
မန်စီးတီး ကွင်းလယ်လူ ဖီးလ်ဖိုဒန်ဟာ သူ့ရဲ့ ခြေစွမ်းပုံမှန် ပြန်ရနေပြီ ဖြစ်ပေမဲ့ အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်ရဲ့ လက်ရွေးစင်အသင်းမှာ ပြန်လည် ရွေးချယ်ခံရဖို့ မသေချာသေးဘူးလို့ ပြောလိုက်ပါတယ်။
သူဟာ မန်စီးတီးအသင်းအတွက် နောက်ဆုံး ၅ ပွဲမှာ ၄ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာပါ။ ဖိုဒန် ကတော့ နည်းပြတူချယ်နဲ့ စကားပြောဆိုထားခြင်း မရှိသေးကြောင်းနဲ့ အသင်းမှာ ပြန်ပါဝင်ခွင့်ရဖို့ ခြေစွမ်းဆက်ပြသွားမယ်လို ဆိုပါတယ်။
မန်စီးတီး နည်းပြ အန်ဇိုမာရက်စကာကတော့ ဖိုဒန်ရဲ့ တိုးတက်မှုကို ကျေနပ်နေပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်လို ချီးကျူးခဲ့ပါတယ်။
အင်္ဂလန် အသင်းဟာ လာမဲ့သောကြာနေ့မှာ ခရိုအေးရှား၊ စပိန်တို့နဲ့ ကစားရမဲ့ ပွဲစဉ်တွေအတွက် လက်ရွေးစင်စာရင်းကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
Photo:Reuters











