DVB Logo
Home
မြန်မာသတင်း
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို ခရီးသွားသံတမန်အဖြစ် ခန့်အပ်
DVB
·
September 21, 2019
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို ခရီးသွားသံတမန်အဖြစ် ခန့်အပ်
Donate to DVB

ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ်စေဖို့ ရည်ရွယ်ပြီး မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို ထိုင်းနိုင်ငံ ပြည်ပခရီးသွား စျေးကွက်မြှင့်တင်ရေးအတွက် ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ စျေးကွက်မြှင်တင်ရေးအသင်းတို့က ပူးပေါင်းပြီး ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်စေဖို့ နားလည်မှု စာချွန်လွှာရေးထိုးပြီး ခရီးသွားသံတမန်အဖြစ် ခန့်အပ်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေမှာတော့ တရုတ်ခရီးသွားက အများဆုံးဖြစ်ပြီး ထိုင်းခရီးသွားဧည့်သည်ကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ထိုင်းနိူင်ငံနဲ့ မြန်မာနိုင်ငံကို နေ့စဉ် လေယဉ်ခရီးစဉ် ၂၅ ခေါက်နဲ့ အထက် ပြေးဆွဲ ပျံသန်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းခရီးသွားဧည့်သည်တွေကတော့ မြန်မာပြည်ရဲ့ ရန်ကုန်နဲ့ ကျိုက်ထီးရိုးဘုရားကို အများဆုံးလာရောက်လည်ပတ်ပြီး ပုဂံဒေသကိုလည်း သွားရောက်လည်ပတ်ကြတယ်လို့ ပြောပါတယ်။

=============


သူဇာလင်း

ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို ပိုမိုလာရောက်လည်ပတ်စေဖို့ ရည်ရွယ်ပြီး မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို ထိုင်းနိုင်ငံ ပြည်ပခရီးသွား ဈေးကွက်မြှင့်တင်ရေးအတွက် ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ဈေးကွက်မြှင်တင်ရေးအသင်းတို့က ပူးပေါင်းပြီး ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်စေဖို့ နားလည်မှု စာချွန်လွှာရေးထိုးပြီး ခရီးသွားသံတမန်အဖြစ် ခန့်အပ်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင်းပခဲ့ပါတယ်။


ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို နေ့စဉ် လေယဉ်ခရီးစဉ် ၂၅ ခေါက်နဲ့ အထက် ပြေးဆွဲ ပျံသန်းနေတယ်လို့ ဆိုပါတယ်။


 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013