DVB Logo
Home
မြန်မာသတင်း
ရွှေကြက်ကျဘုရားပွဲတော် လှေပြိုင်ပွဲ လောင်းလှေရှားပါးလာ၍ စက်တပ်လှေများဖြင့် ငှားရမ်းကျင်းပ
DVB
·
September 21, 2019
ရွှေကြက်ကျဘုရားပွဲတော် လှေပြိုင်ပွဲ လောင်းလှေရှားပါးလာ၍ စက်တပ်လှေများဖြင့် ငှားရမ်းကျင်းပ
1 / 3
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာမှာရှိတဲ့ ရွှေကြက်ကျ မြတ်စွာဘုရား လှေဦးတိုက်ပွဲတော် လှေပြိုင်ရာမှာ အသုံးပြုတဲ့ လောင်းလှေ ရှားပါးလာတဲ့အတွက် စက်တပ်လှေတွေနဲ့ ငှက်သမ္ဗန်တွေ ငှားရမ်းကျင်းပနေရတယ်လို့ ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။

အထက်မြန်မာပြည်က တန်ခိုးကြီးဘုရားတဆူ ဖြစ်တဲ့ ရွှေကြက်ကျဘုရားပွဲတော် ကာလ ရိုးရာလှေလှော်ပြိုင်ပွဲကို တော်သလင်းလဆုတ် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ နှစ်စဉ် ကျင်းပတာ ဖြစ်ပါတယ်။

ပွဲတော်မှာ လှော်ခတ်ဖို့အတွက် စက်တပ်လှေတွေနဲ့ ငှက်သမ္ဗန်တွေကို ပြင်ပက ငှားရမ်းအသုံးပြုနေရတယ်လို့ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြသွင်က ပြောပါတယ်။

အဆိုပါ ဘုရားပွဲတော်ကာလမှာ ရိုးရာလှေလှော်ပြိုင်ပွဲနဲ့ ခြင်းလုံးခတ်ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပတာဖြစ်ပြီး ပျော်ပွဲရွှင်ပွဲအနေနဲ့သာမက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ် ကျင်းပတာလို့ သိရပါတယ်။

လှေပြိုင်ပွဲမှာ အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ ရွှေလောင်း၊ ရွှေဒင်၊ စိန်တုံး၊ ရွှေဟင်္သာ၊ ကိုးသင်း၊ ခဝါ၊ သပြေတန်း၊ သက္ကယ်တော်၊ ရွာသစ်၊ ပတ္တမြား၊ မိုးကောင်း၊ ရွှေလေး၊ ကွက်သစ် ၁ နဲ့ အောင်ချမ်းသာ စတဲ့ ကျေးရွာ ၁၄ ရွာက ပြိုင်ပွဲဝင် လှေ ၁၄ စီး ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။

ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ အစဉ်အလာ ဓလေ့အရ ဝဲစာကျွေးတာ၊ လှေဦးတိုက်တာတွေကို စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး လှေပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ထိန်ထိန်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေ႐ႊၾကက္က်ဘုရားပြဲေတာ္ ေလွၿပိဳင္ပြဲ ေလာင္းေလွရွားပါးလာ၍ စက္တပ္ေလွမ်ားျဖင့္ ငွားရမ္းက်င္းပ

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ ေ႐ႊၾကက္ယက္ေက်း႐ြာမွာရွိတဲ့ ေ႐ႊၾကက္က် ျမတ္စြာဘုရား ေလွဦးတိုက္ပြဲေတာ္ ေလွၿပိဳင္ရာမွာ အသုံးျပဳတဲ့ ေလာင္းေလွ ရွားပါးလာတဲ့အတြက္ စက္တပ္ေလွေတြနဲ႔ ငွက္သမၺန္ေတြ ငွားရမ္းက်င္းပေနရတယ္လို႔ ဘုရားေဂါပကအဖြဲ႕က ေျပာပါတယ္။

အထက္ျမန္မာျပည္က တန္ခိုးႀကီးဘုရားတဆူ ျဖစ္တဲ့ ေ႐ႊၾကက္က်ဘုရားပြဲေတာ္ ကာလ ႐ိုးရာေလွေလွာ္ၿပိဳင္ပြဲကို ေတာ္သလင္းလဆုတ္ ၇ ရက္နဲ႔ ၈ ရက္ေန႔ေတြမွာ ႏွစ္စဥ္ က်င္းပတာ ျဖစ္ပါတယ္။

ပြဲေတာ္မွာ ေလွာ္ခတ္ဖို႔အတြက္ စက္တပ္ေလွေတြနဲ႔ ငွက္သမၺန္ေတြကို ျပင္ပက ငွားရမ္းအသုံးျပဳေနရတယ္လို႔ ေဂါပကအဖြဲ႕ အတြင္းေရးမႉး ဦးျမသြင္က ေျပာပါတယ္။

အဆိုပါ ဘုရားပြဲေတာ္ကာလမွာ ႐ိုးရာေလွေလွာ္ၿပိဳင္ပြဲနဲ႔ ျခင္းလုံးခတ္ၿပိဳင္ပြဲေတြကို ထည့္သြင္းက်င္းပတာျဖစ္ၿပီး ေပ်ာ္ပြဲ႐ႊင္ပြဲအေနနဲ႔သာမက အားကစားက႑ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ရည္႐ြယ္ က်င္းပတာလို႔ သိရပါတယ္။

ေလွၿပိဳင္ပြဲမွာ အမရပူရၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေ႐ႊေလာင္း၊ ေ႐ႊဒင္၊ စိန္တုံး၊ ေ႐ႊဟသၤာ၊ ကိုးသင္း၊ ခဝါ၊ သေျပတန္း၊ သကၠယ္ေတာ္၊ ႐ြာသစ္၊ ပတၱျမား၊ မိုးေကာင္း၊ ေ႐ႊေလး၊ ကြက္သစ္ ၁ နဲ႔ ေအာင္ခ်မ္းသာ စတဲ့ ေက်း႐ြာ ၁၄ ႐ြာက ၿပိဳင္ပြဲဝင္ ေလွ ၁၄ စီး ဝင္ေရာက္ယွဥ္ၿပိဳင္ၾကတာပါ။

ၿပိဳင္ပြဲဝင္အသင္းေတြအေနနဲ႔ အစဥ္အလာ ဓေလ့အရ ဝဲစာေကြၽးတာ၊ ေလွဦးတိုက္တာေတြကို စက္တင္ဘာလ ၂၀ ရက္ေန႔ မနက္ပိုင္းက ျပဳလုပ္ခဲ့ၿပီး ေလွၿပိဳင္ပြဲကို ဆက္လက္က်င္းပခဲ့ၾကတာ ျဖစ္ပါတယ္။

ထိန္ထိန္လင္း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013