
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ရှယ်ယာရောင်းချမဲ့ အစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က တညီတညွတ်တည်း သပိတ်မှောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ကမ္ဘာ့ဖလားနဲ့ တခြား ဖီဖာရဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ပြင်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ လက်အောက်ခံတွေ ထည့်မဲ့အရေးကို ဥရောပဘောလုံးအဖွဲ့ချုပ်က ဆန့်ချင်ခဲ့တာပါ။
စက်တင်ဘာ ၁၉ ရက်အထိ အဖွဲ့ချုပ်တွေ နောက်ဆုံး ဆုံးဖြတ်ဖို့ သတ်မှတ်ပေးထားပြီး ဖီဖာဥက္ကဋ္ဌက ရန်ပုံငွေ သဘောတူညီချက်ကို လက်ခံတာနဲ့ သပိတ်မှောက်မှု အသက်ဝင်မှာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာ ကြာသပတေးနေ့မှာ အစည်းအဝေးလုပ်ခဲ့ပြီး ဖီဖာရဲ့ ရှယ်ယာရောင်းချမဲ့ အစီအစဉ်ကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် တခြားပြိုင်ပွဲတွေ ကျင်းပတဲ့အခါ ဒေါ်လာ ဘီလီယံ ၂၀ တန်ကြေးရှိ လက်အောက်ခံလုပ်ငန်းခွဲတွေ ဖန်တီးဖို့ ဖီဖာက အစီအစဉ်ရှိကြောင်း အင်္ဂါနေ့က ကြေညာထားတာပါ။
အဲဒီငွေပမာဏထဲက ၂၀ ရာခိုင်နှုန်းကို ပြင်ပရင်းနှီးမြှုပ်နှံသူတွေဆီ ရှယ်ယာရောင်းချမှာ ဖြစ်ပါတယ်။
အဲဒီ ရှယ်ယာရောင်းချမဲ့သူစာရင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမက်ဖြစ်သူရဲ့ ညီအစ်ကိုတော်စပ်သူ ပါဝင်ကြောင်းလည်း မီဒီယာတွေက ဖော်ပြပါတယ်။
“ဒီအဆိုပြုချက်ရှိနေတဲ့ ကာလတလျောက် ယူအီးအက်ဖ်အေ အဖွဲ့ဝင် လက်ရွေးစင်အသင်းတွေဟာ ဖီဖာရဲ့ ဘယ်လိုပြိုင်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ ဒီအဆိုပြုချက်ကို မဖယ်ရှားဘူးဆိုရင် ဖီဖာဟာ အစိုးရ ဒါမှမဟုတ် သီးခြားပိုင်ဆိုင်သူတွေရဲ့ ယှဉ်ပြိုင်စရာတွေနဲ့ ချည်နှောင်ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်နေမှာပါ” လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။
ယူအီးအက်ဖ်အေလိုပဲ ကွန်ကာကပ်ဖ်ဇုန် ဘောလုံးအဖွဲ့ချုပ်ကလည်း ဖီဖာရဲ့ ရှယ်ယာရောင်းချတဲ့ အဆိုပြုချက်ကို ကြာသပတေးနေ့က ပယ်ချခဲ့ပါတယ်။
ကွန်ကာကပ်ဖ်ဇုန်မှာ မြောက်အမေရိက၊ အလယ်ပိုင်းအမေရိကနဲ့ ကာရေဘီယံတို့ရှိကာ အဖွဲ့ဝင်နိုင်ငံ ၄၁ နိုင်ငံ ပါဝင်ပါတယ်။
Source: Reuters










