DVB Logo
Home
မြန်မာသတင်း
မီကိုကော်ဖီမစ်စက်ရုံ အလုပ်သမားခေါင်းဆောင် ၄ ဦးအား အလုပ်ပြန်ခန့်ပေးရန် ဆန္ဒပြ
DVB
·
September 15, 2019
မီကိုကော်ဖီမစ်စက်ရုံ အလုပ်သမားခေါင်းဆောင် ၄ ဦးအား အလုပ်ပြန်ခန့်ပေးရန် ဆန္ဒပြ
1 / 3
Donate to DVB

မန္တလေးတိုင်း၊ ပြည်ကြီးတခွန်မြို့နယ် ၆၅ လမ်း၊ ကနောင်မင်းသားကြီးလမ်းက မီကိုကော်ဖီမစ်စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ်ပြန်ခန့်ပေးဖို့  စက်တင်ဘာ ၁၅ ရက်က စက်ရုံရှေ့မှာ အလုပ်သမား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“ကျမတို့ လေးယောက်ကို ၂၀၁၈ ခုနှစ် ၁၂ လပိုင်း ၅ ရက်က အလုပ်ထုတ်ခံခဲ့ရတာပါ။ နောက်ဖေးသွားတာကို အလုပ်သမားခေါင်းကို မပြောဘဲသွားလို့ဆိုပြီး အကြောင်းပြ အလုပ်ထုတ်ပစ်တာပါ။ ကျမတို့က အလုပ်သမား ၃၀ ကျော်နဲ့ အလုပ်သမားသမဂ္ဂဖွဲ့ စည်းဖို့ကြိုးစားနေတာပါ။ မဖွဲ့ရသေးပါဘူး။ ဒါကို မဖွဲ့စေချင်လို့ အကြောင်းရှာပြီး မတရားသဖြင့် အလုပ်ထုတ်ပစ်တာ ဖြစ်တယ်။ ဒီကြားထဲမှာ ညှိနှိုင်းလာမယ်ထင်လို့ စောင့်နေတာ၊ အခုတနှစ် ပြည့်တော့မယ်၊ ညှိနှိုင်းမှုက ခုချိန်ထိ မရှိသေးဘူးလေ၊ ဒီကိစ္စတွေကို သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနတွေက တနှစ်လောက်ကြာတဲ့အထိ အမြန်ဆုံး ဖြေရှင်းမပေးနိုင်ဘူး။ အဲဒါကြောင့် ကျမတို့က ဒီနေ့ အချက် ၆ ချက်ကိုတောင်းဆိုပြီး ဆန္ဒထုတ်ဖော်ရတာ” လို့ အလုပ်ထုတ်ခံရတဲ့ မဌေးဌေးမာက ပြောပါတယ်။

မီကိုကော်ဖီစက်ရုံက မတရားသဖြင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၄ ဦး အလုပ်ပြန်လည်ရရှိရေး၊ EC စာချုပ်၏ နောက်ဆက်တွဲ စည်းကမ်းချက်များတွင် မပါဝင်သော သန့်စင်ခန်းသွားခြင်းကို အကြောင်းပြပြီး အလုပ်မှမထုတ်ပယ်ရေး၊ အလုပ်သမားဥပဒေများကို ချိုးဖောက်ထားသော မီကိုကော်ဖီမစ် စက်ရုံထွက် စားသောက်ကုန်များအား မသုံးစွဲရေး၊ အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံမှုဆိုးရွားအောင် ပြုလုပ်နေတဲ့ ဒေါ်မြသီတာအောင်(ခ)ဒေါ်မော်အား အလုပ်က ထုတ်ပယ်ပေးရေး၊ အလုပ်သမားဥပဒေ ချိုးဖောက်သူများအား ထိရောက်စွာ အရေးယူပေးရေး၊ မီကိုကော်ဖီစက်ရုံ အလုပ်သမားအငြင်းပွားမှုကို အလုပ်သမားဝန်ကြီးဌာနမှ အမြန်ဆုံး ဖြေရှင်းပေးရေး စတဲ့ အချက် ၆ ချက်ကို တောင်းဆိုပြီး ကြွေးကျော်ခဲ့ကြပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄ ဦး ကို မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ဝန်ဆောင်မူ လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က လာရောက်ဝန်းရံခဲ့ပါတယ်။

မီကိုကော်ဖီမစ်စက်ရုံဘက်က တာဝန်ရှိသူကိုမေးမြန်းရာမှာ ဖြေကြားလိုခြင်း မရှိဘူးလို့ ပြောပါတယ်။

ခွင့်ရက်အလုပ်ပိတ်ရက်ရရှိရေး၊ အနည်းဆုံးအခကြေးငွေရရှိရေး၊ OT ကြေးရရှိရေး၊ ခေါင်ဆောင်းတွေ နှိပ်ခိုင်းတာတွေ ရပ်တန့်ရေး၊ ထိုင် ထ လုပ်ခိုင်းမှု ရရှိရေး၊ လိင်အကြမ်းဖက်မှု အရေးယူပေးရေး စတဲ့ အချက်ပေါင်း ၂၂ ချက်ကို မီကိုကော်ဖိမစ်စက်ရုံက အလုပ်သမားတွေဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်ကလည်း ဆန္ဒပြ တောင်းဆိုခဲ့ဖူးပါတယ်။

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မီကိုေကာ္ဖီမစ္စက္႐ုံ အလုပ္သမားေခါင္းေဆာင္ ၄ ဦးအား အလုပ္ျပန္ခန႔္ေပးရန္ ဆႏၵျပ

မႏၲေလးတိုင္း၊ ျပည္ႀကီးတခြန္ၿမိဳ႕နယ္ ၆၅ လမ္း၊ ကေနာင္မင္းသားႀကီးလမ္းက မီကိုေကာ္ဖီမစ္စက္႐ုံက အလုပ္ထုတ္ခံခဲ့ရတဲ့ အလုပ္သမားေခါင္းေဆာင္ ၄ ဦးကို အလုပ္ျပန္ခန႔္ေပးဖို႔  စက္တင္ဘာ ၁၅ ရက္က စက္႐ုံေရွ႕မွာ အလုပ္သမား ၁၀၀ ေက်ာ္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

“က်မတို႔ ေလးေယာက္ကို ၂၀၁၈ ခုႏွစ္ ၁၂ လပိုင္း ၅ ရက္က အလုပ္ထုတ္ခံခဲ့ရတာပါ။ ေနာက္ေဖးသြားတာကို အလုပ္သမားေခါင္းကို မေျပာဘဲသြားလို႔ဆိုၿပီး အေၾကာင္းျပ အလုပ္ထုတ္ပစ္တာပါ။ က်မတို႔က အလုပ္သမား ၃၀ ေက်ာ္နဲ႔ အလုပ္သမားသမဂၢဖြဲ႕ စည္းဖို႔ႀကိဳးစားေနတာပါ။ မဖြဲ႕ရေသးပါဘူး။ ဒါကို မဖြဲ႕ေစခ်င္လို႔ အေၾကာင္းရွာၿပီး မတရားသျဖင့္ အလုပ္ထုတ္ပစ္တာ ျဖစ္တယ္။ ဒီၾကားထဲမွာ ညႇိႏႈိင္းလာမယ္ထင္လို႔ ေစာင့္ေနတာ၊ အခုတႏွစ္ ျပည့္ေတာ့မယ္၊ ညႇိႏႈိင္းမႈက ခုခ်ိန္ထိ မရွိေသးဘူးေလ၊ ဒီကိစၥေတြကို သက္ဆိုင္ရာ အလုပ္သမားဦးစီးဌာနေတြက တႏွစ္ေလာက္ၾကာတဲ့အထိ အျမန္ဆုံး ေျဖရွင္းမေပးႏိုင္ဘူး။ အဲဒါေၾကာင့္ က်မတို႔က ဒီေန႔ အခ်က္ ၆ ခ်က္ကိုေတာင္းဆိုၿပီး ဆႏၵထုတ္ေဖာ္ရတာ” လို႔ အလုပ္ထုတ္ခံရတဲ့ မေဌးေဌးမာက ေျပာပါတယ္။

မီကိုေကာ္ဖီစက္႐ုံက မတရားသျဖင့္ အလုပ္ထုတ္ခံရတဲ့ အလုပ္သမားေခါင္းေဆာင္ ၄ ဦး အလုပ္ျပန္လည္ရရွိေရး၊ EC စာခ်ဳပ္၏ ေနာက္ဆက္တြဲ စည္းကမ္းခ်က္မ်ားတြင္ မပါဝင္ေသာ သန႔္စင္ခန္းသြားျခင္းကို အေၾကာင္းျပၿပီး အလုပ္မွမထုတ္ပယ္ေရး၊ အလုပ္သမားဥပေဒမ်ားကို ခ်ိဳးေဖာက္ထားေသာ မီကိုေကာ္ဖီမစ္ စက္႐ုံထြက္ စားေသာက္ကုန္မ်ားအား မသုံးစြဲေရး၊ အလုပ္ရွင္ႏွင့္ အလုပ္သမားၾကား ဆက္ဆံမႈဆိုး႐ြားေအာင္ ျပဳလုပ္ေနတဲ့ ေဒၚျမသီတာေအာင္(ခ)ေဒၚေမာ္အား အလုပ္က ထုတ္ပယ္ေပးေရး၊ အလုပ္သမားဥပေဒ ခ်ိဳးေဖာက္သူမ်ားအား ထိေရာက္စြာ အေရးယူေပးေရး၊ မီကိုေကာ္ဖီစက္႐ုံ အလုပ္သမားအျငင္းပြားမႈကို အလုပ္သမားဝန္ႀကီးဌာနမွ အျမန္ဆုံး ေျဖရွင္းေပးေရး စတဲ့ အခ်က္ ၆ ခ်က္ကို ေတာင္းဆိုၿပီး ေႂကြးေက်ာ္ခဲ့ၾကပါတယ္။

အလုပ္ထုတ္ခံရတဲ့ အလုပ္သမား ၄ ဦး ကို ျမန္မာႏိုင္ငံ စက္မႈလက္မႈနဲ႔ဝန္ေဆာင္မူ လုပ္ငန္းေပါင္းစုံ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္က လာေရာက္ဝန္းရံခဲ့ပါတယ္။

မီကိုေကာ္ဖီမစ္စက္႐ုံဘက္က တာဝန္ရွိသူကိုေမးျမန္းရာမွာ ေျဖၾကားလိုျခင္း မရွိဘူးလို႔ ေျပာပါတယ္။

ခြင့္ရက္အလုပ္ပိတ္ရက္ရရွိေရး၊ အနည္းဆုံးအခေၾကးေငြရရွိေရး၊ OT ေၾကးရရွိေရး၊ ေခါင္ေဆာင္းေတြ ႏွိပ္ခိုင္းတာေတြ ရပ္တန႔္ေရး၊ ထိုင္ ထ လုပ္ခိုင္းမႈ ရရွိေရး၊ လိင္အၾကမ္းဖက္မႈ အေရးယူေပးေရး စတဲ့ အခ်က္ေပါင္း ၂၂ ခ်က္ကို မီကိုေကာ္ဖိမစ္စက္႐ုံက အလုပ္သမားေတြဟာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၁၈ ရက္ကလည္း ဆႏၵျပ ေတာင္းဆိုခဲ့ဖူးပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013