေးပါ

ကျနော် ဒေါပုံမြို့နယ် ကြည်စုရပ်ကွက် ကျောင်းလမ်း ၃ လမ်းမှာ နေတဲ့ ပြည်သူတဦးပါ။  ကျနော်တို့ လမ်းထဲမှာ အဌားလာပြီးနေကြတဲ့ အိမ်ရှင်တချို့နဲ့ အိမ်ငှားတွေက လမ်းမပေါ်မှာ ကြက်တွေထားပြီး မနက် ၂ နာရီဝန်းကျင် နေ့တိုင်းမှာ ကြက်တွေကို ထထပြီး သတ်ကြပါတယ်။ ညစဉ်တိုင်းကြားနေရတော့ နားမခံသာပါဘူးဗျာ၊ လမ်းပေါ်မှာလည်း စည်ပင်နယ်နိမိတ်ဧရိယာအထိ အခန်းတွေကလည်း ချဲ့ယူထားကြတော့ လမ်းတွေလည်း ကျဉ်းနေပြီး မီးဘေးဆိုရင်မလွယ်လောက်ပါဘူး။ ကျေးဇူးပြုပြီး ကူညီပေးစေချင်ပါတယ်။ လမ်းထဲမှာ ကြက်သတ်လုပ်ငန်း လုပ်ကိုင်ခွင့်ကိုလည်း တရားဝင်ကဲ့သို့ လုပ်ကိုင်နေကြတာကို အမြန်ဆုံ းဖယ်ရှားပေးစေဖို့အတွက် ဒေါပုံမြို့နယ် တာဝန်ရှိလူကြီးတွေ သိစေရန်အတွက် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

ညီလင်းကို

ကြိုးဖုန်းတွေ အသုံးမဝင်တော့တာလား

ပြောချင်တာက ကြိုးဖုန်းကိစ္စပါ။ ကျနော်တို့ မကွေးတိုင်း ပခုက္ကူမြို့မှာ ဝန်ထမ်းတွေက ဘက်လိုက်မှုဖြစ်နေတာပါ။ မိုဘိုင်းဖုန်းတွေ ပေါ်လာကတည်းက ကြိုးဖုန်းတွေ အသုံးမဝင်တော့တာလား။ ပြောချင်တာက ကျနော်တို့ ကြိုးဖုန်းပျက်တာ ၅ နှစ်ရှိပါပြီ။ သွားပြောတော့လည်း ပြင်ပေးမယ်ဆိုပြီး မောင်ရင်လေး သန်ဘက်ခါ ဖြစ်နေပါတယ်။ ပြောင်းလဲချိန်တန်ပြီ ပြောကတည်းက မပြောင်းလဲဘဲ ဒုံရင်းတိုင်း ဖြစ်နေပါတယ်။ အောက်ခြေ ဝန်ထမ်းတွေက ပြည်သူတွေကို ဘယ်လောက် မျက်နှာပြောင်တိုက်သလဲဆိုတာ သိစေချင်တာပါ။ စည်ပင်ပြောသလို ပြောရမယ်ဆိုရင် အသစ်ခေါ်ယူ အဟောင်း ပြောင်းလဲပါပဲ ခင်ဗျာ။

အကျင့်ပျက်ဝန်ထမ်းတွေ အရေးယူတာ မီးရထားဌာန မပါဘူးလား

အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူမယ်ဆိုရာမှာ မီးရထားဌာနကို ခြွင်းချက်အဖြစ် ထားသလားဆိုတာ သိချင်ပါတယ်။ သတင်းတွေမှာတော့ မိုးလားကဲ လားပြောနေပေမယ့် မီးရထားဝန်ထမ်းတွေက ပိုတိုးပြီး ဆိုးလာနေပာတယ်။ အခု NLD အစိုးရလက်ထက်မှာ ရန်ကုန်ဘူတာကြီးက လက်မှတ်ရောင်းတွေဟာ ပြောင်ပြောင်တင်းတင်း ငွေပိုတောင်းနေကြတယ်။ သမ္မတဦးထင်ကျော်ထံ မီးရထားဌာနနဲ့ပတ်သက်ပြီး စာပို့ခဲ့ပါတယ်။ ဘာမှထူးခြားမလာ၍ သမ္မတ ဦးဝင်းမြင့်ထံ ထပ်မံပို့ခဲ့ပါတယ်။ ဘာမှ ထူးခြားမလာပါ။ အစိုးရက အသေအချာ အရေးယူပေးပါခင်ဗျာ။

မြင့်ထူး

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေဆာက္လို႔မၿပီးႏိုင္တဲ့ ဟုမၼလင္းၿမိဳ႕နယ္က စာသင္ေက်ာင္းေဆာင္

စစ္ကိုင္းေဒသႀကီးအထက္ပိုင္း ဟုမၼလင္းၿမိဳ႕နယ္ ျမင္သာ႐ြာအုပ္စု ျမသာယာ႐ြာကပါ။ မၿပီးေျမာက္ေသးတဲ့ စာသင္ေက်ာင္းေဆာင္ႀကီးအေၾကာင္းပါ။ ပထမက မူလြန္။ အခု လယ္ခြဲေတာ့ အဆင့္ တိုးျမႇင့္ေပးခဲ့ပါသည္။ သို႔ေပမဲ့ အၿပီးသတ္ေဆာက္လုပ္ေနဆဲမွာ ကိုယ္ထူကိုယ္ထ ေဆာက္လုပ္ခဲ့တာ ၁၀ ႏွစ္ေက်ာ္ေလာက္ရွိပါၿပီ။ ႏိုင္ငံေတာ္ကို အခါခါတင္ေပမယ့္လည္း ခုထိ ဘာမွ တုံ႔ျပန္မႈ မရရွိေသးလို႔ ဒုတိယ အႀကိမ္ ေတာင္းဆိုအပ္ပါတယ္။ အေမစု ႏွင့္ သမၼတႀကီး သိရွိၿပီး စစ္ကိုင္းတိုင္းဝန္ႀကီခ်ဳပ္ႀကီးနဲ႔ ပညာေရးဌာန ၾကားႏိုင္ျမင္ႏိုင္ေအာင္ ဒီဗြီဘီကတဆင့္ တင္ျပလိုက္ရပါတယ္။

သမီးျပည့္ျပည့္

ၿမိတ္ၿမိဳ႕ အေဝးေျပးကားဝင္းေဟာင္းအတြင္း တံခါးပိတ္ဆို႔ ေငြေကာက္ေန

ၿမိတ္ၿမိဳ႕ ကလြင္နယ္ေျမအတြင္းရွိ... ယခင္က အေဝးေျပးဝင္းလုပ္ခဲ့တဲ့ေနရာမွာ ယခုအခါတြင္ အေဝးေျပးကားဝင္းအေဟာင္းဟု အမည္တပ္ၿပီး တံခါးပိတ္ဆို႔၍ ေငြေကာက္ခံေနပါသျဖင့္ ၎ကားဝင္းအတြင္း၌ေနထိုင္ၾကေသာ ရပ္ကြက္သူ ရပ္ကြက္သားမ်ား ဝင္ထြက္သြားလာရာ၌ အဟန႔္အတား အေႏွာင့္အယွက္ တခုျဖစ္ေနပါသည္။ ယခုေငြေၾကးေကာက္ခံျခင္းသည္ မည္သည့္ ခြင့္ျပဳခ်က္ျဖင့္ ေကာက္ခံ‌ေနသည္ကို သက္ဆိုင္ရာဌာနတခုခုမွ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေကာက္ခံျခင္း ဟုတ္မဟုတ္ကို ပြင့္ပြင့္လင္းလင္း သိလိုပါသည္။

ရဲဝင္း

ဘားအံ ရဲသာအုပ္စုက ေျမကိစၥ အထက္လူႀကီးမ်ားသိေအာင္ ေျပာေပးပါ

က်မ ဘားအံၿမိဳ႕၊ ရဲသာအုပ္စုကပါ။ က်မမွာ လယ္ေျမဧက ၂ ဒသမ ၁၆ ရွိပါတယ္။ ေျပစာထြက္ရွိပါတယ္။ ေျပစာကေန ပုံစံ (၇) ေျပာင္းရပါတယ္။ ပုံစံ ၇ ေျပာင္းတဲ့အခါ ဘားအံေျမ စာရင္း႐ုံးမွ ေျပစာအတိုင္း ထြက္မေပးဘဲ ၁ ဒသမ ၆၀ ပဲ၊ ပုံစံ (၇) ထြက္ၿပီး ၀ ဒသမ ၅၆ ဧက ကြာေနလို႔ ေျပာတဲ့အခါ ကြာေနတဲ့ ၀ ဒသမ ၅၆ ကို ေျမလြတ္ေျမလပ္နဲ႔ ျပန္ေလွ်က္ရမယ္ ေျပာပါတယ္။ ေျမလြေတေျမလပ္နဲ႔ က်မ ျပန္ေလွ်က္ရင္ တျခားသူနဲ႔ အၿပိဳင္ေလွ်ာက္ခိုင္းမွာစိုးလို႔ မေလွ်ာက္ခဲ့ပါဘူး။ အမွန္ဆို မူလေျပစာရွိတဲ့အတိုင္း ပုံစံ (၇) ထုပ္ေပးရမွာပါ။ ဒါကို ထုပ္မေပး တာဟာ က်မတို႔လို မသိနားမလည္တဲ့ လယ္သမားေတြကို ဒုကၡေပးေနတဲ့ ေျမစရင္းမ်ား ဘားအံတြင္ ရွိေနေၾကာင္း အထက္လူႀကီးမ်ားသိေအာင္ ေျပာေပးပါရွင့္။ ဘားအံေျမေစ်းက ၁ ဧကလွ်င္ သိန္းေထာင္ခ်ီ ရွိေနတာမို႔ က်မေျမအား မတရားလုပ္ထားတဲ့အေၾကာင္းကို သက္ေသအျဖစ္ မူလေျပစာနဲ႔ ပုံစံ(၇) တြဲၿပီး ပို႔လိုက္ပါတယ္။

Sone Chin Be

ေဒါပုံၿမိဳ႕နယ္ ၾကည္စုရပ္ကြက္က ၾကက္သတ္လုပ္ငန္း အျမန္ဖယ္ရွားေပးပါ

က်ေနာ္ ေဒါပုံၿမိဳ႕နယ္ ၾကည္စုရပ္ကြက္ ေက်ာင္းလမ္း ၃ လမ္းမွာ ေနတဲ့ ျပည္သူတဦးပါ။  က်ေနာ္တို႔ လမ္းထဲမွာ အဌားလာၿပီးေနၾကတဲ့ အိမ္ရွင္တခ်ိဳ႕နဲ႔ အိမ္ငွားေတြက လမ္းမေပၚမွာ ၾကက္ေတြထားၿပီး မနက္ ၂ နာရီဝန္းက်င္ ေန႔တိုင္းမွာ ၾကက္ေတြကို ထထၿပီး သတ္ၾကပါတယ္။ ညစဥ္တိုင္းၾကားေနရေတာ့ နားမခံသာပါဘူးဗ်ာ၊ လမ္းေပၚမွာလည္း စည္ပင္နယ္နိမိတ္ဧရိယာအထိ အခန္းေတြကလည္း ခ်ဲ႕ယူထားၾကေတာ့ လမ္းေတြလည္း က်ဥ္းေနၿပီး မီးေဘးဆိုရင္မလြယ္ေလာက္ပါဘူး။ ေက်းဇူးျပဳၿပီး ကူညီေပးေစခ်င္ပါတယ္။ လမ္းထဲမွာ ၾကက္သတ္လုပ္ငန္း လုပ္ကိုင္ခြင့္ကိုလည္း တရားဝင္ကဲ့သို႔ လုပ္ကိုင္ေနၾကတာကို အျမန္ဆုံးဖယ္ရွားေပးေစဖို႔အတြက္ ေဒါပုံၿမိဳ႕နယ္ တာဝန္ရွိလူႀကီးေတြ သိေစရန္အတြက္ ဒီဗြီဘီကတဆင့္ တင္ျပလိုက္ရပါတယ္။

ညီလင္းကို

ႀကိဳးဖုန္းေတြ အသုံးမဝင္ေတာ့တာလား

ေျပာခ်င္တာက ႀကိဳးဖုန္းကိစၥပါ။ က်ေနာ္တို႔ မေကြးတိုင္း ပခုကၠဴၿမိဳ႕မွာ ဝန္ထမ္းေတြက ဘက္လိုက္မႈျဖစ္ေနတာပါ။ မိုဘိုင္းဖုန္းေတြ ေပၚလာကတည္းက ႀကိဳးဖုန္းေတြ အသုံးမဝင္ေတာ့တာလား။ ေျပာခ်င္တာက က်ေနာ္တို႔ ႀကိဳးဖုန္းပ်က္တာ ၅ ႏွစ္ရွိပါၿပီ။ သြားေျပာေတာ့လည္း ျပင္ေပးမယ္ဆိုၿပီး ေမာင္ရင္ေလး သန္ဘက္ခါ ျဖစ္ေနပါတယ္။ ေျပာင္းလဲခ်ိန္တန္ၿပီ ေျပာကတည္းက မေျပာင္းလဲဘဲ ဒံုရင္းတိုင္းျဖစ္ေနပါတယ္။ ေအာက္ေျခ ဝန္ထမ္းေတြက ျပည္သူေတြကို ဘယ္ေလာက္ မ်က္ႏွာေျပာင္တိုက္သလဲဆိုတာ သိေစခ်င္တာပါ။ စည္ပင္ေျပာသလို ေျပာရမယ္ဆိုရင္ အသစ္ေခၚယူ အေဟာင္းေျပာင္းလဲပါပဲ ခင္ဗ်ာ။

အက်င့္ပ်က္ဝန္ထမ္းေတြ အေရးယူတာ မီးရထားဌာန မပါဘူးလား

အက်င့္ပ်က္ဝန္ထမ္းေတြကို အေရးယူမယ္ဆိုရာမွာ မီးရထားဌာနကို ႁခြင္းခ်က္အျဖစ္ ထားသလားဆိုတာ သိခ်င္ပါတယ္။ သတင္းေတြမွာေတာ့ မိုးလားကဲ လားေျပာေနေပမယ့္ မီးရထားဝန္ထမ္းေတြက ပိုတိုးၿပီး ဆိုးလာေနပာတယ္။ အခု NLD အစိုးရလက္ထက္မွာ ရန္ကုန္ဘူတာႀကီးက လက္မွတ္ေရာင္းေတြဟာ ေျပာင္ေျပာင္တင္းတင္း ေငြပိုေတာင္းေနၾကတယ္။ သမၼတဦးထင္ေက်ာ္ထံ မီးရထားဌာနနဲ႔ပတ္သက္ၿပီး စာပို႔ခဲ့ပါတယ္။ ဘာမွထူးျခားမလာ၍ သမၼတ ဦးဝင္းျမင့္ထံ ထပ္မံပို႔ခဲ့ပါတယ္။ ဘာမွ ထူးျခားမလာပါ။ အစိုးရက အေသအခ်ာ အေရးယူေပးပါခင္ဗ်ာ။

ျမင့္ထူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013